Monday, May 20, 2019

ခွေးရူးရောဂါ၊ ခွေးလေခွေးလွင့် ပြဿနာနှင့် အကြံပြုချက်

(၁)ေ ခွးရူးရောဂါ ထိန်းချုပ်ရေး၊ ခွေးလေခွေးလွင့် လျှော့ချရေးစတဲ့ ကိစ္စရပ်တွေကို ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ပါဘူး။ အကြောင်းက တော့ အဲဒီကိစ္စတွေနဲ့ပတ်သက် ပြီး စာရေးသူက ကျွမ်းကျင်ပိုင်နိုင် ခြင်း မရှိလို့ပါပဲ။ တက္ကသိုလ် ကျောင်းသားဘ၀က အိမ်မွေးအ ချစ်တော် ခွေး၊ ကြောင်လေးတွေ ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သင်ယူခဲ့ရပေမယ့် ကျောင်းဆင်း ပြီးပြီးချင်း ကာကွယ်ဆေးထုတ် လုပ်ရေး ဓာတ်ခွဲခန်းမှာ အမှုထမ်း ဖြစ်တာရယ်၊ တာဝန်ချိန်ပြင်ပမှာ ဆေးကုပြီး ၀မ်းကျောင်းတဲ့အခါ မှာလည်း ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ၀က်၊ ကြက်ဆိုတဲ့ မွေးမြူရေးတိ ရစ္ဆာန်တွေကိုပဲ ကုသပေးဖြစ်ခဲ့ တာက များပါတယ်။ ဒါကြောင့် ခွေးရူးရောဂါထိန်းချုပ်ရေးနဲ့ ပတ် သက်ရင် အထူးသဖြင့် ခွေးလေ ခွေးလွင့် ထိန်းချုပ်ရေးနဲ့ပတ်သက် ရင် သိပ်ပြီး မပြောဖြစ်ပါဘူး။


သို့သော်လည်း ယနေ့မီဒီ ယာများပေါ်မှာ အဲဒီကိစ္စတွေက ကျယ်ကျယ်လောင်လောင် ဖြစ် လာသလို ရန်ကုန်နဲ့ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီတွေကလည်း အဲဒီကိစ္စတွေကို အာရုံစိုက်လာနေတာကို အထူး သတိထားမိပါတယ်။ သတင်းစာ ပေါ်မှာ အဲဒီသတင်းတွေ မကြာ ခဏတွေ့ရသလို ဆောင်းပါးတွေ လည်း ဖတ်လာရပါတယ်။ ရုပ် မြင်သံကြားတွေမှာလည်း ဆွေး နွေးခန်းတွေ၊ ဒီဘိတ်တွေ အများ အပြား တွေ့လာနေရပါတယ်။ အဲဒီပြောဆို ဆွေးနွေးမှုတွေမှာ လစ်ဟာချက်လေးတွေ ရှိနေ တယ်လို့ ယူဆမိတဲ့အတွက် ဒီ ဆောင်းပါးကို ရေးဖြစ်ပါတယ်။ စာရေးသူရဲ့အမြင်အတိုင်းလုပ်ရ မယ်လို့ ဆိုလိုတာမဟုတ်ဘဲ ထည့် သွင်းစဉ်းစားစရာ အကြံပြုချက် များသာ ဖြစ်တယ်ဆိုတာကိုတော့ တင်ကူးအစီရင်ခံပါရစေ။

(၂)

