Monday, May 20, 2019

သွေးတိုးအပါအဝင် မကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရန် ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးပြောကြား

ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံကြီးများတွင် သွေးတိုးအပါ အဝင် မကူးစက်တတ်သောရော ဂါများ ကုသပေးရမှု နေ့စဉ်များ ပြားလာပြီး ယင်းရောဂါကို ကြို တင်ကာကွယ်ရေး အားလုံးပူး ပေါင်းဆောင်ရွက်ရန် ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။ေ မလ ၁၇ ရက်က ဗဟန်းမြို့နယ် အမှတ် (၈)ဘောလုံးကွင်းတွင် ကျင်းပသော ကမ္ဘာ့သွေးတိုးရောဂါနေ့ အခမ်းအနား၌ ၎င်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

‘‘အဲဒီလိုဖြစ်ပွားမှု များပြား တဲ့အကြောင်းရင်းတွေက ရန်ကုန် တိုင်းအနေနဲ့ ရောဂါရှာဖွေစမ်း သပ်မှုစက်ကိရိယာတွေ ခေတ်မီ လာခြင်းနဲ့ နီးစပ်ရာတိုင်းဒေသ ကြီးများမှ လာရောက်ကုသမှု တွေ များပြားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နောက်ဆက်တွဲအ နေနဲ့ ဆေးရုံများမှာ မမျှတတဲ့ဝန် ထမ်းများနဲ့ မမျှတတဲ့အလုပ်တာ ဝန် များပြားလာတဲ့အကျိုးဆက် တွေပဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ အပြင် ဆေးရုံကို ရောက်ရှိလာ တဲ့ လူနာတွေဟာ ရောဂါအဆင့် နောက်ကျမှ သိရှိရတဲ့အတွက် နောက်ဆက်တွဲပြဿနာတွေများ ပြားတယ်။ အသက်အရွယ်ငယ် ငယ်နဲ့ သေဆုံးမှုတွေဖြစ်တယ်။ ဒီလိုမဖြစ်အောင် ပဏာမအဆင့် ဖြစ်တဲ့ ကြိုတင်ကာကွယ်ကုသ ပေးခြင်းဟာ လွန်စွာမှ အကျိုးရှိပါ တယ်’’ဟု ဦးနိုင်ငံလင်းက ပြော ကြားသည်။

ထို့ကြောင့် သွေးတိုးရောဂါ ကို ကြိုတင်ကာကွယ်ရန် ကျန်း မာရေးနှင့်ညီညွတ်သော အစား အသောက်၊ နေထိုင်မှုပုံစံဖြင့် ပြုမူနေထိုင်ခြင်း၊ ကျန်းမာရေးအ သိပညာများကို မိမိတို့ပတ်ဝန်း ကျင်တွင် ဖြန့်ဝေခြင်းတို့ ပြုလုပ် ရန်လိုအပ်ကြောင်း ၎င်းကတိုက် တွန်းပြောကြားသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် ကျေးလက် ကျန်းမာရေးဌာန ၁,၈၀၀ ၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင် ပါဝင် သော သကြားဓာတ်စစ်ဆေးပေး ခြင်း၊ လိုအပ်ပါက ဆေးပေးခြင်း တို့ကို ဆောင်ရွက်နေသည်။

 ‘‘ရန်ကုန်တိုင်းမှာလည်း သွေးတိုးရောဂါအတွက် ငယ်စဉ် ဘဝကတည်းက စပြီးကျောင်း တွေမှာ ကျောင်းကျန်းမာရေးက စပြီးဆောင်ရွက်နေပါပြီ။ ကိုယ် လက်လှုပ်ရှားဆေးတစ်ပါးဆိုတဲ့ အတိုင်း သွေးတိုးရှိတဲ့သူရော၊ မရှိ တဲ့သူရော တစ်နေ့ကို နာရီဝက် လောက် လမ်းလျှောက်ပေးကြဖို့၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အ ရက်၊ ဆေးလိပ်၊ ကွမ်းစားတာ ရှောင်ကြဉ်ဖို့၊ ကျန်းမာရေးနဲ့ညီ ညွတ်တဲ့ အစားအသောက်တွေ စားဖို့ လိုအပ်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထွန်းမြင့်က ပြော သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ က ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်း မာရေးဝန်ကြီးဌာနတို့က ကောက် ယူထားသော စစ်တမ်းအရ လူ လေးဦးလျှင် တစ်ဦးနှုန်း သွေးတိုး ရောဂါဖြစ်ပွားနေသည်။ ထို့အပြင် မကူးစက်တတ် သော ရောဂါများကြောင့် ဆေးရုံ တက်ရောက် ကုသမှုများသည် ၂၀၁၄ က ၄၁ ရာခိုင်နှုန်းမှ ၂၀၁၇ တွင် ၃၈ ရာခိုင်နှုန်းသို့ကျဆင်းလာ သော်လည်း ယင်းကြောင့် သေ ဆုံးမှုသည် ၂၀၁၄ က ၄၈ ရာခိုင် နှုန်းမှ ၂၀၁၇ တွင် ၅၂ ရာခိုင်နှုန်း သို့ မြင့်တက်လာသည်။

No comments:

Post a Comment