Monday, May 20, 2019

ကျယ်ဂေါင်မှ မြန်မာနိုင်ငံသားနှစ်ဦးကို တရုတ်က နာရီပိုင်းအကြာ ဖမ်းဆီးထိန်းသိမ်းပြီး တစ်ဦးကို ရိုက်နှက်စစ်ဆေးဟုဆို

  မြန်မာ-တရုတ်နယ်စပ် ဂိတ်မြန်မာဘက်ခြမ်းတွင် ကား ဖြင့်ပိတ်၍ ဆန္ဒထုတ်ဖော်မှုအ တွက် ကျယ်ဂေါင်၌နေထိုင်သော မြန်မာနိုင်ငံသားနှစ်ဦးကို တရုတ် က နာရီပိုင်းအကြာ ဖမ်းဆီးထိန်း သိမ်းပြီး တစ်ဦးကို ရိုက်နှက်စစ် ဆေးခဲ့သည်ဟု ဖမ်းဆီးခံရသူ၏ မိတ်ဆွေများနှင့် မူဆယ်မြို့ခံအ ရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။ မူဆယ်နယ်စပ်ရှိ နန်းတော် ဂိတ်နှင့် ဆင်ဖြူဂိတ်ကို ယခင်က မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ အထိ ၀င်၊ ထွက်ခွင့်ပြုရာမှ မေလ ၁၅ ရက်ကစတင်ကာ ည ၈ နာရီ အထိသာ တရုတ်ကခွင့်ပြုခဲ့သော ကြောင့် အခက်အခဲတွေ့နေသည် ဆိုကာ မြန်မာအချို့က မေလ ၁၇ ရက်နံနက်တွင် ဆန္ဒထုတ်ဖော် ခဲ့သည်။
ယာဉ်မောင်းတစ်ဦးဖြစ် သူ ကိုစိုင်းနောင်က ၎င်း၏ကားနှင့် အခြားကားတစ်စီးကို မြန်မာ ဘက်ခြမ်းနယ်စပ်ဂိတ်တွင် ပိတ် ၍ ဆန္ဒထုတ်ဖော်ခဲ့ရာ တရုတ် လ၀ကအရာရှိက မြန်မာပိုင်နက် အတွင်းဝင်ကာ ယာဉ်မောင်းတစ် ဦးကို ဖမ်းဆီးရန်ကြိုးစားခဲ့ပြီး နောက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ သည်။ သို့သော် မေလ ၁၈ ရက်တွင် တရုတ်ရဲတပ်ဖွဲ့ဝင်အချို့က ကိုစိုင်းနောင်၏ သူငယ်ချင်းဖြစ် သော ကျယ်ဂေါင်မြို့၌ နေထိုင် သော မြန်မာနိုင်ငံသားကိုဇော်မင်း နိုင်ကို ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု ကိုစိုင်းနောင်ကပြောသည်။


ကိုစိုင်းနောင်က ၎င်း၏ကား နှင့် ငှားရမ်းထားသည့်ကိုဇော်မင်း နိုင်၏ကားကို နယ်စပ်ဂိတ်တွင် ပိတ်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ကြောင့် တရုတ်လ၀ကအရာရှိ များက ကျယ်ဂေါင်မြို့၌နေထိုင် သော ကိုဇော်မင်းနိုင်ကို မေလ၁၈ရက်တွင် ရဲစခန်းသို့ ခေါ်ဆောင် သွားပြီး ညနေ ၃ နာရီမှ ည ၉နာရီအထိထိန်းသိမ်းထားသည်။ ယင်း သို့ ထိန်းသိမ်းထားစဉ် ကိုဇော် မင်းနိုင်ကို လက်ထိတ်ခတ်ပြီး ခြေ ထောက်ဖြင့်ကန်ခဲ့ရာ ကျောနှင့် ရင်ဘတ်တွင် ဒဏ်ရာအနည်းငယ် ရခဲ့သည်ဟု မူဆယ်မြို့ခံများက ပြောသည်။

ကာယကံရှင် ကိုဇော်မင်းနိုင် ကမူ ကျယ်ဂေါင်တွင် နေထိုင်ပြီး အလုပ်လုပ်နေသောကြောင့် ပြဿနာဆက်လက်မဖြစ်လို၍ တိုင်ကြားခြင်း မပြုတော့ဟု ပြော သည်။

‘‘ပြီးပြီးသားကိစ္စပြီးပြီ။ ကျွန် တော့်အပေါ် ထပ်အနိုင်မကျင့်ရင် ကျွန်တော်ကလည်း ဘာမှ မတုံ့ ပြန်တော့ဘူး။ အေးအေးချမ်းချမ်း ပဲ ဖြစ်စေချင်တယ်။ သူတို့အပေါ် မှာလည်း အပြစ်မယူချင်တော့ ဘူး။ ကျွန်တော့်အပေါ်လည်း အ ပြစ်မယူနဲ့။ တိုင်တာဘာညာဆို ရင် ကျွန်တော်လည်း အထဲ (ကျယ်ဂေါင်)မှာနေလို့မရတော့ ဘူး’’ ဟု ကိုဇော်မင်းနိုင်ကပြော သည်။

ကိုဇော်မင်းနိုင်သည် မကွေး တိုင်းဒေသကြီး မြိုင်မြို့နယ်ဇာတိ ဖြစ်ပြီး ကျယ်ဂေါင်တွင် မိသားစု နှင့်အတူ ကုန်စုံရောင်းနေသူဖြစ် သည်။ ၎င်း၏ညီကိုလည်း မေလ ၁၉ ရက်ညနေ၌ တရုတ်ရဲက ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးခဲ့သည်။ လတ်တလောဖြစ်နေသည့် မူဆယ်နယ်စပ်ပြဿနာနှင့် ပတ် သက်၍ မြို့နယ်အထွေထွေဦးစီး ဌာနရုံးတွင် မေလ ၁၉ ရက်ညနေ က အစည်းအဝေးပြုလုပ်ခဲ့သည်။ မေလ ၁၇ ရက်က ဖြစ်ပွားသည့် ကိုစိုင်းနောင်ကို တရုတ်လ၀က အရာရှိက မြန်မာပိုင်နက်အတွင်း ၀င်၍ ဖမ်းဆီးရန်ကြိုးစားမှုတွင် တရုတ်က တောင်းပန်မည်ဟု ကြားသိရကြောင်း အစည်းအဝေး တက်ရောက်သူအချို့က ပြော သည်။ နယ်မြေကျော်အနိုင်ကျင့်မှု အတွက် တရားဝင်တောင်းပန်ရန် မူဆယ်မြို့ခံအဖွဲ့အစည်းများက ဌာနဆိုင်ရာတာဝန်ရှိသူများထံ တောင်းဆိုခဲ့သည်။ မူဆယ်နယ် စပ်တွင် နေထိုင်သူအချို့ကယနေ့ နံနက်ကစ၍ တရုတ်နိုင်ငံဘက် သို့ မ၀င်ဘဲ ဆန္ဒပြရန် ပြင်ဆင်နေ ပြီး ယင်းကဲ့သို့မလုပ်ရန် တာဝန်ရှိ သူများက ဖျောင်းဖျနေသည်။ ယ နေ့(မေလ ၂၀ ရက်)နံနက်တွင် မူဆယ်နယ်စပ်ဂိတ်နေရာများ၌ ရဲတပ်ဖွဲ့က လုံခြုံရေးစောင့်ကြပ် ရန် ပြင်ဆင်နေသည်ဟု မြို့ခံ အရပ်ဘက်အဖွဲ့များက ပြော သည်။

No comments:

Post a Comment