Monday, May 20, 2019

ဘဏ္ဍာနှစ်ခြောက်လအတွင်း အခွန်ကောက်ခံရရှိမှု လျာထားချက်ပိုကြောင်း ပြည်တွင်းအခွန် သတင်းထုတ်ပြန်

 ယခုဘဏ္ဍာနှစ် ခြောက် လအတွင်းအခွန်ကောက်ခံရရှိမှု   သည် လျာထားချက်ထက်ပိုများ  ပြီးကျပ် ၃,၆၀၀ ဘီလီယံကျော်ရရှိ ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနက သတင်းထုတ်ပြန်သည်။ အခွန် ကောက်ခံရရှိမှုက ပုဂ္ဂလိက ကဏ္ဍမှအများဆုံးဖြစ်ပြီး ကျပ်ဘီလီယံ ၂,၉၀၀ ခန့်ကောက် ခံရရှိထားသည်ဟုဆိုသည်။ ယခု ဘဏ္ဍာနှစ် ခြောက်လအတွင်း ကောက်ခံခဲ့သော ၀င်ငွေခွန်၊ ကုန် သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည် ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင် ဘာလေခွန်ဟူသည့် အခွန်ငါးမျိုး အနက် ၀င်ငွေခွန်က ကျပ် ၁,၅၃၉ ဘီလီယံကျော်ဖြင့် အများဆုံး ကောက်ခံရရှိသည်။



၂၀၁၈ အောက်တိုဘာ ၁ ရက်ကစတင်ပြီး ၂၀၁၉ စက်တင် ဘာ ၃၀ ရက်တွင် အဆုံးသတ်မည့် ၂၀၁၈ - ၁၉  ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှုကျပ်၇,၅၇၆ဘီလီယံရှိမည်ဟု အစိုးရက လျာ ထားပြီးအခွန်ရရှိမှုနှင့် နိုင်ငံ့စီးပွား ရေးကို တိုင်းတာသော (ဂျီဒီပီ) အချိုး ၇ ဒသမ ၁၄ ရာခိုင်နှုန်းရရှိ မည်ဟု ခန့်မှန်းထားသည်။

အစိုးရအနေဖြင့် အခွန် ကောက်ခံမှု တိုးမြှင့်ရရှိရန်လိုအပ် သော်လည်း စီးပွားရေးလုပ်ငန်း တစ်ဖွဲ့၊ ကုမ္ပဏီတစ်ခုကအခွန်ကို အထပ်ထပ်တိုးမြှင့်ကောက်ခံခြင်း ထက် (အခွန် အခြေချဲ့ထွင် ကောက်ခံသည့်) လူများများထံမှ အခွန်နည်းနည်းချင်းစုကောက်  သည့် နည်းလမ်းကို တိုးချဲ့လုပ် ကိုင်သင့်သည်ဟု စီးပွားရေးပညာ ရှင်အချို့က အကြံပြုသည်။  လက်ရှိ အစိုးရသက်တမ်း   လေးနှစ်အတွင်း ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်တွင်အစိုးရ၏ အခွန် လျာထားချက် အများဆုံးနှစ်ဖြစ် သည်။ အစိုးရက အခွန်ကောက် ခံရရှိမည့်လျာထားချက်၌ ၂၀၁၇  - ၁၈ ဘဏ္ဍာနှစ်ထက် ကျပ် ဘီလီယံ ၁,၁၀၀ ခန့် ပိုများသည်။ ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အခွန်ကောက်ခံရရှိမှုကို အစိုးရကကျပ် ၆,၄၈၁ ဘီလီယံ ခန့်ရရှိမည်ဟု လျာထားခဲ့သည်။

No comments:

Post a Comment