Monday, May 20, 2019

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ရေလယ်ကျွန်းပေါ်တွင် လက်နက်ခဲယမ်းအချို့နှင့်အတူအမျိုးသားသုံးဦးကို ဖမ်းမိ

 မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်သောင်ရင်းမြစ်အတွင်း ဒုစရိုက်သမားအချို့ အခြေချနေ ထိုင်သည်ဟု နာမည်ကြီးနေသော ရေလယ်ကျွန်းပေါ်သို့ ရဲတပ်ဖွဲ့က စီးနင်းရှာဖွေကာ သေနတ်ကိုင် ဆောင်ထားသူအမျိုးသားသုံးဦး ဖမ်းမိပြီး စစ်ဆေးနေသည်ဟု မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီးအောင်နိုင်ထွန်းက ပြော ကြားသည်။ေ သာင်ရင်းမြစ်အတွင်းရှိ မြန်မာပိုင်နက် ရေလယ်ကျွန်းပေါ် သို့ မေလ ၁၈ ရက်ညဥ့် ၁၂ နာရီ ခန့်တွင် ရဲတပ်ဖွဲ့က ၀င်ရောက်စီး နင်းရာ  သေနတ်နှစ်လက်၊ ကျည် ၁၁ တောင့်နှင့်အတူ အမျိုးသား သုံးဦးကို ဖမ်းမိခဲ့သည်။

‘‘ထိုင်းနဲ့ကလည်း ကပ်နေ တော့ အမှုတစ်ခုခုကျူးလွန်ပြီး တာနဲ့ ရဲက၀င်ရှင်းရင် ဟိုဘက် (ထိုင်းဘက်)ကိုပြေးတာ။ အ လွယ်တကူတိမ်းရှောင်သွားနိုင် တာကို အခွင့်အရေးယူကြတာ။ အခုကတော့ သုံးယောက်ဖမ်း ထားတယ်’’ ဟု ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်းက ပြောသည်။

အသက်(၃၀)မှ (၄၅)နှစ် ကြား အမျိုးသားသုံးဦးကို ဖမ်းဆီး ထားပြီး မြ၀တီမြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေသည်။ အ ဆိုပါအမျိုးသားသုံးဦးသည် သေ နတ်ကိုင်ဆောင်၍ ဒုစရိုက်လုပ် ငန်းအချို့ လုပ်ကိုင်နေကြောင်း ဒေသခံအချို့က ရဲတပ်ဖွဲ့ထံ လျှို့ ၀ှက်တိုင်ကြားခဲ့သည်။

‘‘သေနတ်ပိုင်ရှင်က ဘယ် သူလဲမသိသေးဘူး။ တရားရုံး ရောက်မှ ရှင်းကြလိမ့်မယ်’’ ဟု ဒုတိယရဲမှူးကြီးအောင်နိုင်ထွန်း က ဆိုသည်။

No comments:

Post a Comment