Saturday, July 13, 2019

AA အဖွဲ့ကို ထောက်ခံရန် စည်းရုံးမှုဖြင့် စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရသူများကို မြန်မာနိုင်ငံ ရဲသတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေ

AA အဖွဲ့ကို ထောက်ခံရန် စည်းရုံးမှုဖြင့် စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရသူများကို မြန်မာနိုင်ငံရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ထိုသို့ခေါ်ယူစစ်ဆေးရာတွင် ပြည်နှင်ဒဏ်ပေးခံရသူ ခြောက်ဦးအနက် လေးဦးကို ခေါ်ယူစစ်ဆေးနေသည်ကိုသာ သိရှိပြီး ကျန်နှစ်ဦးနှင့်ပတ်သက်၍မသိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။ “သတင်းရဲတပ်ဖွဲ့ကနေပြီးတော့ လေးဦးလောက်ကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရတယ်။ ကျန်တာတော့ အသေးစိတ်မသိရသေးပါဘူး။ သတင်းရဲတပ်ဖွဲ့ကဘဲ ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထက်ပါအဆင့်မြင့်ရဲအရာရှိက ပြောကြားသည်။



အဆိုပါ စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ် ပေးခံရသူခြောက်ဦးအနက် သုံးဦးမှာ ဇူလိုင် ၁၁ ရက်က မြန်မာနိုင်ငံသို့ပြန်ရောက်လာစဉ် လေဆိပ်၌ပင် ရဲသတင်းတပ်ဖွဲ့က စစ်ဆေးမေး မြန်းရန် ခေါ်ယူသွားကြောင်း၊ ကျန်တစ်ဦးကို စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် သွားရောက်ထိန်းသိမ်းခဲ့ကြောင်းနှင့် ထို့ပြင် နောက်ထပ်နှစ်ဦးမှာ ဇူလိုင် ၁၀ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ゞင်းတို့နှစ်ဦးကို ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် ဖမ်းဆီးခဲ့ကာ နေပြည်တော်တွင် ခေါ်ယူစစ်ဆေးနေကြောင်းလည်း  သတင်းမီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။

မြန်မာအစိုးရအား လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်နေသည့် AA လက်နက်ကိုင်အဖွဲ့ကို ထောက်ခံရန်အတွက် စည်းရုံးရန် စင်ကာပူကို အသုံးချနေသည့် မြန်မာနိုင်ငံသား အများအပြား နေရပ်ပြန်ပို့နေကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန (MHA) က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စင်ကာပူရောက် မြန်မာနိုင်ငံသားအဖွဲ့ တစ်ဖွဲ့သည် AA လက်နက်ကိုင်အဖွဲ့နှင့် ゞင်း၏ နိုင်ငံရေးအဖွဲ့ United League of Arakan (ULA) အား ထောက်ခံရန်အတွက် စင်ကာပူတွင် ရှိနေသည့် မြန်မာနိုင်ငံသားအချို့ကို စည်းရုံးနေသည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း နှင့် AA လက်နက်ကိုင်အဖွဲ့သည်  မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း MHA က ထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးခံခဲ့ရသည့် မြန်မာနိုင်ငံသားများသည် မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စာရင်းသွင်းထားသည့်  AA လက်နက်ကိုင်အဖွဲ့အား ထောက်ခံသူများဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း MHA က ထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးခံခဲ့ရသူများအနက် တစ်ဦးသည် AA လက်နက်ကိုင်အဖွဲ့၏အဓိက ခေါင်းဆောင်တစ်ဦးနှင့် တိုက်ရိုက်ဆက်ဆံရေးရှိကြောင်း၊ AA လက်နက်ကိုင်အဖွဲ့၏  ညွှန်ကြားချက်အရ ゞင်းသည် စင်ကာပူရောက် ရခိုင်လူမျိုးအသိုင်းအဝိုင်းအကြား ထောက်ခံမှုများ ရရှိရန် တက်တက်ကြွကြွ စည်းရုံးခဲ့ကြောင်းနှင့် စင်ကာပူတွင် ရန်ပုံငွေရှာဖွေမှုများ၌လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း MHA က ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် ခိုင်မာသောစစ်တပ်တစ်ခု လိုအပ်သောကြောင့် National Fund တွင် ထည့်ဝင်ကြရန် ゞင်းက တိုက်တွန်းခဲ့ကြောင်း၊ ထိုအသိုင်းအဝိုင်းအကြား ပြုလုပ်ခဲ့သော လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများအား AA လက်နက်ကိုင်အဖွဲ့အတွက် ဝါဒဖြန့်ရန်နှင့် ရခိုင်အဖနိုင်ငံတော်အတွက် ထောက်ခံကြရန်အတွက် စည်းရုံးရန် အသုံးချခဲ့ကြကြောင်း MHA က ထုတ်ပြန်ခဲ့သည်။