ပထမဆုံးအချက်ကတော့ ခွေးရူးရောဂါထိန်းချုပ်ရေး လုပ် မှာလား၊ ခွေးလေခွေးလွင့် ထိန်း ချုပ်ရေး လုပ်မှာလားဆိုတဲ့ ရည် မှန်းချက်ကို သဲသဲကွဲကွဲ ချမှတ်ဖို့ လိုပါတယ်။ လက်ရှိပြောဆို ဆွေး နွေးမှုတွေမှာ အဲဒီလို သဲသဲကွဲကွဲ မရှိဘဲ ရည်မှန်းချက်နှစ်ခုက ရော ထွေးနေပါတယ်။ ခွေးရူးရောဂါ ထိန်းချုပ်လိုရင်ပဲ ဖြစ်ဖြစ်၊ ခွေး လေခွေးလွင့် လျှော့ချရင်ပဲဖြစ်ဖြစ် သေချာတာကတော့ လက်ရှိ တရားလွန်ပွားများနေတဲ့ ခွေးလေ ခွေးလွင့်တွေကို နည်းလမ်းတစ်ခု ခုရှာပြီး လျှော့ချရှင်းလင်းရမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ နည်းလမ်းကတော့ ကွာခြားပါ တယ်။ ခွေးရူးရောဂါဖြစ်တာ၊ မဖြစ်တာ အပထား၊ ခွေးလေခွေး လွင့်တွေ လျော့သွားရင်ပြီးရောဆို တဲ့ အခြေအနေမျိုးမှာ လုပ်ဆောင် ရမယ့် နည်းလမ်းနဲ့ ခွေးရူးရောဂါ ကို ထိန်းချုပ်မယ် (သို့မဟုတ်) အ မြစ်ပြတ်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်အတွက် ခွေးလေ ခွေးလွင့်ကို ရှင်းလင်းတဲ့ နည်း လမ်းဟာ သေချာပေါက်ကွာခြား မှု ရှိပါတယ်။ ဒါကြောင့် ဘာလုပ် ကြမှာလဲ သေသေချာချာ ရည်မှန်း ချက် ချမှတ်ဖို့ လိုပါတယ်။

ခွေးရူးရောဂါထိန်းချုပ်ရေး ကို ရှေ့တန်းတင်မှာလား၊ ခွေး လေခွေးလွင့် ထိန်းချုပ်ရေးကို ရှေ့တန်းတင်မှာလားဆိုတဲ့ ရည်မှန်းချက်ကို သဲကွဲသွားပြီဆိုရင် ဒုတိ ယအဆင့်အနေနဲ့ ရွေးချယ်ထား တဲ့ ရည်မှန်းချက်အတွက် စီမံချက် ချမှတ်ဖို့ လိုအပ်ပါတယ်။ အဲဒီစီ မံချက်ကို ရန်ကုန်၊ မန္တလေးမြို့ တော်စည်ပင်သာယာရေးက်ာမ တီတွေက ရေးဆွဲလို့မရပါဘူး။ တိရစ္ဆာန်ချစ်သူများဆိုတဲ့ အဖွဲ့ တွေ၊ Animal Shelter ဖွင့်ထား ပြီး အတွေ့အကြုံရင့်ကျက်လှပါ တယ်ဆိုတဲ့ သူတွေရေးဆွဲရမှာ လည်း မဟုတ်ပါဘူး။ စာရေးသူ တို့လို သာမန်တိရစ္ဆာန်ဆေးကု ဆရာဝန်တွေရေးလို့လည်း မရပါ ဘူး။ ရေးဆွဲရင်လည်း စီမံချက်အ လွဲကြီးပဲ ပေါ်ပေါက်လာပါလိမ့် မယ်။

