Saturday, July 13, 2019

ဗစ်တိုးရီးယား၊ လူထု၊ ရဲတပ်ဖွဲ့နဲ့ အမှန်တရား

‘‘ဗစ်တိုးရီးယားအတွက် တ ရားမျှတမှု ရှာဖွေရေး တို့အရေး...တို့အရေး’’
‘‘ကလေး သူငယ်များ အ တွက် လုံခြုံတဲ့ပတ်ဝန်းကျင် ဖန် တီးရေး တို့အရေး...တို့အရေး’’
‘‘နောက်ထပ် ဗစ်တိုးရီးယား များ အလိုမရှိ ...အလိုမရှိ’’
ပြီးခဲ့တဲ့ရက်ပိုင်းဖြစ်တဲ့ ဇူ လိုင် ၆ ရက်က ရန်ကုန်မြို့မှာ ပြု လုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲက ကြွေး ကြော်သံများဖြစ်ပါတယ်။ နိုင်ငံ တစ်ဝန်းကပြည်သူတို့ စိတ်ဝင်တ စားရှိခဲ့ကြတဲ့ နေပြည်တော်က သမီးငယ်ဗစ်တိုးရီးယားရဲ့ ဖြစ်ရပ် နဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ဆန္ဒ ထုတ်ဖော်ပွဲက အသံများပါ။



သမီးငယ်ဗစ်တိုးရီးယားဖြစ် ရပ်ကတော့ ထူးထွေပြီးရှင်းပြ၊ ပြောပြနေစရာမလိုအောင် အား လုံးလက်လှမ်းမီသိရှိကြတဲ့ ဖြစ် ရပ်ပါ။ အသက်(၃)နှစ်မပြည့် သေးတဲ့ သမီးငယ်လေးအပေါ် ယုတ်မာစွာ ပြုကျင့်ခဲ့ခြင်းဖြစ်ပါ တယ်။

 ကျူးလွန်ခံခဲ့ရတာဟာ ကျောင်းမှာလား၊ လမ်းမှာလား၊ အိမ်မှာလားဆိုတဲ့ အငြင်းပွားဖွယ် ကိစ္စရပ်၊ တစ်လကျော်သည်အထိ တရားခံကို ဖော်ထုတ်ဖမ်းဆီး နိုင် ခြင်းမရှိခဲ့တာ၊ တစ်လနီးပါးကြာစစ်မေးခဲ့တဲ့သံသယတရားခံကို သက်သေ မခိုင်လုံဘူးလို့ဆိုပြီး ပြန်လွှတ်ပေးခဲ့ပြီးနောက် ၁၀ရက် အကြာမှာ တရားခံပါဆိုပြီး ပြန် လည်ဖမ်းဆီး အမှုစွဲတင်ခဲ့တာ၊ ဒုရဲချုပ်ဖြစ်တဲ့ ရဲဗိုလ်ချုပ် အောင် နိုင်သူရဲ့ သတင်းစာရှင်းလင်းပွဲက  ထုတ်ဖော်ရှင်းလင်းချက်တို့ဟာ ဝေဖန်ထောက်ပြစရာ၊ မေးခွန်း ထုတ်စရာများစွာ  ပါဝင်နေခဲ့ပါ တယ်။ ဒီအချက်တွေကြောင့် လည်း ဗစ်တိုးရီးယားလေးနဲ့ပတ် သက်ပြီး အများပြည်သူက  အထူး တလည်စိတ်ဝင်တစားဖြစ်ခဲ့ပြီး လမ်းပေါ်ထွက် ဆန္ဒပြရတဲ့အထိ လည်း ဖြစ်ခဲ့ပါတယ်။

အဲဒီလိုအချိန်မှာပဲ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အပေါ် ဝေဖန် ထောက်ပြစရာတွေ ထပ်မံပေါ် ထွက်လာပြန်ပါတယ်။ အဲဒါက တော့ သမီးငယ်ဗစ်တိုးရီးယားအ ရေးနဲ့ပတ်သက်ပြီး  တစိုက်မတ် မတ်ပါဝင်ဆောင်ရွက် ကူညီပေး နေသူတစ်ဦးဖြစ်တဲ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက် တာဝင်းကိုကိုသိန်း(ဖေ့စ်ဘွတ်ခ် အကောင့်အမည်သက္ကမိုးညို)ကို  ရဲတပ်ဖွဲ့က  အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ဇူလိုင် ၁၀ ရက်က  အမှုဖွင့်လိုက်တာပါ။

အဲဒီနေ့ညပိုင်းမှာပဲ ရဲတပ် ဖွဲ့ဘက်က  ထုတ်ပြန်ချက်တစ် စောင်ကိုလည်း ရဲဇာနည်ဖေ့စ် ဘွတ်ခ်ကနေ ထုတ်ပြန်လာပါ တယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ‘အချို့က မိမိစိတ်အထင်ဖြင့်  ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေ ရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြ စေရန် လှုံ့ဆော်မှုအရေးအသား များ၊ Victoria အတွက် အလှူခံ သည်ဟုအကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံ နေမှုများ၏ ပထမအဆင့်အနေ ဖြင့် သက္ကမိုးညိုအကောင့်ပိုင်ရှင် အား ကြိုတင်လျှို့ဝှက်စုံစမ်းဖော် ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရ သည်နှင့် ဥပဒေနှင့်အညီသာ  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ  ဆက် စပ်ပတ်သက်မှုများကိုလည်း  ဆက်လက်စိစစ်ဖော်ထုတ်အရေး ယူသွားမည်ဖြစ်ပါကြောင်း။ Victoria ကိစ္စအကြောင်းပြုပြီး ငွေ အလှူခံမှုသည် ရိုးသားမှုရှိလျှင် တော့ မပြောလိုပါ။ ရိုးသားမှုမရှိ လျှင် လက်မခံဘဲ စိစစ်အရေးယူ ပါမည်’ဆိုတဲ့အချက်တွေပါဝင်ခဲ့ ပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တို့ဘက်က ပြန်လည်တုံ့ပြန်ပြော ဆိုမှု၊ လှောင်ပြောင်သရော်မှုများ ပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက် က ဒီလိုအရေးယူမှု၊ ဒီလိုထုတ်ပြန် မှုတွေကို ပြုခဲ့တာဟာ ဆိုခဲ့သလို အများရဲ့ဝေဖန် ထောက်ပြမှုတွေ ဆီကို ထပ်မံဦးတည်စေခဲ့သလို  တစ်ဖက်ကလည်း သမီးငယ်ဗစ် တိုးရီးယားအတွက် အမှန်တရား ပေါ်ထွက်ရေး၊ လူသားချင်းစာနာ ထောက်ထားစွာ ကူညီမှုပေးရေး အတွက် ဆောက်ရွက်တဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှု၊ လူထုရဲ့ တွန်း အားတွေအပေါ် သက်ရောက် လာစေမှာ ဖြစ်ပါတယ်။

ဒါဟာ ကောင်းတဲ့ရလဒ် မဟုတ်ပါဘူး။ လူမမည်အရွယ်  ကလေးငယ်လေးအပေါ်မတရား ပြုကျင့်မှုကို တာဝန်ရှိအဖွဲ့အ စည်းဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ဆောင်ရွက်နေသလို အများ ပြည်သူဘက်ကလည်း တစ် ထောင့်တစ်နေရာက ပူးပေါင်းပါ လာခြင်းများအပေါ် ထိခိုက်စေ တာကြောင့် ဒီအရေးယူမှု၊ ဒီထုတ် ပြန်မှုတွေဟာ အနုတ်လက္ခဏာ ဆောင်တဲ့ဆီကိုသာ  ဦးတည်စေ တယ်လို့ မှတ်ချက်ပြုချင်ပါတယ်။

