Monday, May 20, 2019

ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စ မပြေလည်၍ ၂၁ ပင်လုံကျင်းပရန် အခက်ကြုံနေဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌပြော

 ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစု ပင်လုံအ စည်းအဝေးများကို ကျင်းပလို သော်လည်း တစ်ဆို့နေသည့်ကိစ္စ ရပ်များ ဖြေရှင်းနိုင်ခြင်းမရှိသေး၍ အခက်ကြုံနေကြောင်း မွန်ပြည် သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။ အစိုးရက ၂၁ ရာစု ပင်လုံကို လာမည့် ဇွန်လကုန်ပိုင်းတွင် ကျင်းပလိုသည့် သဘောထားနှင့် ပတ်သက်ပြီး မေးမြန်းရာ နိုင်ဟံ သာက ထိုသို့ ဖြေကြားခြင်းဖြစ် သည်။ ‘‘ကျွန်တော်တို့လည်း ၂၁ ပင်လုံကို လုပ်လိုပါတယ်။ ဒါပေမဲ့တစ်ဆို့နေတဲ့ ကိစ္စတွေအပေါ်မှာ ကျွန်တော်တို့ ညှိနှိုင်းလို့ရမလား။ ညှိနှိုင်းလို့ နားလည်မှုရနိုင်ရင် တော့ ကောင်းတာပေါ့။ မဟုတ် ရင် ၂၁ ပင်လုံသာ လုပ်လိုက် တယ်။ ဘာမှနားလည်မှုမရဘူးဆို ရင်တော့ မထူးဘူးလေ’’ဟု နိုင်ဟံ သာက ဆိုသည်။



တစ်ဆို့နေသည့် အချက်များ မှာ အများသိထားပြီးဖြစ်သည့် ပြည်ထောင်စုမှ ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော် ကိစ္စဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘အဓိက တစ်ဆို့နေတာက ၂၁ ပင်လုံ တတိယအကြိမ်တုန်း ကလေ။ လုံးဝမခွဲထွက်ရဆိုတဲ့ ကိစ္စနဲ့ တစ်ခုတည်းသော တပ်မတော်၊ တစ်ခုတည်းသော တပ်မတော်ဆိုရင်လည်း DDR ကျွန် တော်တို့ကိုပဲ လက်နက်စွန့်ရမယ် ဆိုတဲ့ ပုံစံမျိုးကို တစ်ဖက်က ရပ် တည်နေတော့ တစ်ဆို့မှုတွေ ဖြစ် သွားတာပေါ့။ မပြေလည်နိုင်တာ ပေါ့’’ဟု နိုင်ဟံသာကပြောသည်။

အဆိုပါအချက်များနှင့် ပတ်သက်ပြီး လျင်မြန်စွာ နားလည်မှု ရရှိရေး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများက အတတ် နိုင်ဆုံး ကြိုးပမ်းနေသည်ဟု ၎င်း ကပြောသည်။

 ပအိုဝ်းအဖွဲ့ (PNLO) ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အခက်ကြုံနေမှုများ ဖြေရှင်းရန် အစိုးရဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အမြန်ဆုံးတွေ့ဆုံနိုင်မည်ဟု ယူဆကြောင်း ပြောကြားသည်။

 ‘‘၂၁ ရာစု ပင်လုံကျင်းပ တယ်ဆိုတာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် တစ်ဆို့မှုတွေကို ဖြတ် ကျော်တာပဲဖြစ်တော့ အဲဒီလိုဖြတ် ကျော်နိုင်ဖို့အတွက် နည်းနာရှာဖို့ ကိုယ်စားလှယ်အဖွဲ့က တွေ့ကြ မယ်’’ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် နိုင်ငံရေး သဘောတူညီချက်များ ရရှိရန် ရည်ရွယ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ယခင် အစိုးရလက်ထက်တွင် တစ်ကြိမ် ကျင်းပခဲ့သည်။

လက်ရှိ အစိုးရလက်ထက် တွင် ‘ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ’ဟု အမည်သတ်မှတ်ကာ သုံးကြိမ် ကျင်းပရာ ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍလေးရပ်မှ သဘောတူညီ ချက် ၃၇ ချက်ရရှိပြီး တတိယအ စည်းအဝေးတွင် ယင်းကဏ္ဍလေး ရပ်မှပင် သဘောတူညီချက် ၁၄ ချက်ရရှိခဲ့သည်။ သို့ရာတွင် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်ပြီး မပြေ လည်မှုများ ဖြစ်ပေါ်နေကာသဘောတူညီချက် ချမှတ်နိုင်ခြင်းမရှိသေးသကဲ့သို့ နိုင်ငံရေးကဏ္ဍ တွင် အရေးကြီးသည့် ခွဲမထွက် ရကဲ့သို့သော ဖက်ဒရယ်ဆိုင်ရာ မူဝါဒများ သဘောတူညီမှုမရ သေးပေ။ မေလ ၁၄ ရက်မှ ၁၈ ရက် အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သော NCA လက်မှတ် ထိုး ၁၀ ဖွဲ့ အစည်းအဝေးအပြီး ကြေညာချက်တွင် အခက်အခဲ များ ဖြေရှင်းကျော်လွှားနိုင်ရန်ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးလုပ်ငန်းစဉ်တစ်ရပ် စနစ်တကျ ရေးဆွဲချမှတ်ကာ အစိုးရ၊ တပ်မတော်ခေါင်းဆောင် များနှင့် သဘောတူညီမှု ရယူဆုံး ဖြတ်ထားသည်ဟု ပါဝင်သည်။

No comments:

Post a Comment