  အကြောင်းကတော့ သူတို့ ဟာ ရောဂါထိန်းချုပ်ရေး၊ တိရစ္ဆာန်တွေရဲ့ အမူအကျင့်၊ ဂေဟဗေဒ စနစ်၊ လူမှုရေးသိပ္ပံ၊ စာရင်းအင်း ပညာ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ လူ ထုပညာပေးစည်းရုံးမှု စသည်ဖြင့် မြားမြောင်လှတဲ့ ပညာရပ်တွေ အားလုံးကို တတ်ကျွမ်းကြသူတွေ မဟုတ်လို့ပါပဲ။ ခွေးရူးရာဂါ ထိန်း ချုပ်ရေး၊ ခွေးလေခွေးလွင့် ထိန်း ချုပ်ရေး နှစ်ခုစလုံးမှာ အဲဒီလိုမြားမြောင်လှတဲ့ ပညာရပ်တွေကို အသုံးချဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ ဥပမာလေးတစ်ခု တင်ပြ ပါရစေ။ အခုဆွေးနွေးပြောဆိုကြ  ရာမှာ ခွေးတွေကို ကာကွယ်ဆေး ထိုးနှံဖို့၊ အဆိပ်ချပြီး ရှင်းလင်းဖို့၊ သားဆက်ခြားဖို့ စသည်ဖြင့် လုပ် ဆောင်မယ့် လုပ်ငန်းအတော်များ များ ပြောနေပေမယ့် ဂေဟစနစ် အကြောင်းကို ထည့်ပြောသံ သိပ် မကြားရပါဘူး။ ခွေးလေခွေးလွင့် တွေကို သုတ်သင်ရှင်းလင်းလိုသူ တွေဘက်က ပြောဆိုဆွေးနွေးကြ ရာမှာ ခွေးလေခွေးလွင့်တွေကို အဆိပ်ချရှင်းလင်းဖို့သာ ပြောပါ တယ်။ ခွေးလေ ခွေးလွင့်တွေ ပေါက်ပွားဖို့ အရင်းအမြစ်နေရာ တစ်ခုဖြစ်တဲ့ ဈေးတွေရဲ့သန့်ရှင်း ရေးအကြောင်းကို မပြောကြပါ ဘူး။ အညှီရှိရာ ယင်ကောင်လာ သလို ခွေးအတွက် အစာရှိတဲ့နေ ရာကို တစ်နည်းမဟုတ် တစ်နည်း နဲ့ ခွေးတွေ ရောက်လာဦးမှာပါ။ ဒါကိုထည့်သွင်းတွက်ချက်သံ မကြားရပါဘူး။ ဒီလိုပါပဲ။ ခွေး တွေကို သုတ်သင်ရှင်းလင်းတာ လက်မခံဘဲ ပဋိသန္ဓေတားဆေး ထိုးတာ၊ သားကြောဖြတ်တာ၊ ကာကွယ်ဆေးထိုးတာတွေ လုပ် ပြီး ထိန်းချုပ်မယ်ဆိုသူတွေက လည်း ကိန်းဂဏန်း အချက်အ လက်မပါဘဲ ပြောဆိုကြတာ များပါတယ်။

  ရန်ကုန်မှာ၊ မန္တလေးမှာ၊ တစ်နိုင်ငံလုံးမှာ ခွေးလေခွေးလွင့် ဘယ်လောက်ရှိသလဲ၊ ခွေးရူးရောဂါ ထိန်းချုပ်ဖို့အတွက် တစ်နှစ်ကို ကာကွယ်ဆေး ဘယ် လောက်လိုမလဲ၊ ဘယ်နှနှစ် ထိုး နှံမှာလဲ၊ သားကြောဖြတ်တာ၊ သင်းကွပ်တာ၊ ပဋိသန္ဓေတား ဆေးထိုး တာတွေကို အကောင်ရေ ဘယ် လောက်များများ လုပ်မှာလဲ၊ ဘယ်နှနှစ် ဆက်တိုက်လုပ်ရင် ထိန်း ချုပ်နိုင်မှာလဲ၊ တစ်သက်လုံး လုပ် သွားမှာလား၊ အဲဒီအတွက် ကုန် ကျစရိတ်တွေက ဘယ်လောက်ရှိ မလဲ စသဖြင့် တွက်ချက်မှုတွေ မပါဘဲ မိမိတို့ ဆန္ဒရှိတာကို ပြော ဆိုနေတာက အများစုဖြစ်ပါတယ်။

