Monday, May 20, 2019

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်ရန် စစ်တွေ၌ အင်အားထောင်ချီဆန္ဒပြ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ပွဲများရပ်စဲ ရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များ  ကို ပြန်လည်နေရာချထားရေး ကူညီပေးရန် တောင်းဆိုဆန္ဒ ထုတ်ဖော်ပွဲတစ်ရပ်ကို စစ်တွေ မြို့၌ ရဟန်းသံဃာများအပါအဝင် အင်အားသုံးထောင်ခန့်ဖြင့် မေလ ၁၉ ရက်နေ့လယ်က ပြုလုပ်ခဲ့ သည်။ ဆန္ဒထုတ်ဖော်ပွဲကို စည်း ကမ်းထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော် များက ဦးဆောင်ပြီး စစ်တွေမြို့ခံ များက ပြုလုပ်ခြင်းဖြစ်ကာ စစ် တွေမြို့ ဝင်္ကပါကွင်းမှ လမ်းမ ကြီးအတိုင်း မြို့ကိုပတ်ကာ အသံ တိတ် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ရေးကော်မတီဝင် ဦးအောင်ဌေးက ပြောသည်။
‘‘အဓိကကတော့ တိုက်ပွဲ ရှောင်ပြဿနာ၊ ဒုက္ခရောက်နေ တဲ့စစ်ဘေးရှောင်တွေ နေရပ်ပြန် နိုင်ဖို့၊ သူတို့စီးပွားရေးကို သူတို့ ပြန်လုပ်နိုင်ဖို့ စတာတွေကို အစိုး ရက ဖော်ဆောင်ပေးဖို့ တောင်းဆို တာပါ’’ဟု ၎င်းကဆိုသည်။ ထိုသို့ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင် ရေး အပစ်အခတ်ရပ်စဲရေးက အ ရေးကြီးကြောင်း ဦးအောင်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ် ပွားနေသည့် စစ်ရေးအခြေအနေ များနှင့်ပတ်သက်၍ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၊ ရခိုင်အရပ် ဘက်အဖွဲ့အစည်းများနှင့် ဒေသ ခံများက မေလ ၆ ရက်တွင်စစ်တွေ မြို့ မဏိရတနာကျောင်း၌ အ စည်းအဝေးပြုလုပ်ကာ အချက် လေးချက် တောင်းဆိုခဲ့သည်။

ထိုအချက်များကိုေ မလ ၁၇ ရက် နောက်ဆုံးထား ဖော်ဆောင် ပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်တို့ အပါအဝင် အစိုးရတာဝန်ရှိသူများ ကို စာရေးသားပေးပို့ခဲ့သော် လည်း ဖော်ဆောင်ပေးခြင်းမရှိ သဖြင့် ထိုသို့ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်ဟု ဦးအောင်ဌေးကဆို သည်။

၎င်းတို့တောင်းဆိုသည့် အ ချက်များသည် စစ်ဌာန ငါးခုတွင် အပစ်အခတ်ရပ်စဲထားသကဲ့သို့ ရခိုင်ပြည်နယ်၌လည်း အပစ်အ ခတ်ရပ်စဲရန်၊ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်ကာ လယ် ယာ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ စစ်ဘေး ရှောင်များ၏ စားဝတ်နေရေးကို အစိုးရက တာဝန်ယူဆောင်ရွက် ပေးရေး၊ တပ်မတော်ကပစ်ခတ်၍ အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရ သည့်ဖြစ်စဉ်များ ထပ်မဖြစ်စေ ရေးတို့ဖြစ်သည်။ တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) တို့အကြား စစ်ရေးပဋိပက္ခများကြောင့် ရခိုင် ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေး ဒုက္ခသည် သုံးသောင်းကျော်အ ထိရှိနေကြောင်း ကူညီပေးနေ သည့် အရပ်ဘက်အဖွဲ့အစည်း များက ပြောသည်။

No comments:

Post a Comment