Monday, May 20, 2019

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံတွေ ဘေးကင်းရေးအဖွဲ့ ဆက်ထားမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတွေရဲ့ ဘေးကင်းလုံခြုံမှု စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ကို နောက်ထပ်တစ်နှစ် ဆက်လက်ထားရှိဖို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။ ကမ္ဘာမှာ တရုတ်ပြည်ပြီးရင် ဘင်္ဂလားဒေ့ရှ်က ဒုတိယမြောက် အကြီးဆုံးအထည်ချုပ်လုပ်ငန်းရှိတဲ့ နိုင်ငံဖြစ်သလို၊ အထည်ချုပ်စက်ရုံတွေ မီးလောင်တာ၊ ပြိုကျတာစတဲ့ ဖြစ်ရပ်တွေလည်း အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။



၂၀၁၃ ခုနှစ်ကဆိုရင် ရာနာပလာဇာမှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ရုံ ပြိုကျခဲ့ရာမှာ သေဆုံးသူ ၁၁၃၈ ဦး ရှိခဲ့ပါတယ်။

အထည်ချုပ်စက်ရုံပိုင်ရှင်တွေကတော့ စောင့်ကြည့်ရေးကာလ ငါးနှစ်ပြည့်သွားပြီဖြစ်လို့ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုနေကြတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အထည်ချုပ်လုပ်ငန်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံရရှိနေပေမယ့် ဘေးကင်း လုံခြုံရေး အစီအမံတွေ ညံ့ဖျင်းလွန်းတယ်လို့ ဝေဖန်ခံနေရပါတယ်။

No comments:

Post a Comment