Saturday, July 13, 2019

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာလှေအများစုပါဝင်သော တရားမဝင်ငါးသယ်လှေနှင့် ငါးဖမ်းလှေ ၆၆ စင်းကို ပူးပေါင်းအထူးအဖွဲ့က ဝင်ရောက်ဖမ်းဆီး

 ရနောင်းဆိပ်ကမ်းတွင် ဖမ်းဆီးထားသည့် မြန်မာအမည်ဖြင့် ငါးသယ်လှေများကို တွေ့ရစဉ် ထိုင်းနိုင်ငံ ရနှောင်းမြို့တွင် မြန်မာလှေ အများစုပါဝင်သော တရားမဝင်ငါးသယ်လှေ နှင့် ငါးဖမ်းလှေ ၆၆ စင်းအား အထူးဖွဲ့စည်းထားသည့်ပူးပေါင်းအဖွဲ့တစ်ဖွဲ့မှ လျှပ်တစ် ပြက် ဝင်ရောက်ကာ ဖမ်းဆီးထိန်းသိမ်းထား ကြောင်း သိရသည်။ ရနှောင်းမြို့တွင် SAT ( Special Arrest Team) ဟု အမည်ပေးထားသော အထူးအဖွဲ့မှ ဆိပ်ကမ်းများသို့ လျှပ်တစ်ပြက် ဝင်ရောက်ဖမ်းဆီးရာတွင် ဇူလိုင်လအထိလှေ ၆၆ စင်းကို ဖမ်းဆီးရမိထားသည်ဟု ထိုင်းနိုင်ငံ သတင်းမီဒီယာတချို့တွင် ဖော်ပြထား ကြောင်း သိရသည်။

