Monday, May 20, 2019

ငြိမ်းချမ်းရေးကိစ္စ အစိုးရနှင့်ညှိနှိုင်းရန် အပစ်ရပ် ၁၀ ဖွဲ့ အလုပ်အဖွဲ့ ဖွဲ့

 ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ရပ်တန့်နေမှုနှင့်ပတ်သက်ပြီး  အစိုးရနှင့် ဆွေးနွေးညှိနှိုင်းအဖြေ ရှာရန် အပစ်ရပ် ၁၀ ဖွဲ့မှ ကိုယ် စားလှယ်တစ်ဦးစီ ပါဝင်သော အလုပ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။ အဆိုပါလုပ်ငန်းအဖွဲ့ အပါအ၀င် အလုပ်အဖွဲ့သုံးဖွဲ့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ထိပ်သီးခေါင်းဆောင်များညီလာခံက ဖွဲ့စည်းတာဝန်ပေးအပ် ခြင်းဖြစ်သည်။ NCA လက်မှတ်ထိုးတိုင်းရင်း သားအဖွဲ့ ၁၀ ဖွဲ့ ထိပ်သီးခေါင်း ဆောင်များညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေလ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။



‘‘အစိုးရနဲ့ ဆွေးနွေးဆက်ဆံ နေတဲ့နေရာမှာ အစိုးရရဲ့ ယန္တရား တွေနဲ့ ချိတ်ဆက်လုပ်ဖို့ အလုပ် အဖွဲ့တွေ ဖွဲ့ထားတယ်။ ပိတ်ဆို့ နေတဲ့ကိစ္စတွေကို ဘယ်လိုဖြေ ရှင်းမလဲဆိုတဲ့ အလုပ်အဖွဲ့က တစ်ဖွဲ့၊ နောက်ပြီးတော့ PPST ကိုပဲ ပြုပြင်မွမ်းမံဖို့လိုတဲ့အပိုင်း တွေကိုလုပ်ဖို့ အလုပ်အဖွဲ့ကတစ် ဖွဲ့၊ နောက်တစ်ခါ KNU ကနေ ဦးစားပေးအဆိုပြုလာတဲ့ PPCM ဆိုတဲ့ဟာကြီးကလည်း အဲဒါကို လေ့လာသုံးသပ်ဖို့ပေါ့။ အဲဒါ အ ကျိုး ရှိ၊ မရှိ အဲဒါလုပ်ဖို့ အလုပ်အ ဖွဲ့က တစ်ဖွဲ့ပေါ့’’ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ် မှူးကြီးခွန်ဥက္ကာကပြောသည်။

ချင်းမိုင် ထိပ်သီးညီလာခံ တွင် NCA လက်မှတ်ထိုးအဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့(PPST) စုဖွဲ့မှု ကို ပြန်လည်သုံးသပ်ဆွေးနွေးရာ  ကရင်အမျိုးသား အစည်းအရုံး (KNU)က PPST အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုကြောင်း သဘော ထားတင်ပြခဲ့သည်။ ထို့အပြင် NCA လက်မှတ်ထိုးထားပြီးသော အဖွဲ့များနှင့် လက်မှတ်မထိုးထား သေးသည့်အဖွဲ့များ အားလုံးပါ ၀င်နိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM)ကို ဖွဲ့စည်းရန် KNU က အဆိုပြုခဲ့သည်။

ရရှိထားသော သတင်းများ အရ KNU က ထိုသို့အဆိုပြုသော်လည်း ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) အပါအ၀င် ကျန်သည့် တိုင်းရင်း သားအဖွဲ့ခုနစ်ဖွဲ့က PPST စုဖွဲ့ မှုကို ဆက်လက်ထားရှိရန်နှင့် ပါ ၀င်မည်ဟု သဘောထားပေးခဲ့ ကြောင်းဆိုသည်။

လက်ရှိတွင် PPST မှ  KNU နုတ်ထွက်မည့်ကိစ္စကို ဆိုင်းငံ့ထားပြီး တစ်လခန့်အကြာ၌ ဆက် လက်ကျင်းပမည့် ချင်းမိုင်ညီလာခံဒုတိယပိုင်းတွင်  အဆုံးအဖြတ်ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက PPST စုဖွဲ့မှုကို ဆက်လက်ထားရှိပြီး ယင်းစုဖွဲ့မှုတွင် အဖွဲ့ဝင်မဟုတ်သေးသည့် NMSP နှင့် လားဟူအဖွဲ့(LDU)တို့ပါ ထပ်မံပါဝင်လာရေး လိုလားကြောင်းပြောသည်။ ယခု ချင်းမိုင်ထိပ်သီးညီလာ ခံက ဖွဲ့စည်းသည့် အလုပ်အဖွဲ့ များအနေဖြင့် အစိုးရနှင့် ညှိနှိုင်း ခြင်း၊ PPST စုဖွဲ့မှုဆိုင်ရာနှင့် ပတ်သက်ပြီး သုံးသပ်ခြင်း၊ KNU က အဆိုပြုသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး(PPCM) စုဖွဲ့မှုအသစ် ထပ်မံလုပ်ဆောင် သင့်၊ မသင့် လေ့လာ ကာ ထိပ်သီးခေါင်းဆောင်များထံ ပြန်လည်တင်ပြမည်ဖြစ်သည်။

No comments:

Post a Comment