Monday, May 20, 2019

တရားမဝင် ဝင်ရောက်လာသော ချင်းအမျိုးသား/သမီး များ အပြင်အထန်ထိခိုက်ခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ သို့ တရားမဝင် ဝင်ရောက်လာသော ချင်းအမျိုးသား/သမီး များသည် ၁၉.၅.၂၀၁၉-ရက်နေ့ တွင် ဘာတာဝပ်မြို့  နှင့် အီပို့ မြို့ အကြား မိုင်တိုင်၁၉၀/၅အကြား ဟိုက်ဝေးလမ်းမ ဘေးတွင် ကာရံထားသော စတီးပရိတ်ပြားများကို တိုက်မိပြီး တံတားပေါ်မှ အောက်ဖက် လမ်းပေါ်သို့  (၄)ယောက်လွင့်စင်ပြုတ်ကျကာ နေရာတွင် သုံးဦးသေဆုံးကာ ကျန်တစ်ဦးမှာ တိုက်ပင်းဆေးရုံးတွင် အတွင်လူနာအဖြစ် ဆေးကုသမူခံလျက်ရှိနေပါသည်။


စုစုပေါင်းအတွင်းလူနာအဖြစ် ဆေးကုသနေသူများမှာ (၇)ယောက်ရှိပြီး အသက်(၂၂)-နှစ်အရွယ် အမျိုးသမီးတစ်ဦးပါဝင်နေပါသည်။ လူနာများမှာခြေ လက် နံရိုး များကျိုးပြီး ဝမ်းပိုက်အတွင်း အပြင်အထန်ထိခိုက်ခံရသဖြင့် သတိမေ့ အသက်ရှူမမှန်ဒဏ်ရာများ အပြင်းအထန်ဖြစ်ပွားကာ အတွင်းလူနာအဖြစ်ဆေးကုသခံယူလျက်ရှိကာ စိုးရိမ်နေရသောအခြေအနေရှိနေပါသည်။လူနာနာမည်များ မေးမရခဲ့ပါ။ အခင်းဖြစ်သည့်နေရာသို့  မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး ဦးစိန်ဦး နှင့် သံရုံးအဖွဲ့ဝင်များ လူမူကူညီရေးအသင်းများမှကူညီဆောင်ရွက်ပေးခဲ့ပါသည်။ဖေါ်ပြပါသူများကိုသိရှိပါက အောက်ဖေါ်ပြပါလိပ်စာအတိုင်း ဆက်သွယ် အကူညီတောင်းခံနိုင်ပါသည်။
ဆက်သွယ်ရန်-
ကပုန်း(၇)-ရက်သားသမီးနာရေးကူညီမှူအသင်း(မလေးရှား)
016-6577903
ကပုန်း(၇)-ရက်သားသမီးနာရေးကူညီမူအသင်း(မလေးရှား)

No comments:

Post a Comment