Saturday, July 13, 2019

AA ကို ကူညီသည်ဆိုကာ ရခိုင်အသင်း(စင်ကာပူ)တာဝန်ရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးနေ

ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA)ကို ကူညီထောက်ခံနေ သည်ဆိုကာ စင်ကာပူအစိုးရက ပြည်နှင်ဒဏ်ပေး၍ ရန်ကုန် မြို့သို့ ရောက်ရှိလာသော ရခိုင် အသင်း(စင်ကာပူ)ဥက္ကဋ္ဌနှင့် AA စစ်ဦးစီးချုပ်၏ညီဖြစ်သူအပါအ ဝင် သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေသည်။ ဇူလိုင် ၁၁ ရက်နေ့လယ် ၂ နာရီခွဲတွင် စင်ကာပူနိုင်ငံမှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာ သော ရခိုင်အသင်း (စင်ကာပူ)ဥက္ကဋ္ဌ ဦးဟိန်းဇော်ကို သတင်းရဲ တပ်ဖွဲ့ (SB)က ဖမ်းဆီး၍ စစ်ဆေးနေကြောင်း 7Day Daily သတင်း စာက စုံစမ်းသိရသည်။



ထို့အပြင် ယင်းည ၁၁ နာရီတွင် မြန်မာအမျိုးသားလေ ကြောင်းလိုင်းဖြင့် ရန်ကုန်လေ ဆိပ်သို့ ရောက်ရှိလာသော AA စစ်ဦးစီးချုပ်၏ညီဖြစ်သူနှင့် ရခိုင် အသင်း (စင်ကာပူ)မှ တစ်ဦးကို လည်း သတင်းရဲတပ်ဖွဲ့(SB) က ဖမ်းဆီးစစ်ဆေးနေသည်။

၎င်းတို့ကို မရမ်းကုန်းမြို့နယ် ရှိ အောင်သပြေစစ်ကြောရေး စခန်းတွင် စစ်ဆေးနေကြောင်း 7Day Daily က စုံစမ်းသိရသည်။ စင်ကာပူနိုင်ငံမှ ပြန်ရောက်ရှိလာ သူ သုံးဦးကို သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည်ဟု ရန် ကုန်တိုင်းအရှေ့ပိုင်းခရိုင်ရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7Day Daily အား အတည်ပြုသည်။

အဆိုပါဖမ်းဆီးစစ်ဆေးမှု နှင့်ပတ်သက်ပြီး အတည်ပြုရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောရေးဆို ခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးထံ ယမန်နေ့က ဖုန်းဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရပေ။ ထို့အပြင် ဇူလိုင် ၁၀ ရက် ညက ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော ရခိုင်အ သင်း (စင်ကာပူ)မှ ကိုတင်လှိုင်ဦး နှင့် မမေကြီးတို့သည် နေပြည် တော်အနီး၌ ဖမ်းဆီးခံထားရသည် ဟု ဖမ်းဆီးခံရသူ ကိုတင်လှိုင်ဦး က ရခိုင်အခြေစိုက် DMG သတင်း ဌာနအား ပြောကြားထားသည်။

No comments:

Post a Comment