ဒါကြောင့် ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ အကူအညီကိုရ ယူပြီး စီမံချက်ကိုရေးဆွဲဖို့ လိုအပ် ပါတယ်။ စာရေးသူ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၀န်ထမ်းဘ၀ က ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအ ဖွဲ့(OIE) မှာတွဲဖက်ပြီး ခေတ္တတာ ၀န်ထမ်းဆောင်ဖူးပါတယ်။ အဲဒီ အချိန်က ဖိလစ်ပိုင်နိုင်ငံရဲ့ ခွာနာ လျှာနာရောဂါ ကင်းစင်ရေး ဆောင်ရွက်ပုံကို လေ့လာခွင့်ရရှိ ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ သူတို့နိုင်ငံမှာ အဲဒီရောဂါကို လုံးဝပပျောက်သွားဖို့အတွက် နည်း လမ်းပေါင်းစုံနဲ့ ကြိုးစားကြပါ တယ်။ ရှေ့ပိုင်းမှာ ဘယ်လိုကြိုး စားကြိုးစား မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်မှုတွေ များလာတော့ ဒီအတိုင်း ဆက်သွားလို့ မရဘူး။ ကောင်းမွန်မှန်ကန်တဲ့ စီမံချက် တစ်ရပ် လိုအပ်တယ်ဆိုတာကို သိလာပါတယ်။ အဲဒီနောက်မှာ သူတို့နိုင်ငံအတွက် ခွာနာလျှာနာ ရောဂါထိန်းချုပ်ရေး စီမံချက်ရေး ဆွဲပေးဖို့ နိုင်ငံတကာအဖွဲ့အစည်း တွေကို အကူအညီတောင်းခံခဲ့ ပါတယ်။ အဲဒီလို တောင်းခံတာ ကြောင့် OIE အဖွဲ့က ပါမောက္ခ Dr Raymond Webb ကို စေ လွှတ်ပြီး ဖိလစ်ပိုင်နိုင်ငံ အမျိုး သားခွာနာလျှာနာရောဂါ ထိန်းချုပ်ရေးစီမံချက်ကို ရေးဆွဲစေခဲ့ပါတယ်။ အဲဒီလို ရေးဆွဲရာမှာ ဖိလစ်ပိုင်နိုင်ငံထဲက ခွာနာလျှာနာ ရောဂါနဲ့ ဆက်စပ်ပတ်သက်သူ တွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေး တာ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပပြီး တခြားပညာရှင်တွေနဲ့ တိုင်ပင်နှီးနှောတာတွေ အချိန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ နောက် ဆုံးမှာ စီမံချက်ထွက်ရှိလာပြီး အဲဒီ စီမံချက်အတိုင်း လုပ်ဆောင် ခဲ့တာမို့ အချိန်တိုအတွင်း ဖိလစ် ပိုင်နိုင်ငံဟာ ခွာနာလျှာနာရောဂါ ကင်းစင်ကြောင်း ကြေညာနိုင်ခဲ့ ပါတယ်။ စီမံချက်ထဲမှာ ဘဏ္ဍာ ငွေ ဘယ်လောက်လိုအပ်ပြီး ဘယ်လိုနည်းလမ်းနဲ့ ရှာဖွေမယ် ဆိုတာကအစ အသေးစိတ်ရေးဆွဲ ထားတာ ဖြစ်ပါတယ်။ ဒါကကျွမ်း ကျင်တဲ့ပညာရှင်တွေရဲ့ အကူအ ညီနဲ့ မှန်ကန်ကောင်းမွန်တဲ့ စီမံ ချက်တစ်ရပ်ရှိဖို့ လိုတယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးတင်ပြ လိုရင်းပါ။

