Saturday, July 13, 2019

သမ္မတဒူတာတေး၏ မူးယစ်နှိမ်နင်းရေးစစ်ဆင်ရေး လူအများအပြားသေဆုံးခဲ့မှု ကုလစုံစမ်းမည်

ဖိလစ်ပိုင်သမ္မတဒူတာတေး အစိုးရလက်ထက် မူးယစ်နှိမ်နှင်းရေ စစ်ဆင်ရေးအတွင်း လူအများအပြား သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်တာကို သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ဇူလိုင် ၁၂ ရက်နေ့မှာ ကြိုဆိုလိုက်ပါတယ်။ အဲဒီလို စုံစမ်းစစ်ဆေးမယ့် ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၁ ရက်နေ့မှာ ထောက်ခံမဲ ၁၈ မဲ၊ ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေမဲ ၁၅ မဲတို့နဲ့ အတည်ပြုခဲ့တာပါ။



မူးယစ်နှိမ်နင်းမှုအတွင်း သားဖြစ်သူ ဆုံးရှုံးလိုက်ရတဲ့ ဂျိုစလင်းက သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ကြောင့် သားဖြစ်သူအတွက် အမှန်တရားပေါ်လာမယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

ရဲတပ်ဖွဲ့က ဂျိုစလင်းရဲ့ သားဟာ ရဲကိုပြန်ပစ်ပြီး သူ့မှာ သေနတ်တွေ့ရှိတယ်လို့ ဆိုပါတယ်။ ဂျိုစလင်းကတော့ သားဖြစ်သူမှာ သေနတ်ဝယ်စရာ ငွေမရှိတာမို့ ဒါဟာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဖိလစ်ပိုင် အာဏာပိုင်တွေကတော့ ကွပ်မျက်တယ်ဆိုတာကို ငြင်းဆိုပြီး ရဲတပ်ဖွဲ့က သုတ်သင်ခဲ့တဲ့ လူပေါင်း ၆,၆၀၀ ဟာ လက်နက်ကိုင် မူးယစ်တရားခံတွေဖြစ်ပြီး ရဲတပ်ဖွဲ့ ဖမ်းဆီးတာကို ပြန်လည်ခုခံတယ်လို့ ဆိုပါတယ်။

အခု စုံစမ်းစစ်ဆေးမယ့် ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဖိလစ်ပိုင်ပြည်သူတွေဟာ သမ္မတ ဒူတာတေးကို အပြည့်အ၀ ထောက်ခံတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

No comments:

Post a Comment