Monday, May 20, 2019

ဂိုးအများဆုံး ရွှေဖိနပ်ဆုတွေကို သိမ်းပိုက်မယ့် မက်ဆီ

မနေ့ညက လာလီဂါ နောက်ဆုံးပွဲစဉ်မှာ အေဘာဖက်ကို ၂ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ လာလီဂါမှာ သွင်းဂိုး ၃၆ဂိုး အထိရှိခဲ့ပြီး ပီချီချီ ရွှေဖိနပ်ဆုကို ၆ကြိမ်မြောက် ရရှိခဲ့ပါတယ်။ မက်ဆီဟာ ဒီနှစ်ရာသီအတွင်း ပြိုင်ပွဲအရပ်ရပ် ၄၉ပွဲမှာ သွင်းဂိုး ၅၀အထိ သွင်းယူနိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲတွေက ဂိုးအများဆုံးသွင်းတဲ့ ရွှေဖိနပ်ဆုတွေကို သိမ်းပိုက်ဖို့ ရှိနေပါတယ်။ မက်ဆီဟာ လာလီဂါမှာ ၃၆ဂိုးသွင်းယူခဲ့ပြီး ဒုတိယနေရာက ဆွာရက်ဇ်၊ ဘင်ဇီမာတို့ထက် ၁၅ဂိုး ပိုသွင်းနိုင်ခဲ့တာပါ။ လာလီဂါမှာ ရွှေဖိနပ်ဆု အများဆုံးရထားတဲ့ ဂန္ထ၀င်တိုက်စစ်မှူး တယ်မို ဇာရာနဲ့ ၆ကြိမ်စီ တူညီခဲ့တဲ့ မက်ဆီဟာ နောက်ဆုံး ၃ရာသီ ဆက်တိုက် ဂိုးအများဆုံး သွင်းနိုင်ခဲ့တာပါ။



လာလီဂါမှာ ၃၆ဂိုး သွင်းပြီး ရွှေဖိနပ်ဆုရခဲ့သလို မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးအများဆုံးနဲ့ ဥရောပ ကလပ်ပြိုင်ပွဲရဲ့ ဂိုးအများဆုံး ရွှေဖိနပ်ဆုတွေကိုပါ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲက ဖိုင်နယ်ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် ဆီမီးဖိုင်နယ်သာ တက်ရောက် နိုင်ခဲ့တဲ့ မက်ဆီက ၁၂ဂိုးနဲ့ အများဆုံး သွင်းထားနိုင်တာပါ။

တစ်ခါ ဥရောပ ကလပ်တွေထဲမှာလည်း မက်ဆီဟာ အဓိက ပြိုင်ဖက် အမ်ဘတ်ပေထက် ၄ဂိုး အသာရထားပြီး ၅ကြိမ်မြောက် ဥရောပ ရွှေဖိနပ်ဆုကို ရဖို့ နီးစပ်နေပါတယ်။ အမ်ဘတ်ပေဟာ ပီအက်စ်ဂျီနဲ့ နောက်ဆုံး တစ်ပွဲ ကစားဖို့ကျန်နေသေးပေမယ့် ၃၂ဂိုး သွင်းထားတဲ့ သူ့အတွက် အနည်းဆုံး ၄ဂိုးနဲ့ အထက်သွင်းနိုင်ဖို့ လိုအပ်နေတာပါ။

မက်ဆီအတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရင်နာစရာ ရှုံးနိမ့်ခဲ့ရပေမယ့် လာလီဂါ ချန်ပီယံဆုနဲ့ ( စပိန်ဘုရင့်ဖလား ဖိုင်နယ်ကျန်သေး) တစ်ဦးချင်း အကောင်းဆုံးဆုတွေကို သိမ်းကျုံးရယူနိုင်ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်လာပါတယ်။

⚽️⚽️ လာလီဂါ ပီချီချီ နောက်ဆုံး ရပ်တည်မှု

၁) မက်ဆီ ( ဘာစီလိုနာ) - ၃၆ဂိုး
၂) ဆွာရက်ဇ် ( ဘာစီလိုနာ) - ၂၁ဂိုး
၂) ဘန်ဇီမာ ( ရီးယဲယ်မက်ဒရစ် ) - ၂၁ဂိုး
၎) အက်စ်ပတ်စ် ( ဆယ်လ်တာဗီဂို) ၂၀ဂိုး
၅) စတူအာနီ ( ဂျီရိုနာ) - ၁၉ဂိုး

⚽️⚽️ ချန်ပီယံလိဂ် နောက်ဆုံး ရပ်တည်မှု

၁) မက်ဆီ ( ဘာစီလိုနာ) - ၁၂ဂိုး
၂) လီဝန်ဒေါစကီး ( ဘိုင်ယန်မြူးနစ်) - ၈ဂိုး
၃) အဂွဲရိုး ( မန်စီးတီး) - ၆ဂိုး
၃) ရော်နယ်လ်ဒို ( ဂျူဗင်တပ်စ်) - ၆ဂိုး
၃) မာရီဂါ ( ပေါ်တို) - ၆ဂိုး
၃) တာဒစ် ( အားယက်စ်) - ၆ဂိုး

⚽️⚽️ ဥရောပ ရွှေဖိနပ်ဆု ရပ်တည်မှု

၁) မက်ဆီ ( ဘာစီလိုနာ) ၃၆ဂိုး - ၇၂မှတ်
၂) အမ်ဘတ်ပေ ( ပီအက်စ်ဂျီ) ၃၀ဂိုး - ၆၀မှတ်
၃) ကွာဂလီယာရီ ( ဆမ်ဒိုးရီးယား) ၂၆ဂိုး - ၅၂မှတ်
၎) ဒီယာနီ ( ဂါလာတာစာရေး/ကမ်ဆင်ပါဆာ) ၃၀ဂိုး - ၄၅မှတ်
၅) အဘားမီးယန် ( အာဆင်နယ်) ၂၂ဂိုး - ၄၄မှတ်
၅) ဆာလ ( လီဗာပူးလ်) ၂၂ဂိုး - ၄၄မှတ်
၅) မာနေ ( လီဗာပူးလ်) ၂၂ဂိုး - ၄၄မှတ်
၅) လီဝန်ဒေါစကီး ( ဘိုင်ယန်မြူးနစ်) ၂၂ဂိုး - ၄၄မှတ်
၅) ဇာပါတာ ( အတ္တလန်တာ) ၂၂ဂိုး - ၄၄မှတ်

No comments:

Post a Comment