Monday, May 20, 2019

နာမည်ကြီးသွားတဲ့ ပုံတွေကြောင့် ဝေဖန်နေကြသူတွေကို တုံ့ပြန်လိုက်တဲ့ ဂျာမနီနိုင်ငံသား Mikis Weber

Image may contain: 3 people, people sittingဂျာမနီနိုင်ငံသားလေး Mikis Weber နဲ့ မြန်မာမလေး စုစုဝေတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ မိသားစုတွေလို သံယောဇဉ်နဲ့ ရှေ့ဆက်နေကြတဲ့ သူတို့စုံတွဲလေးကတော့ လတ်တလောမှာ Sedona ဟိုတယ်က ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ တင်လိုက်တာကြောင် ပရိသတ်တွေကြားမှာ ဝေဖန်မှုအနည်းငယ် ရှိနေတာပါ။ အဆိုပါဝေဖန်မှုတွေကိုတော့ အရမ်းကိုယဉ်ကျေးတဲ့ နိုင်ငံခြားသာလေး Mikis က ပညာသားပါပါနဲ့ တုံ့ပြန်လိုက်တာ တွေ့ရပါတယ်
။မိုမိုလေးချစ်ပရိသတ်တွေအတွက် သူတို့ချစ်သူနှစ်ဦးကို ဝေဖန်နေကြတဲ့ သူတွေကို ပညာသားပါပါလေး တုံ့ပြန်လိုက်တဲ့ Mikis Weber ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။Mikis ကတော့ “Sedona မှာတည်ရတာ အစစအရာရာအဆင်ပြေတယ်အားလုံးကိုချစ်တယ် ” ဆိုပြီး ချစ်သူလေးနဲ့ Sedona ဟိုတယ်မှာ အနားယူနေတဲ့ ပုံလေးတွေကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါပုံရိပ်တွေအောက်မှာတော့ ဝေဖန်သူတွေ များပြားခဲ့တာတွေ့ရပြီး များပြားလှတဲ့ ဝေဖန်သူတွေကို Mikis က “မုန်းတဲ့သူတွေကိုလဲချစ်တယ် မုန်းတယ်သူတွေကိုလဲ တစ်ခုပြောချင်တယ် ဆောရီပါနော် ကိုယ့်ဘဝကိုပဲ ပျော်ရွှင်အောင်နေထိုင်ပါ ကျတော်ကတော့ ကျတော့်ဘဝမှာ အရမ်းပျော်ရွှင်နေတယ် I hope you also find happiness in your life. Dont hate others because you hate yourself 😘” ဆိုပြီး ကိုယ့်ဘဝကိုပဲ ပျော်ရွှင်အောင်နေထိုင်ပါ သူလည်း သူ့ဘဝမှာ အရမ်းပျော်နေပါတယ်ဆိုပြီး ချစ်စရာကောင်းအောင် ပြန်တုံ့ပြန်ထားတာပါ။

ဂျာမနီနိုင်ငံသားလေး Mikis Weber ကတော့ မြန်မာပြည်ကြီးကို အရမ်းချစ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ချစ်သူလေး စုစုဝေကိုလည်း သဲသဲလှုပ်ချစ်တာ တွေ့ရပါတယ်။ သီချင်းဆိုရတာကို ဝါသနာပါလွန်းတဲ့ Mikis ကတော့ မြန်မာသီချင်းတွေကို ကိုယ်တိုင်ဖန်တီးပြီး ပရိသတ်တွေကို ချပြနေသူတစ်ဦးပါ။ နားလည်မှုအပြည့်ရှိကြတဲ့ Mikis Weber နဲ့ စုစုဝေတို့ချစ်သူနှစ်ဦးကတော့ အခုဆိုရင် ချစ်သူသက်တမ်းလည်း တစ်နှစ်ကျော်ရှိသွားပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကိုယ့်ဘဝနဲ့ကိုယ် ပျော်ရွှင်အောင်သာ အကောင်းဆုံးနေထိုင်ကြဖို့ ပြောလာတဲ့ Mikis Weber နဲ့ စုစုဝေတို့ချစ်သူနှစ်ဦးကိုချစ်ရင် ဒီသတင်းလေးကို ဝေမျှသွားကြပါဦးနော်။

No comments:

Post a Comment