Monday, May 20, 2019

တောင်​တွင်းကြီးတွင် ​ရေကန်​တူး​ဖော်​ရာက စစ်​ကျန်​ဗုံးသီး​ဟောင်း တွေ့ရှိ

Image may contain: outdoor and natureမကွေးတိုင်းဒေသကြီး၊ ​တောင်​တွင်းကြီးမြို့၊ အုန်း​တော ၁ ရပ်​ကွက်​မှာ ​မေ ၁၉ ရက်​​ ​နေ့လယ်​ပိုင်းက ဘက်​ဟိုးယာဉ်နဲ့ ​ရေကန်​တူး​ဖော်​ရာက​နေ စစ်​ကျန်​ဗုံးသီး​ဟောင်းတလုံး ​တွေ့ရှိခဲ့ပါတယ်။ ​တောင်​တွင်းကြီးမြို့ မြို့မစခန်းမှူးက “အုန်း​တော ၁ ရပ်​ကွက်​မှာရှိတဲ့ ပစ္စည်းသိုလှောင်​ရုံ ခြံဝင်းအတွင်းမှာ ​ရေကန်​လုပ်​ဖို့ ဘက်​ဟိုးနဲ့ ​မြေတူးရာက​နေ ဗုံးသီး​ဟောင်းတ​လုံး​ တွေ့ရှိတယ်​ဆိုပြီး ခြံပိုင်​ရှင်​ ဦးရာဂျူးက ဖုန်းနဲ့ ​အ​ကြောင်းကြားတာပါ။ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ အုန်း​တောရပ်​ကွက်​စာ​ရေး၊ ခမရ ၁၀၃ က ဗိုလ်​ကြီး ခင်​​မောင်​စိုးတို့နဲ့ သွား​ရောက်​စစ်​​ဆေး​တော့ အလျား ၂ ​ပေ ၈ လက်​မ၊ လုံးပတ်​ ၂​ ပေ ၄ လက်​မ သံ​ချေးတက်​ စစ်​ကျန်​ ​လေယာဉ်​ကြဲ ဗုံးသီး​ဟောင်းတ​လုံး ​တွေ့ရှိခဲ့တာပါ” လို့ ပြောပါတယ်။


အဆိုပါ စစ်​ကျန်​ဗုံးသီးကို ဗိုလ်​ကြီး ခင်​​မောင်​စိုးနဲ့ အဖွဲ့က ခမရ ၁၀၃ တပ်​ရင်းကို သိမ်းဆည်း သယ်​​ဆောင်​သွားပါတယ်​။

မ​ကွေးတိုင်း​ဒေသကြီးအတွင်း မင်းလှမြို့နယ်​၊ မင်းဘူးမြို့နယ်​နဲ့ ငဖဲမြို့နယ်​တို့မှာလည်း မကြာခဏ ဆိုသလို စစ်​ကျန်​ ဗုံးသီး​ဟောင်း​တွေ ​တွေ့ရှိခဲ့ကြပါတယ်​။

No comments:

Post a Comment