Monday, May 20, 2019

ပထမဆုံးဇာတ်ကားအတွက် တာဝန်ကြီးသလို ခံစားနေရတဲ့ မီရှဲလ်

ရင်ဝှက်အက္ခရာဇာတ် ကားသည် ၎င်းပထမဆုံး ဒါရိုက် တာအဖြစ် ရိုက်ကူးမည့် ရုပ်ရှင်ဖြစ်သောကြောင့် တာဝန်ကြီးသလို ခံစားရကြောင်း ဒါရိုက်တာ အောင်ကိုလတ်၏သမီး မီရှဲလ်က ပြောသည်။   ‘‘ကျွန်မ အရမ်းကြီးရင်ခုန် တာမျိုးမရှိဘူး။ အမြဲတမ်း ကြိုးစားပြီး အကောင်းဆုံးလုပ်နေတာပဲ။ ဒါကိုလည်း ကြိုးစားပြီး အကောင်း ဆုံးလုပ်သွားမယ်။ ဒါပေမဲ့ ပထမ ဆုံးဒါရိုက်တာလုပ်ရတဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်တဲ့အတွက် နည်း နည်းတော့ တာဝန်ကြီးသွားတယ်။  ရင်ခုန်တာမျိုးတော့ မဟုတ်ဘူး။ တာဝန်ကြီးသလို ခံစားရတယ်’’ဟု ၎င်းက ပြောသည်။


ယင်းဇာတ်ကားတွင် ရဲအောင်၊ ထွန်းကိုကို၊ ကိုရီးယားသရုပ်ဆောင် Mah Won Woo၊ ခင်ဇာခြည်ကျော်၊ နန်းဆုဦး၊ ဆုမြတ်နိုးဦးနှင့် အခြားသရုပ်ဆောင် များစွာ ပါဝင်မည်ဖြစ်သည်။

‘‘အဲဒီကိုရီးယားမင်းသားက မကြီးကျယ်ဘူး။ သဘောကောင်း တယ်။ ပြောရင်ပြောတဲ့အတိုင်း အကုန်လုံးလည်း လုပ်နိုင်တယ်။ မြန်မာမှာ လာရိုက်ရတယ်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ လုပ်မနေဘူး။ ကိုယ်က တွေ့ကြည့်တယ်၊ စကားပြောကြည့်တယ်။ သူ့ကို ကင်မရာရှေ့ သရုပ်ဆောင်ခိုင်းတဲ့ အချိန်မှာ အဆင်ပြေတယ်။ သူနဲ့ လည်း လိုက်တယ်။ အဲဒါကြောင့် မို့ ရွေးချယ်ဖြစ်တာပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါရုပ်ရှင်သည် ပေါ့ပေါ့ ပါးပါး အချစ်ဇာတ်ကားဖြစ်ပြီး အချစ်အကြောင်း ဦးစားပေး ရိုက်ကူးမည်ဖြစ်သကဲ့သို့ ၎င်းဘဝတွင် တစ်ကြိမ်မျှ မလုပ်ဖူးသဖြင့် ထူးခြားသည်ဟု ဆိုသည်။  ယင်းဇာတ်ကားတွင် DOP အနေဖြင့် ၎င်း၏ဖခင် ဒါရိုက်တာ အောင်ကိုလတ် ပါဝင်မည် ဖြစ်ပြီး Casting Director (English) အဖြစ် J-Me က ပါဝင်မည်ဖြစ် သည်။

‘‘ဒီရုပ်ရှင်က ပထမဆုံး ဒါ ရိုက်တာလုပ်ရမှာလည်း ဖြစ် တယ်။ အရမ်းတာဝန်တွေများ တော့ ဒိုင်ယာလော့ခ်ကို အင်္ဂလိပ် လိုချမယ့်အချိန်မှာ ကျွန်မ အချိန် တွေအများကြီးပေးရမယ်။  အဲဒါ ပါဝင်လုပ်နေရင် အဆင်မပြေတဲ့ အတွက် J-Me လုပ်ပေးပါလို့ ပြောလိုက်တယ်။ သူက အရင်က အင်တာနေရှင်နယ်ကျောင်းက Play တွေမှာ ဒါရိုက်တာလုပ်ခဲ့ တယ်။ သူ့မှာ အတွေ့အကြုံရှိ တယ်။ အဆင်လည်း ပြေတယ်။ အဲဒီအတွက် သူ့ကို အကူအညီ တောင်းလိုက်တယ်။ အဲဒီမှာ သူက ပါလာတာပေါ့။ တကယ်တော့ မိသားစုတွေအကုန်လုံးပါအောင် လုပ်တာတော့ မဟုတ်ဘူး။ ပထမ သူက မလုပ်ဘူး။ ဇာတ်လမ်းဖတ်ကြည့်ဦးမယ်ဆိုပြီး ကြေးများသေးတယ်။ နောက်ဆုံးမှာ အိုကေဆိုပြီး ပါလာတာပေါ့’’ ဟု ၎င်းက ပြောသည်။

ရင်ဝှက်အက္ခရာဇာတ်ကားကို ဆိုးလ်၊ ဘန်ကောက်၊ ရန်ကုန်နှင့် ပူတာအိုမြို့တို့၌ မေလ ၂၀ ရက်တွင် စတင်ရိုက်ကူးမည်ဖြစ် သည်။  ယင်းဇာတ်ကားကို မြန်မာ နိုင်ငံအပြင် ကိုရီးယားနှင့် အခြား နိုင်ငံနှစ်ခုသို့ သွားရောက်ပြသရန် အစီအစဉ်ရှိကြောင်း  ဒါရိုက်တာ မီရှဲလ်က  ပြောသည်။

No comments:

Post a Comment