အဆိုပါအထူးအဖွဲ့ကို ထိုင်းနိုင်ငံ တရား မဝင်ငါးလုပ်ငန်းပြဿနာများဖြေရှင်းရေး ဗဟိုကော်မတီ၊ စိစစ်ကြပ်မတ်ရေးဆပ်ကော် မတီဥက္ကဋ္ဌဌ ဒုတိယရဲဗိုလ်ချုပ်ကြီးကြာရူးဝပ်ဝိုင်စယာ့ဦးစီးသည့်ရဲတပ်ဖွဲ့နှင့် ငါးလုပ်ငန်း (ဗဟို) တို့ ပူးပေါင်းဖွဲ့စည်းထားပြီး ဖမ်းဆီးရာ တွင် ထိုင်းတပ်မတော် (ရေ) မှ စစ်ရေယာဉ် တစ်စင်းလည်း ပါဝင်လာကြောင်း သိရသည်။
သတင်းများအရ ဇွန် ၂၂ ရက်မှ စတင် ကာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဆိပ်ကမ်းများသို့ လျှပ် တစ်ပြက် ဝင်ရောက်ဖမ်းဆီးရာ မြန်မာအမည် တပ်ထားသည့် လိုင်းဖြူလှေအများအပြားပါ ဝင်နေကြောင်း မြန်မာနိုင်ငံမှ ရေလုပ်ငန်း ကဏ္ဍဍများအတွက် စောင့်ကြည့်နေသူများက ဆိုသည်။
ထိုင်းနိုင်ငံတွင်၂၀၁၉ ခုနှစ် ဧပြီလက အာဆီယံဒေသတွင်းရှိ ငါးလုပ်ငန်းဆောင် ရွက်လျက်ရှိသော နိုင်ငံများမှကိုယ်စားလှယ် များနှင့် EU မှကိုယ်စားလှယ် ၇၀ ပါဝင်သော IUU (ငါးလုပ်ငန်းဆိုင်ရာမိတ်ဘက်အဖွဲ့)အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဌဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ငါးလုပ်ငန်းကိစ္စရပ်များ တွင် နာမည်ကောင်းရရန် ဒုတိယဝန်ကြီးချုပ် အား SAT အဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထိုင်းနိုင်ငံကသတင်းမီဒီယာတွေမှာကြေညာထားတာက ၆၆ စင်းလို့တွေ့ရပါ တယ်။ ကျွန်တော်တို့ကို တရားဝင်စာရင်းမပို့ သေးဘူး။ ရုံးချုပ်ကိုပဲ သူတို့က ပို့လိမ့်မယ်။ဟိုတစ်ခါတုန်းက ၅ စင်းတစ်ခါပို့ဖူးတယ်။အဲဒီ ၅စင်းစလုံးက လိုင်စင် မလုပ်ထားတဲ့ လှေတွေ၊ တချို့နာမည်တူလှေတွေဆိုပြီးအကြောင်းပြန်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ၆၆ စင်းမိတယ်လို့ကြေညာသွားပြန်တယ်။ မြန်မာ စာလုံးတွေတပ်ထားတာတွေ့ရတယ်။ သူတို့ နိုင်ငံမှာနေဖို့ဆိုရင် လိုင်းအနီ (ငါးဖမ်းလှေ)ကို ပေးမနေဘူး။ အဖြူရောင်ချည်းသုတ်ထား တဲ့ ထိုင်းလှေတွေလည်းတွေ့ရတယ်။ လိုင်းဖြူ တွေလည်းတွေ့ရတယ်။ လှေပုံစံက ငါးဖမ်း လှေ၊ ဒါပေမဲ့ လိုင်းဖြူ (ငါးသယ်လှေ)ဖြစ်နေ တယ်။ အခုထိတော့ ကျွန်တော်တို့ ရုံးချုပ်ကို စာပို့ဆက်သွယ်နေတယ်လို့တော့ကြားရပါတယ်။ ကျွန်တော်တို့ဆီကိုတော့ ဆက်သွယ် လာခြင်းမရှိသေးဘူး”ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန့် ဇင်က ဇူလိုင် ၁၁ ရက်တွင် ပြောကြားသည်။
လက်ရှိအနေထားအရ မြန်မာနိုင်ငံတွင် ငါးသားပေါက်ရာသီငါးဖမ်းဆီးခွင့်ပိတ်ထား သောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ထိုင်း နိုင်ငံသို့ ရောက်ရှိနေသည့်မြန်မာလှေများမှာ ရနှောင်းမြို့ရှိ ငါးဝယ်ယူသည့်ဂိုဒေါင်တံတား များတွင် ဆိုက်ကပ်ထားရကြောင်း သိရသည်။
“ ထိုင်းနိုင်ငံအနေနဲ့ အီးယူကအဝါကတ် ပေးထားတာ လွတ်သွားရုံပဲရှိပါသေးတယ်။ အဲဒီအချိန်မှာ နာမည်ကောင်းထပ်ယူဖို့မြန် မာရေလုပ်သားတွေ၊ မြန်မာငါးဖမ်းလှေတွေ ကို အသုံးချပြီး IUU စည်းမျဉ်းတွေ လိုက်နာ နေသယောင်လုပ်ပြသွားတာပါ။ ဒါကမြန်မာ နိုင်ငံအတွက် ကောင်းတဲ့အနေထားမဟုတ်ဘူး။ သူတို့ထိထားတဲ့အဝါကတ်က မြန်မာနိုင်ငံဘက် လှည့်လာနိုင်တယ်။ ကိုယ့်နိုင်ငံကရေ ထွက်ပစ္စည်းတွေ၊ ကိုယ့်နိုင်ငံက အလုပ်သမား တွေ၊ ကိုယ့်နိုင်ငံကလှေတွေနှင့်သူတို့ (ထိုင်း)ကို သွားပြီးထောက်ပံ့နေရတဲ့အနေထားကိုအခုထိသဘောမပေါက်သေးတဲ့ မြန်မာအစိုး ရကိုတော့အံ့သြတဲ့အဆင့်ကိုရောက်လာပါပြီ”ဟု မြိတ်မြို့မှ ရေလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ဆိုသည်။
ထိုင်းနိုင်ငံ ရနှောင်းမြို့တွင် ဖမ်းဆီးရမိ ထားသော လှေတချို့တွင် ထိုင်းနိုင်ငံသားပိုင် ဟုဝန်ခံထားသောလှေ ခုနစ်စင်းသာရှိပြီး ကျန်သည့်လှေများကို မြန်မာနိုင်ငံမှဖြစ်သည် ဟုပုံဖော်ထားကာ လှေသားများကိုလည်း ရနှောင်းအချုပ်ထောင်တွင် ဖမ်းဆီးထား ကြောင်း စောင့်ကြည့်နေသူများက ပြောကြား ခဲ့သည်။
ဖမ်းဆီးရမိထားသောလှေများကို ပုံစံ ပြောင်းလဲခြင်း၊ ပိတ်ကာထားခြင်း၊ သင်္က࿿တေ ပြောင်းလဲခြင်း၊ လုပ်ငန်းလိုင်စင်ပြောင်းလဲ ခြင်း၊ ထိုင်းသက္ကရာဇ် ၂၅၅၈ ခုနှစ်တွင် ထုတ် ပြန်ထားသောဥပဒေဖြင့် ငြိစွန်းခြင်း၊ ၉၅/ ၁၀၅(၂) (အမိန့်အမှတ်၂၂/၂၅၆၀ အပိုဒ်-၂၂)၊ရေကြောင်း ဥပဒေပုဒ်မ ၁၇ (ပုဒ်မ ၂၄ အရအပြစ်ပေးရန်)၊ ဆိပ်ကမ်းဌာနကြေငြာ ချက်အမှတ် ၅၁/၂၅၆၁ (၁၉-၃-၂၅၆၁) တို့ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်သလို ထိုင်းသက္ကရာဇ်၂၅၆ဝခုနှစ် ဥပဒေပြင်ဆင် ချက်အမှတ်(၂)၊ ပုဒ်မ၁၆၅(ရေသတ္တဝါများတရားမဝင်သယ်ယူခြင်းဆိုင်ရာဥပဒေ)၊ ထိုင်း သက္ကရာဇ် ၂၅၆၀ ခုနှစ်တွင် ထုတ်ပြန်သော ဥပဒေပုဒ်မ ၁၆၅၊ ပုဒ်မ ၉၂၊ ၉၅၊ ၉၆/ ၁၅၈ (ပြစ်ဒဏ်မှာရေထွက်ပစ္စည်း တန်ဖိုး၏ငါးဆ)၊ နိုင်ငံခြားသားတရားမဝင်ဝင်ရောက်မှုပုဒ်မ၁၁/၉၂တို့ဖြင့် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံမီဒီယာများကသတင်းထုတ်ပြန်ကြေညာထားခဲ့ကြောင်း သိ ရသည်။

No comments:

Post a Comment