ရန်ပုံငွေ လစဉ်ပုံမှန်ထည့်ဝင်နေသူ တစ်ဦးအပါအဝင် မြန်မာနိုင်ငံသားများသည် AA လက်နက်ကိုင်အဖွဲ့ထံ ငွေကြေးထောက်ပံ့ခဲ့ကြကြောင်း၊ ゞင်းတို့သည် မကြာသေးမီက AA လက်နက်ကိုင်အဖွဲ့နှင့် ULA ထူထောင်မှု (၁၀) နှစ်ပြည့်အခမ်းအနားကိုလည်း ဆင်နွှဲခဲ့ကြပြီး AA လက်နက်ကိုင်အဖွဲ့၏ တရားဝင် လိုဂိုကို ဖော်ပြသောဝတ်စုံများကိုလည်း ဝတ်ဆင်ခဲ့ကြကြောင်း MHA က ထုတ်ပြန်ခဲ့သည်။

ထိုအခမ်းအနားတွင် ရခိုင်ပြည်နယ်၌ မြန်မာ့တပ်မတော်အား AA လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို သရုပ်ဖော်ပြသခဲ့ကြပြီး သရုပ်ဖော်သူများက လက်နက်ပုံစံတူများဖြင့် တင်ဆက်ခဲ့ကြသည်။ AA ခေါင်းဆောင်တစ်ဦး၏ ဗီဒီယိုကိုလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး AA လက်နက်ကိုင်အဖွဲ့၏ လက်နက်ကိုင်ကြိုးပမ်းမှုများမှတစ်ဆင့် ရခိုင်လွတ်လပ်ရေးအတွက် ညီညွတ်ရန်နှင့် တိုက်ခိုက်ကြရန် ရခိုင်ပြည်သူများကို တိုက်တွန်းခဲ့ကြောင်း MHA က ထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင်အကြမ်းဖက်မှုလုပ်ဆောင်ရန်အတွက် ထောက်ပံ့သော၊ အားပေးသော၊ လုပ်ဆောင်သော သို့မဟုတ် ကြိုတင်ပြင်ဆင်သော မည်သူ့ကိုမဆို၊ စင်ကာပူနိုင်ငံလုံခြုံရေးကို အန္တရာယ်ပေးသော ယင်းကဲ့သို့လုပ်ဆောင်မှုများတွင် ပါဝင်သည့် ပြည်တွင်း သို့မဟုတ် ပြည်ပမှ မည်သူ့ကိုမဆို အလေးအနက်ထား စောင့်ကြည့်ပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဖြစ်ကြောင်း MHA က ထုတ်ပြန်ခဲ့သည်။ စင်ကာပူတွင် ရောက်ရှိနေသောမြန်မာ နိုင်ငံသားအများအပြားသည် ဥပဒေများအား လိုက်နာပြီး နိုင်ငံအတွက် အကျိုးပြုမှုကိုအသိအမှတ်ပြုကြောင်း၊ လူအနည်းစု၏လုပ်ရပ်များက သဟဇာတဖြစ်စွာ နေထိုင်နေသည့် အသိုက် အဝန်းမှကျန်ရှိသူများ၏ အပြုသဘောဖြစ်နေမှုကို အမည်းစက်မထင်စေရန် ဂရုပြုရမည်ဖြစ်ကြောင်း  MHA က ထုတ်ပြန်ခဲ့သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအပါအဝင် AA အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်ငါးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ဒုရဲမှူးတစ်ဦးက တရားလိုပြုလုပ်ကာ မြောက်ဦးမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

No comments:

Post a Comment