Monday, May 20, 2019

“၁၀၀ ရာခိုင်နှုန်း safety က ဘယ်လေကြောင်းလိုင်းမှာမှ မရှိဘူး” လေယာဉ်မှူးကြီး မြတ်မိုးအောင် ပြော

မည်သည့်လေကြောင်းတွင်မဆို ၁၀၀ ရာခိုင်နှုန်း အာမခံနိုင်မှုမရှိကြောင်း MNA လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောသည်။ ယနေ့( မေလ ၁၉ ရက်)က Novotel ဟိုတယ်တွင်ကျင်းပသော “ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြုပွဲအခမ်းအနား” တွင် ယခုကဲ့သို့ ဖြေကြားပေးခြင်းဖြစ်သည်။



“ ကျွန်တော်တို့လေကြောင်းလိုင်းက နိုင်ငံတကာကိုလည်း ပျံသန်းပါတယ်။ ပြည်တွင်းမှာလည်း ကျွန်တော်တို့ လေကြောင်းလိုင်းက မချမ်းသာပါဘူး။ လေကြောင်းလိုင်းတွေက အပြိုင်အဆိုင်ဖြစ်နေတယ်။ Safety ပိုင်းနဲ့ Quality ပိုင်းပိုပြီးပြိုင်ကြတယ်။ ၁၀၀ ရာခိုင်နှုန်း Safety က ဘယ်လေကြောင်းလိုင်းမှာမှမရှိဘူး။ နိုင်ငံတကာမှာလည်း မရှိပါဘူး။

ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းဖြစ်အောင်တော့လုပ်ရတယ်။ လူ့အသက်လောက် ဘယ်အရာမှအရေးကြီးတာမရှိဘူး” ဟုလေယာဉ်မှူးကြီး ဦးမြတ်မိုးနိုင်က ပြောသည်။ ပြီးခဲ့သည့် ၁၄ ရက်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖြစ်ပွားခဲ့သော လေယာဉ်ရှေ့ဘီးမကျသည့် ဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။ MNA လေကြာင်းလိုင်းတွင် လေယာဉ်အစင်းရေ ၁၇ စင်းဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်ကို နေ့စဉ်ပုံမှန် ပျံသန်းနေပြီး ၄င်းလေကြောင်းလိုင်းတွင်ရှိသည့် လေယာဉ်သက်တမ်းများမှာ ၁၀ နှစ်၊ ၂ နှစ်၊ ၃ နှစ်ရှိကြောင်း သိရသည်။ မန္တလေးတွင် ဖြစ်ပွားခဲ့သည့်လေယာဉ်မှာလည်း ၁၀ နှစ်သက်တမ်းရှိပြီး လေယာဉ်တစ်စင်းလျှင် ၂၀ နှစ် အသုံးပြုခွင့်ရှိကြောင်း သိရသည်။

No comments:

Post a Comment