Saturday, July 13, 2019

ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူနိုင်ပြီ

ရန်ကုန်စတော့ အိတ် ချိန်းစာရင်းဝင် ကုမ္ပဏီများတွင် နိုင်ငံခြားသားများ အစုရှယ်ယာ ၀ယ်ယူခွင့်ကို ပထမအကြိမ် စတင်ခွင့်ပြုကြောင်း ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် စာရင်းဝင် ကုမ္ပဏီများသည် အ ချက် နှစ်ချက်လိုက်နာရမည်ဖြစ် ပြီး နိုင်ငံခြားရှယ်ယာ ပိုင်ဆိုင်မှု ဆိုင်ရာ ခွင့်ပြုမည့် ပမာဏကို ရန်ကုန်စတော့အိတ်ချိန်းသို့ ကြို တင်တင်ပြရခြင်းနှင့် ကြီးကြပ် သည့်အဖွဲ့အစည်း၏ ခွင့်ပြုချက်ရ ယူခြင်းတို့ဖြစ်သည်။



ထို့အပြင် ရန်ကုန်စတော့ အိတ်ချိန်းသည် အချက် ငါးချက် ဆောင်ရွက်ရမည်ဟု ကော်မရှင် က ထုတ်ပြန်ထားသည်။ ၎င်းတို့ မှာ ကုမ္ပဏီများက နိုင်ငံခြားသား များကို ရှယ်ယာစတင်ရောင်းချ သည့်နေ့ရက် ကြေညာခြင်း၊ နိုင်ငံ ခြားသား ပါဝင်ရင်းနှီးမြှုပ်နှံမှုအ တွက်စည်းမျဉ်းများကို ကော်မရှင် ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ခြင်း၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် အစုရှယ်ယာ တစ်မျိုးတစ်စား တည်းထားရှိရန်၊ ကုမ္ပဏီများက ကော်မရှင်သို့ တင်ပြထားသည့် ရှယ်ယာပမာဏအတိုင်း အ ရောင်းအ၀ယ်ဆောင်ရွက်ရန်နှင့် အစုရှယ်ယာ မှတ်တမ်းတင်ရာ တွင် နိုင်ငံခြားကုမ္ပဏီ၏ တိုက် ရိုက်အစုရှယ်ယာ ပိုင်ဆိုင်မှုဖြစ် ပါက နိုင်ငံခြားပိုင်ဆိုင်မှုဟု သတ် မှတ်ရန်ဖြစ်ကြောင်းဆိုသည်။

ကုမ္ပဏီ ဥပဒေအသစ်အရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံ ခြားသား အစုရှယ်ယာပိုင်ဆိုင် မှုကို ၃၅ ရာခိုင်နှုန်းခွင့် ပြုထား ပြီးနောက် ရန်ကုန်စတော့အိတ် ချိန်းတွင်လည်း နိုင်ငံခြား ရှယ်ယာဝယ်ယူခွင့်ကို ၃၅ ရာခိုင် နှုန်းအောက် ခွင့်ပြုခြင်းဖြစ် သည်။ ရန်ကုန်စတော့ အိတ်ချိန်း တွင် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီး အစုရှယ်ယာများ ရောင်းချနေခြင်း ဖြစ်သည်။

No comments:

Post a Comment