Monday, May 20, 2019

ဘုရားဖူးပြန်လာသောကားနှင့် သဲကားတိုက်၊ ၁၂ ဦးဒဏ်ရာရ

ရွှေပြည်သာတံတားအ နီး သဲကားနှင့် ဘုရားဖူးယာဉ်မျက်နှာချင်းဆိုင် တိုက်မိပြီး ၁၂ ဦး ဒဏ်ရာရရှိကြောင်း အင်းစိန်မြို့နယ်ရှိ ယာဉ်ဦးစီးရုံးက ပြောသည်။ ဖြစ်စဉ်သည် ရွှေပြည်သာမြို့ နယ် ရွှေပြည်သာတံတားအဆင်း ဧရာမြေမှတ်တိုင်အနီးတွင် မေလ ၁၈ ရက် ညနေ ၅ နာရီခွဲခန့်၌ လှိုင်သာယာဘက်က ဆင်းလာသော အုတ်၊ သဲကျောက်ကားက သာဓုကန်ဘုရားဖူးမှ ပြန်လာသော ဖယ်ရီကား(ကန်တာအမျိုးအ စား)ကို ၀င်တိုက်မိရာ ဖယ်ရီ ကားပေါ်မှ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။



‘‘ရှေ့ကကားကို သဲကားက ကျော်တက်လိုက်တာ တစ်ဖက် ယာဉ်ကြောက မျက်နှာချင်းဆိုင် လာတဲ့ ဖယ်ရီကားနဲ့ တိုက်မိတာ ပေါ့’’ဟု အင်းစိန်ယာဉ်ဦးစီးရုံးမှ ဒုတပ်ကြပ်ဇော်ဟိန်းက ပြော သည်။ အဆိုပါ ယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူများကို အင်း စိန်ဆေးရုံသို့ ပို့ဆောင်ထားပြီး မစိုးရိမ်ရကြောင်း ၎င်းကပြော သည်။ သဲကားယာဉ်မောင်းသည် ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်း ကို အပြင်းအထန်နာကျင်စေမှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ သတင်းပေးပျက်ကွက်မှုတို့ဖြင့် အမှုဖွင့် အရေးယူကာ ဆက်လက် စုံစမ်းနေသည်။

No comments:

Post a Comment