Saturday, July 13, 2019

ရွှေ့ပြောင်းလာသူများ ပြင်သစ်တွင် နေထိုင်ခွင့်ပြုရေး တောင်းဆို

အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်လာတဲ့ အင်္ကျီနက်ဆန္ဒပြသူဟာ ဇူလိုင် ၁၂ ရက်နေ့က ပဲရစ်မြို့ အထင်အရ ပါသီနွန်အဆောက်အဦကို ၀င်ရောက်စီးနင်းပြီး ပြင်သစ်မှာ ဆက်နေခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူ ခန့်မှန်း ၂၀၀ ကနေ ၃၀၀ ဝန်းကျင်ရှိပြီး အနောက်အာဖရိကကလာသူ အများစုဖြစ်တဲ့ ဆန္ဒပြသူတွေဟာ ဗော်လ်တဲယားနဲ့ ဗစ်တာဟူဂိုတို့လို အမျိုးသား သူရဲကောင်းတွေကို မြှုပ်နှံထားရာ  အဆောက်အဦထဲ ၀င်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ရိုက်တာကို ပြောပါတယ်။


မော်ရီတေးရီးယားနိုင်ငံက အထောက်ထားမဲ့ ရွှေ့ပြောင်းလာသူတဦးက ပါသီနွန်အဆောက်အဦဟာ ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်တဲ့ နေရာဖြစ်တာမို့ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ဒေါသဖြစ်နေတာကို ပြသဖို့ လာရောက်တာလို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံကို ရောက်မလာခင်က ပြင်သစ်ဟာ လူ့အခွင့်အရေးတင်မကဘဲ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုရှိတဲ့ နိုင်ငံလို့ သိထားပြီး ရောက်လာချိန်မှာတော့ လူမျိုးရေးခွဲခြားရေး အများအပြား ကြုံတွေ့ရတယ်လို့ သူက  ပြောခဲ့ပါတယ်။

No comments:

Post a Comment