Monday, May 20, 2019

ရေခဲတောင်ပေါ်မှကျသည့် မစိမ့်ထက်ကို ပြန်လည်ရှာဖွေရန် ကြန့်ကြာမှု တောင်တက်အဖွဲ့ခေါင်းဆောင်နှင့် မိသားစု အမြင်မတူ

 ဖန်ဂရန်ရာဇီရေခဲ တောင်တွင် ပြုတ်ကျခဲ့သည့် မစိမ့် ထက်ကို နောက်တစ်ကြိမ်ပြန်ရှာ ရန် ဒေသခံများနှင့် ပူးပေါင်းစီစဉ် သော်လည်း  မိသားစုထံမှ စပယ် ရှယ်ပါဝါရထားသူက တရားဝင် ဖြစ်ရန်စောင့်ဆိုင်းနေ၍ ကြန့်ကြာ  ရခြင်းဖြစ်ကြောင်း The Summiter အဖွဲ့ခေါင်းဆောင် ကိုဇော် ဇင်ခိုင်က ပြောသည်။ ‘‘ရှာဖွေဖို့ မိသားစုဆီက စ ပယ်ရှယ်ပါဝါရထားသူက တရား ဥပဒေဘောင်အတွင်းက သွား မယ်။ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ပဲ သွားမယ်ပြောတဲ့အတွက် ဆက် ထွက်ဖို့  အဆင်မပြေတော့ဘူးဖြစ် သွားတယ်’’ဟု ၎င်းကဆိုသည်။

ကိုဇော်ဇင်ခိုင်သည် မစိမ့် ထက်ပြုတ်ကျသည့် ခရီးစဉ်တွင် ဦးဆောင်သူဖြစ်ကာ ထပ်မံရှာဖွေ ခြင်းမပြုလုပ်ဟုဆိုကာ လူမှုကွန် ရက်တွင် အများ၏ ဝေဖန်မှုကို ခံနေရပြီး ယင်းနှင့် စပ်လျဉ်း၍  ယမန်နေ့က သတင်းစာရှင်းလင်း  ပွဲပြုလုပ်ကာ  မီဒီယာများအား ပြောကြားသည်။

 မိသားစုထံမှ စပယ်ရှယ် ပါဝါရထားသူ ကိုစတီဗင်ကိုဆက် သွယ်၍ မရသေးပေ။ မစိမ့်ထက် ၏ ဖခင်ဦးမောင်မောင်လေးကမူ ကိုစတီဗင်သည် အရင်ဆုံးရှာဖွေ ရန် လုပ်ဆောင်သူဖြစ်ပြီး မိသားစု ထံကမ်းလှမ်းလာ၍ ၎င်းထံစပယ် ရှယ်ပါဝါလွှဲပေးခဲ့ကြောင်း ပြော သည်။

‘‘သူဘယ်သူဆိုတာတောင်  သေချာမသိပါဘူး။ အရင်ဆုံးရှာ ဖွေဖို့သူလုပ်တာ။ အမှန်က  ဇော် ခိုင်တို့က  ပူတာအိုကနေ ရန်ကုန် ပြန်မလာဘဲနဲ့ ဒေသခံတွေနဲ့ တစ် ခါတည်းရှာဖို့လုပ်ရမှာ။ သူက ပျက်ကွက်တာ’’ဟု ဦးမောင်မောင်လေးက ပြောသည်။

မစိမ့်ထက်သည် ဧပြီ ၁၂ ရက် နံနက်၌ တောင်ထိပ်သို့ အောင်မြင်စွာတက်ရောက်နိုင်ပြီး  ပြန်အဆင်းတွင် ခြေချော်ပြုတ်ကျ ခြင်းဖြစ်သည်။ The Summiter အဖွဲ့က ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း ၍ မိသားစုထံ လာရောက်ရှင်းပြခဲ့သည်။

 မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့ဝင် ၁၄ ဦးက ဧပြီ ၂၆ ရက်တွင် မစိမ့် ထက်ကို ရှာဖွေရန် ကြိုးပမ်းစဉ် ကမသိခဲ့၍ ပူးပေါင်းဆောင်ရွက် နိုင်ခြင်းမရှိခဲ့ဟု ကိုဇော်ဇင်ခိုင်က  ပြောသည်။

အဖွဲ့ချုပ် ရှာဖွေရေးအဖွဲ့က မစိမ့်ထက်၏ ဂျာကင်နှင့်အသုံးအ ဆောင်အချို့ကို ရှာဖွေတွေ့ရှိပြီး နောက်တွင် လူမှုကွန်ရက်၌ ဝေ ဖန်မှုများနှင့် ရင်ဆိုင်နေရသည့်အ ပေါ် ကိုဇော်ဇင်ခိုင်က ‘‘အင်္ကျီက အကောင်းအတိုင်း ရှိနေတာ မဟုတ်ပါဘူး။ ဓာတ်ပုံတွေလည်း ရှိပါတယ်။ မုန့်ကိုဖောက်စားထား တယ်ဆိုတာကလည်း အမှန်က  တောင်ထိပ်ကို တက်တဲ့အခါ  လိုအပ်တဲ့စားစရာနဲ့ ရေကို  တစ်နိုင်တစ်ပိုင် သယ်သွားတာရှိတယ်။ အဲဒီ စွမ်းအားဖြည့်စားစရာကို လမ်းမှာစားပြီး  အိတ်ထဲ ထည့် ထားတာဖြစ်တယ်’’ဟု ပြော သည်။

မစိမ့်ထက်မိသားစုက The Summiter အဖွဲ့ခေါင်းဆောင်ကို တရားစွဲမည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း  ကိုဇော် ဇင်ခိုင်ကမူ မသိရှိကြောင်း၊ မစိမ့် ထက်မိသားစုနှင့် ဆက်သွယ်မှု ရှိနေဆဲဖြစ်ကြောင်း ပြောသည်။ ဖြစ်စဉ်သည် တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး မစိမ့်ထက်၏ တည်နေရာညွှန်ပြနိုင်သူကို ကျပ် သိန်း ၅၀ ချီးမြှင့်မည်ဟု မိသားစု က ကြေညာထားသည်။

No comments:

Post a Comment