Monday, May 20, 2019

မြိတ်တွင် ခရီးသွားလုပ်ငန်းနှင့် ထိုင်းအခြေစိုက်ဆေးရုံတို့ MOU ရေးထိုး

မြိတ်မြို့တွင် I Travello Travel & Tour နှင့် PHYATHAI 3 Hospital (Royal Thai Medical Service Co., Ltd) ပထမဆုံး နားလည်မှု စာချွန်လွှာ MOU ရေးထိုးပြီး မြိတ်ရုံးခွဲဖွင့်ပွဲနှင့် ဆေးရုံမိတ်ဆက်ခြင်းအခမ်းအနားကို မေ ၁၉ ရက်နေ့ နံနက်ပိုင်းက တလိုင်စုရပ်၊ မြိတ်ကမ်းနားလမ်း၊ မြန်မာ့အရှေ့ဆောင်ဘဏ်နံဘေး၌ ပြုလုပ်ခဲ့သည်။



“ကျွန်တော်တို့ PHYATHAI ဆေးရုံက ထိုင်းနိုင်ငံမှာ ဆိုရင် အဆင့်မြင့်ခွဲစိတ်မှုတွေ လုပ်လို့ရတဲ့ နာမည်ကြီး ဆေးရုံ ဖြစ်ပါတယ်၊ အခုဆိုလျှင် မြိတ်ဒေသမှာရှိတဲ့ ပြည်သူတွေ ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှု သွားမယ် ဆိုရင် အချိန်ကုန်၊ ငွေသက်အောင် ဆိုပြီးတော့ One Stop Service အနေနဲ့ ဆောင်ရွက်ပေးပြီးတော့ သွားလို့ရအောင် မြိတ်မှာ ရုံးခန်းဖွင့်လှစ်အကျိုးတူပူးပေါင်းရခြင်း ဖြစ်တယ်”ဟု ထိုင်းအခြေစိုက် ဖယားထိုင်း (၃) ဆေးရုံ၏ နိုင်ငံခြားသားဆေးကုသမှုဆိုင်ရာဌာနမှူး ဒေါက်တာ နေဇော်ထက်က ပြောသည်။

“PHYATHAI နှင့် I Travello နဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာ ဖြစ်တယ်” ဟု မန်းနေဂျင်းဒါရိုက်တာ ကိုဇေယျာဝင်း(I Travello Travel & Tour) က ဆိုသည်။

မေ ၁၈ ရက်တွင် ခရီးသွားကုမ္ပဏီ၏ ရုံးခန်း တစ်နှစ်ပြည့် နှစ်ပတ်လည်နှင့် ဖယားထိုင်း (၃) ဆေးရုံ ရုံးခန်းကို တပြိုင်တည်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment