Monday, May 20, 2019

ချန်ပီယံလိဂ်ဖလားထက် ပြည်တွင်းဖလားသုံးလုံး ဆွတ်ခူးရန် ပိုမိုခက်ခဲဟု ဂွာဒီယိုလာ ဆို

ဝက်ဖို့ဒ်ကို ဂိုးဒါဇင်ဝက် ဖြင့် အပြတ်အသတ်အနိုင်ယူကာ အက်ဖ်အေဖလား ရရှိပြီးနောက် မန်စီးတီးနည်းပြ ဂွာဒီယိုလာက ချန်ပီယံလိဂ်ဖလားထက် ပြည် တွင်းဖလားသုံးလုံးရရန် ပိုမိုခက်ခဲသည်ဟု ပြောကြားသည်။ အက်ဖ်အေဖလား ဆွတ်ခူးပြီးနောက် မန်စီးတီးသည် တစ်ရာသီတည်း အင်္ဂလန်၏ အဓိက ဖလားသုံးလုံးရရှိသော ပထမဆုံးဘောလုံးကလပ် ဖြစ်လာသည်။ တစ်ရာသီတည်းတွင် ပြိုင်ပွဲအရပ်ရပ် ပွဲ ၅၀ အနိုင်ရသော ပထမဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် လည်း မှတ်တမ်းဝင်ခဲ့သည်။



‘‘ကျွန်တော် ချန်ပီယံလိဂ်ကို ချစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဖလားသုံးလုံးရဖို့က ချန်ပီယံလိဂ် ဖလားရဖို့ထက် ပိုခက်ခဲပါတယ်’’ ဟု ဂွာဒီယိုလာက ပြောကြား သည်။

‘‘ဒီရာသီဟာ ကျွန်တော့်ရဲ့ နည်းပြဘဝ ကြုံခဲ့ဖူးသမျှ အ ကောင်းဆုံးရာသီတွေထဲက တစ် ခုဖြစ်ပါတယ်’’ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ယင်းကဲ့သို့ အဓိကဖလား သုံးလုံး သိမ်းပိုက်နိုင်ခဲ့သည့် မန်စီးတီးသည် လာမည့်နှစ်တွင်လည်း ပရီးမီးယားလိဂ်ဖလားနှင့် အခြား ဖလားများ ရရှိနိုင်ကြောင်း ဘောလုံးလေ့လာသူများက ချီးကျူး ပြောကြားသည်။

ယင်းမှာ မန်စီးတီး၏ ဆဋ္ဌမ မြောက် အက်ဖ်အေဖလားဖြစ်ကာ ဂွာဒီယိုလာ မန်စီးတီးသို့ ၂၀၁၆ က ရောက်လာပြီးနောက် ဖလားခြောက်လုံး ရရှိထားကာ ယခုဖလားသည် ၎င်း၏လက်ထက် ပထမဆုံး အက်ဖ်အေဖလားဖြစ်သည်။

မန်စီးတီး အက်ဖ်အေဖလား ဆွတ်ခူးခြင်းကြောင့် ပရီးမီးယား လိဂ် နံပါတ်(၇)နေရာရှိ ဝုဖ်လ်အသင်းသည် ဇူလိုင် ၂၅ ရက်နှင့် သြဂုတ် ၁ ရက်တွင် ယူရိုပါလိဂ်ခြေစစ်ပွဲ နှစ်ကျော့ကစားခွင့်ရရှိသည်။

ဝက်ဖို့ဒ်နည်းပြ ဂျာဗီဂရာဇီ ယာက မန်စီးတီးကို ဂိုးပြတ်ရှုံးပြီး နောက် အနာဂတ်၌ နိုင်ပွဲရရေး၊ တစ်ခါတစ်ရံ ရှုံးနိမ့်ရန် လိုအပ် ကာ တစ်ကြိမ်တွင် အကောင်းဆုံး ကြိုးစားမည်ဟု ပြောကြားသည်။

No comments:

Post a Comment