Saturday, July 13, 2019

တူနီးရှားတွင် ရွှေ့ပြောင်းလာသူများ လှေနစ်မြုပ်ခဲ့မှုကြောင့် သေဆုံးသူ ၇၂ ဦး ရှိပြီ

ပြီးခဲ့တဲ့ သီတင်းပတ်က  တူနီးရှားကမ်းလွန်မှာ နစ်မြုပ်ခဲ့တဲ့  ရွှေ့ပြောင်းလာသူတွေရဲ့ လှေကနေ ဇူလိုင် ၁၂ ရက်နေ့မှာ အလောင်းတွေကို ထပ်မံတွေ့ရှိထားပြီး စုစုပေါင်း သေဆုံးသူ ၇၂ ယောက်အထိ ရှိသွားပြိ ဖြစ်ပါတယ်။ အဲဒီလှေဟာ လစ်ဗျားနိုင်ငံကနေ ဥရောပကို ထွက်ခွာလာပြီး တိမ်းမှောက်ခဲ့တာပါ။ လှေပေါ် လိုက်ပါလာသူ ၄ ယောက်ကို ဆယ်ယူရရှိပြီး သူတို့က လိုက်ပါသူ ၈၆ ယောက်ရှိတယ်လို့ တူနီးရှားကမ်းခြေစောင့်တပ်ဖွဲ့ကို ပြောပါတယ်။ တူနီးရှားလခြမ်းနီအဖွဲ့ တာဝန်ရှိသူက ပင်လယ်ထဲမှာ အလောင်းတွေ အများရှိနေတယ်လို့ သင်္ဘောသားတွေက ပြောပြီး အဲဒီသင်္ဘောသားတွေဟာ တခြားသင်္ဘောတွေနဲ့ အဆက်အသွယ် ရှိလာက်တယ်လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း မြေထဲပင်လယ်မှာ သေဆုံးတဲ့ ရွှေ့ပြောင်းသူ အရေအတွက်ဟာ အခုချိန်ထိ  ၆၈၂ ယောက်ရှိတယ်လို့ ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းက ခန့်မှန်းထားပါတယ်။

No comments:

Post a Comment