Monday, May 20, 2019

၂၀၁၉ ခုနှစ် ငါးလအတွင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားထားသည့်အမှုများ၏ သုံးပုံတစ်ပုံသည် သိမ်းဆည်းခံ လယ်ယာမြေအမှုများ ဖြစ်ကြောင်း သိရ

၂၀၁၉ ခုနှစ် ငါးလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားထားသည့် အမှုများ၏ သုံးပုံတစ်ပုံသည် သိမ်းဆည်းခံ လယ်ယာမြေအမှုများဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က မေ ၁၉ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“တိုင်ထားတဲ့အရေအတွက်တော့ အတိအကျမသိဘူး။ ဒီနှစ် ဧပြီလကုန်အထိပေါ့နော်။ ဧပြီလကုန်အထိကို တိုင်စာက ၃၇၀ ကျော်ရှိတဲ့အထဲမှာ ဒီမြေယာကိစ္စကတော့ အများဆုံးဖြစ်တယ်။ သုံးပုံတစ်ပုံလောက်တော့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး တိုင်တဲ့အမှုတွေပေါ့။ ကျန်တဲ့နှစ်ပုံကတော့ တရားရေးနဲ့ရဲပေါ့။ တရားရေးနဲ့ ရဲကတော့ တစ်ခါတလေ တရားရေးက များတယ်။  တစ်ခါတလေကျရင်လည်း တရားရေးကနည်းပြီး ရဲကများတယ်။ နောက်ဆုံးကျန်တဲ့ တစ်ပုံကတော့ အထွေထွေပေါ့။ အထွေထွေဆိုတော့ အများကြီးပဲပေါ့။ အမှုပေါင်းမြောက်မြားစွာ” ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောကြားသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လာရောက်တိုင်ကြားထားသည့် မြေယာအမှုများတွင် လယ်သိမ်း၊ ယာသိမ်းများ၊ စီမံကိန်းလုပ်ငန်းများမှ သိမ်းခြင်းများ၊ လယ်ယာမြေ ပိုင်ရှင်အချင်းချင်းအကြား တစ်ဦးနှင့်တစ်ဦး အငြင်းပွားမှုများကြောင့် သိမ်းခြင်းများလည်းရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က ဆက်လက်ပြော ကြားသည်။မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ဌာနချုပ်ကလည်း မြန်မာနိုင်ငံတွင် သိမ်းဆည်းခံလယ်ယာမြေများနှင့် ပတ်သက်၍ လယ်သမားများထံ ပြန်လည်ရောက်ရှိသည့် လယ်ယာမြေများသည် ၂၅ ရာခိုင်နှုန်းပင် မရှိသေးကြောင်း ပြောကြားထားသည်။“ဦးလေးတို့ သမဂ္ဂကလုပ်ဆောင် နေတာကတော့ ၇၅ ရာခိုင်နှုန်းလောက်တော့ လုပ်ဆောင်နေတယ်။ ဒါပေမဲ့ လယ်သမားတွေဆီကို လယ်ယာမြေတွေပြန်ရောက်ပြီး လုပ်ကိုင်နေတာကတော့ တစ်နိုင်ငံလုံးအား ဖြင့် ၂၅ ရာခိုင်နှုန်းလောက်တောင်မှ မရှိသေးပါဘူး။ လေးထောင့်ကန်မှာဆိုရင်တော့ လယ်သမားတွေ လယ်ယာမြေပြန်ရပြီး ပြန်လုပ်နေတယ်။ လေးထောင့်ကန်မှာတော့ အောင်မြင်သွားတယ်။ နောက်သုံးခွမှာဆိုလည်း လယ်သမားတွေပြန်ရတယ်။ အဲဒါပေါ့။ ခုဒီဘက်ကဟာကိုကျတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီး ၃၃ မှုတော့ ကျတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂဌာနချုပ် ဥက္ကဋ္ဌဌဦးဗန်းရှိန်က ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်တွင် ၁၆ မြို့နယ်သည် လယ်ယာမြေနှင့် ပတ်သက်နေပြီး ゞင်း ၁၆ မြို့နယ်တွင် သိမ်းဆည်းခံ လယ်ယာမြေပေါင်း ၃၃၄၅၀ဝ ခန့်ရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂဌာနချုပ်သို့ တိုင်ကြားသည့်အမှုပေါင်း ၃၀ဝ ကျော်ရှိပြီး အဓိကအမှု ၃၃ မှုရှိကြောင်း သမဂ္ဂဌာနချုပ် ဥက္ကဋ္ဌဌ၏ ပြောကြားချက်အရ သိရသည်။လယ်ယာမြေများ ပြန်လည်ရရှိမှုသည် ဧရာဝတီတိုင်းတွင် အများဆုံးရရှိပြီး မကွေးတိုင်း၊ ပဲခူးတိုင်းတို့တွင်လည်း လယ်ယာမြေများ ပြန်လည်ရရှိထားကာ ရန်ကုန်တိုင်းတွင် ၁၀ ရာခိုင်နှုန်းပင် မရရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂဌာနချုပ် ဥက္ကဋ္ဌဌ ဦးဗန်းရှိန်က ဆိုသည်။

No comments:

Post a Comment