Saturday, July 13, 2019

အီကွေဒေါ အမေဇုန် မိုးသစ်တောရောင်းချမည့်ကိစ္စ တရားရုံး တာဆီး၊ ဌာနေတိုင်းရင်းသားများ အောင်ပွဲခံ

အီကွေဒေါနိုင်ငံ အမေဇုန်မိုးသစ်တောက မြေတွေ ရောင်းချမှာကို တရားရုံးက တားဆီးလိုက်ပြီးနောက် ဇူလိုင် ၁၁ ရက်နေ့က အဲဒီမှာ နေကြတဲ့ ဌာနေတိုင်းရင်းသားတွေ အောင်ပွဲ ခံနေကြပါတယ်။ အီကွေဒေါအစိုးရဟာ အဲဒီမိုးသစ်တောမြေတချို့ကို ရေနံကုမ္ပဏီတွေထံ လေလံတင် ရောင်းချဖို့ ကြိုးပမ်းခဲ့တာပါ။ အဲဒါနဲ့ ပတ်သက်လို့ တရားရုံးက ဘိုးဘွားပိုင်မြေတွေကို ရေနံကုမ္ပဏီတွေထံ  ရောင်းချမယ့် အစီအစဉ်ကို အစိုးရက ဒေသခံ တိုင်းရင်းသား ၂၀၀၀ ကို ဆွေးနွေးတိုင်ပင်ခဲ့တာ မရှိဘူး ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလက ဆုံးဖြတ်ခဲ့ပါတယ်။


တရားရုံး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အစိုးရက အယူခံဝင်ခဲ့ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ နှစ်ချီကြာမြင့်နေတဲ့ ဥပဒေရေးရာ အငြင်းပွားမှုကို တရားရုံးက အဆုံးအဖြတ်ပေးခဲ့ပြီး ၀ိုရာနီ တိုင်းရင်းသားတွေဘက်က အနိုင်ရခဲ့ပါတယ်။

ဒီအောင်ပွဲနဲ့ ပတ်သက်ပြီး ၀ိုရာနီ တိုင်းတိုင်းသားပြောခွင့်ရ ပုဂ္ဂိုလ်က တခြားအဖွဲ့အစည်းတွေနဲ့ ပူပေါင်းပြီး တိုင်းရင်းသား နယ်မြေတွေနဲ့ တိုင်းရင်းသားတွေကို လေးစားအောင် မိုးသစ်တောအတွင်း တိုင်းရင်းသားတွေ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရအောင် ကြေညာသွားမယ်လို့ ပြောပါတယ်။

No comments:

Post a Comment