Monday, May 20, 2019

ဆုဖလားဆွတ်ခူးနိုင်သော်လည်း လွယ်ကူသောရာသီ မဟုတ်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ပြောကြား

 ဖရန့်ဖတ်ကို ၅-၁ ဂိုး ဖြင့် ချေမှုန်းပြီးနောက် နည်းပြနီကို ကိုဗက်စ်၏ ဘိုင်ယန်မြူးနစ်သည် အနီးကပ်ဆုံးပြိုင်ဘက် ဒေါ့မွန် ထက် နှစ်မှတ်အသာရကာ ဘွန် ဒက်စ်လီဂါဖလားကို ခုနစ်ကြိမ် ဆက် စံချိန်တင်ဆွတ်ခူးခဲ့သည်။ မေလ ၂၅ ရက်တွင် ဂျာမန် ဖလားဗိုလ်လုပွဲ၌ လိုက်ပ်ဇစ်ကို အနိုင်ရပါက ပြည်တွင်းဖလားနှစ် လုံးရရှိမည့် ဘိုင်ယန်သည် ယခု ဘွန်ဒက်စ်လီဂါဖလားကို သမိုင်း တစ်လျှောက် ၂၉ ကြိမ်ဖြင့် စံချိန် တင်သိမ်းပိုက်နိုင်ခဲ့သည်။ ‘‘ဘယ်လိုပဲဖြစ်ဖြစ် ဒါက လွယ်ကူတဲ့ရာသီ လုံးဝမဟုတ်ပါ ဘူး။ ဝေဖန်မှုတွေ အများကြီးခံရ ပြီးတဲ့နောက် အောင်မြင်မှုရခဲ့တာ ထင်ရှားပါတယ်။ ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဟု ကိုဗက်စ်က ပြောသည်။



‘‘ကြီးကျယ်တာတစ်ခုခုကို ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့တယ်။ ဆောင်းရာသီတုန်းက ကျွန်တော် တို့က ဒေါ့မွန်ထက် ကိုးမှတ်နည်း ခဲ့တယ်။ ဒါကြောင့် ကစားသမား တွေကို ဂုဏ်ယူပါတယ်။ လုံးဝကို ပျော်ပါတယ်။ ဒါပေမဲ့လုံးဝလည်း နွမ်းနယ်နေပါပြီ။အခုတော့ဂျာမန်ဖလားယူပြီး ပြည်တွင်းဖလားနှစ် လုံးသိမ်းပိုက်ဖို့မျှော်လင့်ပါတယ်’’ ဟု ကိုဗက်စ်က ပြောသည်။

ဘိုင်ယန်မှထွက်ခွာမည့် ရီ ဘာရီနှင့် ရော်ဘင်သည် ၎င်းတို့၏ နောက်ဆုံးပွဲတွင် ကိုယ်စီဂိုးသွင်း ယူနိုင်ပြီး ယခုအခါပြင်သစ်လက် ရွေးစင်ဟောင်း ရီဘာရီသည် ဘိုင်ယန်ဂန္ထဝင်များဖြစ်သော ဖီး လစ်လမ်း၊ ရှဝိန်းစတိုင်ဂါ၊ အို လီဗာခမ်း၊ မာမတ်စကူးလ်တို့ကို တစ်ကြိမ်အသာရကာ ဘွန်ဒက်စ် လီဂါဖလား ကိုးကြိမ်ရရှိသော ပထမဆုံးကစားသမား ဖြစ်လာ သည်။

ဘိုင်ယန်တိုက်စစ်မှူး လီဝန် ဒေါစကီးက ၂၂ ဂိုးဖြင့် ဘွန်ဒက်စ် လီဂါရွှေဖိနပ်ဆုကို လေးကြိမ် မြောက် ဆွတ်ခူးခဲ့သည်။

ဒေါ့မွန်က ပိုချန်ဂလာ ဘတ်ခ်ျကို ၂-၀ ဂိုးဖြင့် အနိုင်ရ သော်လည်း ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရပြီး အဆင့် (၃) နေရာ မှ လိုက်ပ်ဇစ်နှင့် အဆင့် (၄) နေ ရာမှ လေဗာကူဆင်တို့ လာမည့် နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိကာ မို ချိန်ဂလာဘတ်ခ်ျ၊ ဝုလ်ဖ်ဘတ်နှင့် ဖရန့်ဖတ်တို့ ယူရိုပါလိဂ်ဝင်ခွင့်ရရှိ ခဲ့သည်။

No comments:

Post a Comment