Monday, May 20, 2019

ပြင်သစ်ရေတပ်မှတိုက်လေယာဉ် ၇စီး အင်ဒိုနီးရှားတွင် အရေးပေါ်ဆင်းသက်ခဲ့ရ

Image may contain: one or more people, people standing and outdoorပြင်သစ်ရေတပ်မှ တိုက်လေယာဉ် ၇စီးသည် ရာသီဥတုဆိုးရွားမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းတွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း တာဝန်ရှိသူများကပြောသည်။ ပြင်သပ်ရေတပ်မှ Dassault Rafale အမျိုးအစား တိုက်လေယာဉ် ၇ စီးသည် လေ့ကျင့်ခန်းတစ်ခုပြုလုပ်ပျံသန်းနေစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ဆက်လက်ပျံသန်းနိုင်ခြင်းမရှိတော့ပဲ ဆုမတြာကျွန်းအစွန်ရှိ Aceh ခရိုင်ရှိ လေတပ်စခန်းလေယာဉ်ကွင်းတစ်ခုတွင် စနေနေ့က ထိုသို့ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။


အဆိုပါလေယာဉ်များသည် ဆုမတြာစီးပွားရေးဇုန်၏ အနောက်ဖက် ၁၈၅ ကီလိုမီတာအကွာ ပင်လယ်ပြင်ထဲရှိ ချားလ်စ်ဒီဂေါလ် လေယာဉ်တင်သင်္ဘောပေါ်မှ ပျံသန်းလာကြခြင်းဖြစ်သည်။

”လေယာဉ်တွေကို လုံခြုံရေးအရ သေသေချာချာစစ်ဆေးပြီးမှ ဆင်းသက်ခွင့်ပြုခဲ့တာပါ”ဟု လေတပ်စခန်းမှ တာဝန်ရှိသူကပြောသည်။

ယမန်နေ့(မေ ၁၉ )တွင်မူ တိုက်လေယာဉ် ၅ စီးမှာ လေယာဉ်တင်သင်္ဘောဆီသို့ ပြန်လည်ပျံသန်းသွားကြပြီဖြစ်ပြီး အင်ဒိုနီးရှားလေတပ်စခန်းတွင် နှစ်စီးသာကျန်ရှိတော့ကြောင်းသိရသည်။

No comments:

Post a Comment