Monday, May 20, 2019

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်များသို့ ပထမအကြိမ် လိုင်စင်ခွင့်ပြုပေးရန် စီစဉ်နေဟုဆို

 ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ၀ယ်ယူနိုင်ရန် နိုင်ငံ တစ်ဝန်း ကျေးရွာသုံးစက်သုံးဆီ အရောင်းဆိုင်များသို့ ပထမဆုံး အကြိမ် လိုင်စင်ခွင့်ပြုထုတ်ပေး ရန် စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးဝင်းခိုင်က ပြောသည်။ မကွေးတိုင်းဒေသကြီးအ တွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မေလ ၁၈ ရက်က ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးပွဲ တွင် ၀န်ကြီးကပြောကြားခြင်းဖြစ် သည်။



လက်ရှိ ကျေးလက်တွင် ရောင်းချနေသည့်  စက်သုံးဆီအား လုံးသည် တရားမ၀င်ဆိုင်များဖြစ် ပြီး တရားဝင်နည်းလမ်းအရ ထိန်းချုပ်နိုင်ရေး ခွင့်ပြုခြင်းဖြစ်သည် ဟု မကွေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။ အခွန်အခရရှိရေး နှင့် ချက်ဆီရောနှောခြင်းကို ကာ ကွယ်တားဆီးရန် ဖြစ်သည်ဟု လည်း ၎င်းကဆိုသည်။ ‘‘ပြည်ထောင်စုရှေ့နေချုပ် ရုံးကို တင်ပြထားတယ်။ ခွင့်ပြု ချက်ရတာနဲ့ ပြည်ထောင်စုဝန်ကြီး ဌာနက ကြေညာမှာပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။

ကျေးလက်စက်သုံးဆီဆိုင် များကို ဆီသိုလှောင်နိုင်သည့် ပမာဏသတ်မှတ်မည်ဖြစ်ပြီး နယ်မြေအကျယ်အ၀န်းအလိုက် ဂါလန် ၃၀၀၊ ဂါလန် ၅၀၀ နှင့် ဂါ လန် ၁,၀၀၀ စသည်တို့ဖြစ်နိုင် သည်ဟု ၀န်ကြီးကပြောသည်။ ထိုသို့ စက်သုံးဆီဆိုင်များကို ခွင့်ပြုရာတွင် လျှပ်စစ်ဓာတ်အား ပန့်များ၊ လက်လှည့်ပန့်များအသုံးပြုခြင်းကို ခွင့်ပြုမည်ဖြစ်ပြီး ဘတ်ထရီ သုံးပန့်များ ခွင့်ပြုမည်မဟုတ်ဟု ဦးမြင့်ဇော်က ပြောသည်။ စက်သုံးဆီဆိုင်များသည် မြေဧရိယာ အကျယ်အ၀န်းအရ ဂါလန်၁၆,၀၀၀ မှ ၆၄,၀၀၀ အထိ သိုလှောင်ခွင့် ရထားသည်ဟုဆိုသည်။

တစ်နိုင်ငံလုံးတွင် စက်သုံး ဆီအရောင်းဆိုင် ၂,၅၀၀ ခန့်ခွင့်ပြု ထားပြီး မန္တလေးတိုင်း၌ ၆၂၂ဆိုင်ဖြင့် အများဆုံးခွင့်ပြုထားသည်။ ဒုတိယပဲခူးတိုင်းနှင့် တတိယအ များဆုံး ဧရာဝတီတိုင်းဖြစ်သည်။ ထို့ပြင် ဒေသအတွင်းရှိ လက်ယက်တွင်းမှ ထွက်ရှိသော ရေနံစိမ်းများကို ဒေသအတွင်းမှာပင် စနစ်တကျချက်လုပ်နိုင်ရေး အ သေးစား ရေနံချက်စက်ရုံများ တည်ဆောက်လုပ်ကိုင်ရန် ခွင့်ပြုရေးစီမံချက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

No comments:

Post a Comment