Saturday, July 13, 2019

ယူရို ၉ ဘီလီယံ တန်ဖိုးရှိ ပြင်သစ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောဖွင့်ပွဲ ကျင်းပ

ယူရို ၉ ဘီလီယံ တန်ဖိုးရှိတဲ့ ပြင်သစ်နိုင်ငံရဲ့ နောက်ဆုံးပေါ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောဖွင့်ပွဲ အခမ်းအနားကို  ဇူလိုင် ၁၂ ရက်နေ့က သမ္မတ မာခွန်း တက်ရောက် ခဲ့ပါတယ်။ ပြင်သစ်အစိုးရဟာ ရေတပ်အုပ်စုက ပြုလုပ်တဲ့ တန်ချိန် ၅,၀၀၀ ရှိတဲ့ ရေငုပ်သင်္ဘော  ၆ စီး မှာယူထားပြီး အဲဒီရေတပ်အုပ်စုမှာ ကာကွယ်ရေးကုမ္ပဏီ သဲလက်စ်က ရှယ်ယာ ၃၅ ရာခိုင်နငန်း ပါဝင်ပါတယ်။ အဲဒီအတွက် ပြင်သစ်ရေတပ်ဟာ “ဘာရာကူဒါ” အတန်းအစား  ပထမဆုံး ရေငုပ်သင်္ဘော ဆူဖန်ကို ၂၀၂၀ ပြည့်နှစ်မှာ ရေကြောင်းခရီး စမ်းသပ်မောင်းနှင်ဖို့ မျှော်မှန်းထားပြိး ကျန်သင်္ဘောတွေကတော့ သက်တမ်းရင့် “ရူဘီ” အတန်းအစား ရေငုပ်သင်္ဘောနေရာတွေမှာ အစားထိုးပြီး လာမယ့် ဆယ်စုနှစ်မှာ တာဝန်စထမ်းမှာ  ဖြစ်ပါတယ်။ နျူစွမ်းအင်သုံး ဆူဖန် ရေငုပ်သင်္ဘော တည်ဆောက်ရေးမှာ ပညာရှင် နဲ့  ကျွမ်းကျင်လုပ်ငန်း ၄၀၀ ခန့်အပါအ၀င် လူ ၁ သိန်းဝန်းကျင် ပါဝင်ခဲ့ပြီး ၁၂ နှစ်ကြာ တည်ဆောက်ခဲ့ရပါတယ်။ ဒါဟာ ရေငုပ်သင်္ဘောသက်သက် တည်ဆောက်တာ မဟုတ်ဘဲ ပြင်သစ်နိုင်ငံ လွတ်လပ်ရေး နဲ့ အချုပ်အခြာအာဏာကို တည်ဆောက်တာလို့ ရေငုပ်သင်္ဘောဖွင့်ပွဲ အခမ်းအနားမှာ သမ္မတ မာခွန်းက ပြောပါတယ်။

No comments:

Post a Comment