 တတိယအချက်ကတော့ ရေးဆွဲထားတဲ့ စီမံချက်ကို လက် တွေ့ ထိထိရောက်ရောက် အ ကောင်အထည်ဖော်ဖို့ ဖြစ်ပါ တယ်။ ဒီနေရာမှာ ဒီမိုကရေစီဆို တဲ့ စကားလုံးကို ဖောဖောသီသီ မသုံးမိဖို့ လိုအပ်ပါတယ်။ အများ ဆန္ဒနဲ့အညီ ဖြစ်ဖို့လိုတယ်။  ပြည် သူ့ဆန္ဒကိုလေးစားရမယ်ဆိုတာ မှန်ပေမယ့် နည်းပညာပိုင်းအခက် အခဲတချို့ကို ပြင်ဆင်ရာမှာ အ များဆန္ဒနဲ့ မကိုက်ညီတာလေး တွေလည်း ပါနိုင်ပါတယ်။ ကျွမ်း ကျင်ပညာရှင်များက ရေးဆွဲတဲ့ စီမံချက်မှာ အဲဒီအချက်တွေကို လည်း ထည့်သွင်းစဉ်းစားရေးဆွဲ ထားသည့်တိုင် ပြည်သူလူထုအား လုံး ၁၀၀ ရာခိုင်နှုန်းက လက်ခံ တဲ့ အခြေအနေတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါကြောင့် စီမံ ချက်ထွက်ပေါ်လာပြီးပြီဆိုရင် စီမံ ချက်အတိုင်း ရဲရဲတင်းတင်း တိတိ ကျကျ လိုက်နာဆောင်ရွက်ရပါ လိမ့်မယ်။ ဒါမှသာ ရည်မှန်းချက် ဟာ အောင်မြင်နိုင်ပါလိမ့်မယ်။ အထက်မှာ တင်ပြခဲ့တဲ့ ပါမောက္ခ Dr Raymond Webb ဟာ မြန်မာ နိုင်ငံကိုလည်း လာရောက်ပြီး ခွာ နာလျှာနာရောဂါ ထိန်းချုပ်ရေး အမျိုးသားစီမံချက် မူကြမ်းကို ရေးဆွဲပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစီမံချက်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အဲဒီအချိန်က သက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေက သိပ်ပြီး စိတ်မ၀င်စားခဲ့ပါဘူး။ လက်တွေ့မကျင့်သုံးတဲ့ စီမံချက်က စာရွက်စုတ်ပဲ ဖြစ်ပါတယ်။  ခွေးရူးရောဂါ ထိန်းချုပ် ရေး၊ ခွေးလေခွေးလွင့် ထိန်းချုပ် ရေးတွေမှာလည်း အဲဒီလို မဖြစ် စေဘဲ စီမံချက်ကို လက်တွေ့အ ကောင်အထည်ဖော်ဖို့ လိုအပ်ပါ တယ်။

စီမံချက်ကို လက်တွေ့အ ကောင်အထည်ဖော်တယ်ဆိုရုံနဲ့ လည်း ပြီးမသွားပါဘူး။ ဆောင် ရွက်နေတဲ့ အဆင့်ဆင့်တိုင်းကို စောင့်ကြည့်လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သွားမှသာ လျှင် ရေရှည်ခံတဲ့ အောင်မြင်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် စီ မံချက်မှာပါဝင်တဲ့ စောင့်ကြည့် လေ့လာသုံးသပ်ရေးနဲ့ အစီရင်ခံ ရေး (Monitoring and Evalu -ation) အစီအမံတွေကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက် ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

(၃) ပြည်သူလူထုကြားမှာ အ ရေးကြီးတဲ့ပြဿနာတစ်ရပ် ဖြစ် လာနေတဲ့ ခွေးရူးရောဂါထိန်းချုပ် ရေး၊ ခွေးလေခွေးလွင့် ထိန်းချုပ် ရေးတွေကို ဆောင်ရွက်ရာမှာ အ မျိုးသားအဆင့် သတ်မှတ်ဆောင် ရွက်နိုင်ဖို့နဲ့ အခြေခံအဆင့် လေး ဆင့်ဖြစ်တဲ့ (၁)ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ခြင်း၊ (၂)ရည်မှန်းချက်ကို ပေါက် မြောက်အောင်မြင်စေရန်အတွက် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ မှ လေ့လာကာ စီမံချက်တစ်ရပ် ကို ကျွမ်းကျင်သူပညာရှင်များ၏ အကူအညီဖြင့် ရေးဆွဲခြင်း၊ (၃) စီမံချက်အတိုင်း လက်တွေ့အ ကောင်အထည်ဖော်ခြင်းနဲ့ (၄) စောင့်ကြည့်လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြန်လည်ပြင်ဆင် ခြင်းဆိုတဲ့ အဆင့်တွေအတိုင်း ဆောင်ရွက်သွားဖို့ အကြံပြုလိုပါ တယ်။ အထက်မှာ တင်ပြခဲ့သလို ဒါသာ အမှန်လို့ တရားသေပြော ဆိုခြင်းမဟုတ်ဘဲ ထည့်သွင်းစဉ်း စားကြဖို့ အကြံပြုချက်သာဖြစ်ပါ ကြောင်း ထပ်လောင်းအစီရင်ခံ ပါရစေ။

No comments:

Post a Comment