Saturday, July 13, 2019

ရခိုင်၌ အကြမ်းဖက်မှုပိုဆိုးရွားလာဟု AI အဖွဲ့ထုတ်ပြန် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နေခြင်းသာဖြစ်ဟု တပ်မတော်တုံ့ပြန်

ရခိုင်ပြည်နယ်၌ မြန်မာ့ တပ်မတော်၏ အကြမ်းဖက်မှု၊ ခွဲခြားမှုနှင့်နှိပ်စက်မှုများ ပိုမိုဆိုး ရွားလာနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်း    ချမ်းသာခွင့်အဖွဲ့ (Amnesty International) ထုတ်ပြန်ချက်၌ ဖော်ပြသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့သည် ဇွန်လ ၂၄ ရက် မှ ဇူလိုင် ၁၂ ရက်အထိ ကျင်းပ သော ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ (၄၁) ကြိမ်မြောက် အ စည်းအဝေးသို့ ရခိုင်ပြည်နယ်အ ရေး နှုတ်ဖြင့်ဖတ်ကြားတင်သွင်းစဉ်   ယင်းသို့ထည့်သွင်းဖော်ပြ သည်။



‘‘ဒီအကြမ်းဖက်မှုအသစ် တွေက မြန်မာနိုင်ငံမှာ တပ်မ တော်ရဲ့ ပုံစံကျမှု၊ စနစ်တကျရှိမှု တွေကို မီးမောင်းထိုးပြနေခြင်း ဖြစ်သလို ပြစ်ဒဏ်ချမှတ်ခြင်းမခံ ရတဲ့ အကျိုးဆက်တွေလည်း ဖြစ် ပါတယ်။ မကြာသေးမီက ကျူး လွန်မှုတချို့ဟာ ၂၀၁၇ နှောင်း ပိုင်းမှာ၊ ဘင်္ဂါလီ (မူရင်းတွင် ရို ဟင်ဂျာ) တွေအပေါ် အကြမ်းဖက် ရာမှာ ကျူးလွန်ပါဝင်ခဲ့တဲ့ တပ် ရင်းတွေပဲဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ဟာလည်း အတူတူပါပဲ’’ ဟု AI ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တပ်မတော်သည် စစ်ဆင် ရေးဆောင်ရွက်ရာတွင် ကျင့်ဝတ် ၆၀၊ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း များ (ROE) နှင့်အညီ နိုင်ငံ၏အ ချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေး၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ထမ်းဆောင်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တုံ့ပြန်သည်။

‘‘အဲဒီလိုထမ်းဆောင်တဲ့နေ ရာမှာ ခုနကပြောတဲ့စည်းမျဉ်း စည်းကမ်းတွေ၊ ညွှန်ကြားချက် တွေရှိတယ်။ အတိအကျလိုက်နာ နိုင်တဲ့သူရှိတယ်။ အချိန်အခါ၊ အ ခြေအနေအရ မလိုက်နာနိုင်တဲ့ သူရှိတယ်။ မလိုက်နာတဲ့သူတွေ ကို တပ်မတော်အနေနဲ့ လျစ်လျူ ရှုထားတာမရှိပါဘူး’’ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က စတင်ကာ မြန်မာအာဏာပိုင်များ က ရခိုင်နှင့်ချင်းပြည်နယ်ရှိ ပဋိပက္ခသင့်နယ်မြေများတွင်အင် တာနက်သုံးစွဲမှုဖြတ်တောက်ထား ကြောင်းနှင့် ယင်းအခြေအနေ သည် သတင်းအချက်အလက်အ မှောင်ချခြင်းဖြစ်ပြီး အရပ်သား များ၏ လုံခြုံရေးအပေါ် လွန်စွာ စိုးရိမ်ကြောင်း AI က ကောင်စီ သို့ ပြောသည်။

ထို့အပြင် မြန်မာအာဏာပိုင် များသည် ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များ လက်တွေ့အ ကောင်အထည်ဖော်မှု      မရှိ ကြောင်း AI က ပြောသည်။ မြန်မာအစိုးရသည် အကြံ ပေးကော်မရှင် အကြံပြုချက် ၈၈ ချက်အနက် ၈၁ ချက်ကို  အ ကောင်အထည်ဖော်နေသည်ဟု ထုတ်ဖော်ပြောကြားသော်လည်း မြေပြင်အခြေအနေတွင် ကွဲပြားမှု များရှိကြောင်း AI  ထုတ်ပြန်ချက်၌ ဖော်ပြသည်။

No comments:

Post a Comment