Monday, May 20, 2019

နာဂဒေသအတွင်း ဖမ်းမိသူ ၂၄ ဦးကို မတရားအသင်း ဆိုင်ရာပုဒ်မဖြင့် ထောင် ၂ နှစ်ချ NSCN-K ခေါင်းဆောင်ငါးဦးအပါအ၀င် ၁၁ ဦးကို တရားရုံး၌ ဆက်လက်စစ်ဆေးနေ

နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်း လင်းစဉ် ဖမ်းဆီးရမိသူ ၂၄ဦးကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ခန္တီးမြို့နယ်တရားရုံး က မေလတတိယပတ်တွင်ထောင် ဒဏ် ၂ နှစ်စီချမှတ်ခဲ့ကြောင်း အ နောက်မြောက်တိုင်းစစ်ဌာနချုပ် နှင့် ခန္တီးခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တို့က အတည်ပြုသည်။ အစိုးရနှင့် တိုင်းဒေသကြီးအ ဆင့်  အပစ်ရပ်စဲရေးဆောင်ရွက် ထားသည့် နာဂလက်နက်ကိုင်အ ဖွဲ့ (NSCN-K)သည် သဘောတူ ညီချက်များကို ချိုးဖောက်ပြီး အိန္ဒိ ယနိုင်ငံအား ဆန့်ကျင်သည့် အာ သံနှင့်ကသည်း လက်နက်ကိုင် တို့ကို လက်ခံခြင်း၊ သင်တန်းပေး ခြင်းများ လုပ်ဆောင်သည်ဆို ကာ တပ်မတော်က ယခုနှစ် ဇန်န ၀ါရီလကုန်က NSCN-K အခြေ ပြုရာ တကားဒေသတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့သည်။


ထိုသို့ နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိသူ  ၃၀ ဦးကျော်ရှိပြီး ၂၄ဦးသည်  ကသည်းအဖွဲ့ဝင်များ ဖြစ်ကြောင်း အနောက်မြောက် တိုင်း စစ်ဌာနချုပ်မှဗိုလ်မှူးကြီး သန်းနိုင်က မေလ ၁၉ ရက်တွင် ပြောသည်။ NSCN-K အဖွဲ့ဝင်ခြောက် ဦးနှင့် NSCN-K  ခေါင်းဆောင် ငါးဦးသည် တရားရုံး၌အမှုရင်ဆိုင် နေဆဲဖြစ်ကြောင်း ၎င်းကပြော သည်။  NSCN-K နှင့် စစ်ရေးပိုင်း ပူးပေါင်းဆောင်ရွက်မှုရှိသည့်  ဘိုဒိုဒီမိုကရက်တစ် အမျိုးသား လွတ်မြောက်ရေးတပ်ဦး (NDFB)  အမည်ရှိ ကသည်းအဖွဲ့သည် ယခုရက်ပိုင်းအတွင်း တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မေလ ၁၇ရက်က မြန်မာ - အိန္ဒိယနယ် စပ် လဟယ်မြို့နယ်၌ တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ဗိုလ် မှူးကြီးသန်းနိုင်က ‘‘ကျွန်တော်တို့ တကားဒေသက ဆုတ်သွားတဲ့ အာသံ၊ ကသည်းအဖွဲ့တွေက နယ်စပ်ဒေသဘက်ကို ဆုတ်ခွာ သွားတယ်လို့ သတင်းရလို့  နယ် မြေရှင်းလင်းတာတော့ရှိပါတယ်။ ဒါကတော့ သာမန်ဖြစ်စဉ်ဆောင် ရွက်နေတဲ့ ကိစ္စပါ’’ဟုပြောသည်။ NSCN-K အနေဖြင့် အပစ် ရပ်စာချုပ်ပါ သဘောတူညီချက် များ ချိုးဖောက်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ဖမ်းဆီးခံနေရသူများ ကို  ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံ ကြောင်း NSCN-K ခန္တီးဆက်ဆံ ရေးရုံးတာဝန်ခံက မေတ္တာရပ်ခံ ထားသည်။

No comments:

Post a Comment