Saturday, July 13, 2019

ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးမှုအချို့နှင့်ပတ်သက်၍ တပ်မတော်က စုံခုံဖွဲ့စစ်ဆေးနေ

ရခိုင်ပြည်နယ်အတွင်း ထိန်းသိမ်း စစ်ဆေးမှုများ ဆောင်ရွက်စဉ် သေဆုံးမှုအချို့ နှင့်ပတ်သက်၍ ဇူလိုင် ၁၂ ရက် ကစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းစစ်ဆေးနေကြောင်း တပ် မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က  သတင်းထုတ်ပြန်သည်။ မင်းပြားမြို့နယ် ပန်းမြောင် ကျေးရွာ၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ ရသေ့တောင် မြို့နယ် ကျောက်တန်းကျေးရွာ၊ ကျောက်တော်မြို့နယ် မင်းသား တောင်ကျေးရွာနှင့် မြောက်ဦး မြို့နယ် ဝေသာလီဆုတောင်း ပြည့်ဘုရားအနီး ဒေသများတွင် တပ်မတော်သားများက AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက် ဆက်နွှယ်သူဟု သံသယရှိသူ များကို ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်စဉ် သေဆုံးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။



အဆိုပါ သေဆုံးမှုဖြစ်စဉ် များနှင့် ပတ်သက်၍အမှန်အတိုင်း ပေါ်ပေါက်စေရန် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က တပ်မတော် နည်းဥပဒေ ၁၇၆ နှင့်အညီ ဇူလိုင် ၁၂ရက် (ယမန်နေ့) ကစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်းထုတ် ပြန်သည်။

ရခိုင်ဒေသ စစ်ရေးပဋိပက္ခ အတွင်း ဖမ်းဆီးထိန်းသိမ်းထားမှု ဖြစ်စဉ်များ၌ နှိပ်စက်ညှဉ်းပန်း မှုခံရခြင်းနှင့် ပစ်ခတ်မှုဖြစ်ပွား ခြင်းတို့ကြောင့် လူသေဆုံးမှု ၁၅ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ အများအပြားရှိသည်ဟု ဒေသ တွင်း ကူညီရေးအဖွဲ့များက ဆို သည်။

သံသယဖြင့် ဖမ်းဆီးစစ် ဆေးစဉ်သေဆုံးမှုများနှင့် ပတ် သက်ပြီး ရခိုင်နိုင်ငံရေးပါတီတာဝန်ရှိသူများအပါအ၀င် ရခိုင်လူမှု အသိုင်းအ၀ိုင်းက ဝေဖန်ခဲ့ကြ သည်။ ထို့အပြင် AA အဖွဲ့ကလည်း အရပ်သားများကို ဖမ်းဆီးထိန်း သိမ်းထားမှုများရှိသည်။

No comments:

Post a Comment