ဗစ်တိုးရီးယားအတွက် အ မှန်တရားဟာ ဝေးသလား၊ နီးသ လားဆိုတာ အခုအချိန်ထိ ဝေခွဲရ ခက်နေဆဲပါ။ ကျူးလွန်သူလို့  တရားစွဲတင်ခံရသူဟာလည်း အ စစ်အမှန်ဟုတ်သလားဆိုတာ  အ ငြင်းပွားစရာများစွာနဲ့ ဖြတ်သန်း နေရတဲ့ကာလပါ။ အစစ်အမှန် တရားခံကိုကော ဖော်ထုတ်လာ နိုင်မလားဆိုတာ စိတ်ဝင်စားစရာ ပါ။ လာမယ့် ဇူလိုင် ၁၅ ရုံးထုတ် ကနေစပြီး အမှန်တရားအတွက် ခြေလှမ်းများစတင်လာတော့မှာ ဖြစ်ပါတယ်။

ဒက္ခိဏခရိုင် ခရိုင်တရားရုံး ဘက်ကတော့ ဒီအမှုကို အများ ပြည်သူရှေ့မှောက်မှာစစ်ဆေးမှာ ဖြစ်ပြီး  အမှန်တရားဖြစ်စေဖို့ ရဲရဲ ကြီးအာမခံတယ်လို့ ဆိုလာပါ တယ်။ ထို့အတူပဲ တရားခံလို့စွပ် စွဲအမှုဖွင့်ခံရသူဖြစ်တဲ့ အောင်ကြီး  ဘက်ကရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးမယ့်  တရားလွှတ် တော်ရှေ့နေကလည်း အခုလို လိုက်ပါ ဆောင်ရွက်ခြင်းဟာ အ မှန်တရားကို ဖော်ထုတ်ပြီး တရား ခံအစစ်ကို ရှာဖွေဖို့ဖြစ်တယ်လို့ ဆိုလာပါတယ်။ အမှန်တရားကို လိုလားကြတဲ့ ပြည်သူလူထုအ တွက်  အားတက်စရာပြောစကား များဖြစ်ပါတယ်။

ဗစ်တိုးရီးယားလိုပဲ လူမမည် အရွယ်မိန်းကလေးငယ်လေးတွေ အပေါ် ယုတ်မာရက်စက်စွာ မတရားပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်များ စွာလည်း အတိတ်ကာလထဲမှာရှိ ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲမှာဖအေ အရင်း၊ ပထွေး၊ သင်္ကန်းဝတ်၊ ခရစ်ယာန် တရားဟောဆရာ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်စ တဲ့ပုဂ္ဂိုလ်တို့ရဲ့ ပြုကျင့်မှုတွေ လည်း ပါဝင်ပါတယ်။

မကြာသေးခင်ကာလကဖြစ် ခဲ့တဲ့ဖြစ်ရပ်တွေထဲမှာတင်ပဲ (၂) နှစ်မပြည့်သေးတဲ့ ကလေးငယ်ကို သင်္ကန်းဝတ်က အဓမ္မပြုကျင့်မှု၊ (၁၅) နှစ်အရွယ်သမီးအရင်းကို ဖခင်က အဓမ္မပြုကျင့်မှု၊(၇) နှစ်အရွယ် ဒုတိယတန်း ကျောင်းသူ ကို ပထွေးဖြစ်သူကပြုကျင့်မှုတွေ ပါဝင်ခဲ့ပါတယ်။ တချို့သက်ငယ်မုဒိမ်း ဖြစ်စဉ်တွေမှာဆိုရင်အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့ထိ ဖြစ်ခဲ့ပါတယ်။

ထုတ်ပြန်ချက်စစ်တမ်းတွေ အရဆိုရင် သက်ငယ်မုဒိမ်းမှုတွေ ဟာ ကြောက်မက်ဖွယ်ကောင်း လောက်အောင် တစ်နှစ်ထက် တစ်နှစ်တိုးလို့သာလာနေတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှု ၆၇၁ မှု၊ ၂၀၁၇ ခုနှစ်မှာ ၈၉၇ မှုနဲ့ ၂၀၁၈ခုနှစ်မှာ ၁,၁၂၀ မှုဖြစ်ပွားခဲ့တယ်လို့ စစ် တမ်းများက ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ ဘာ့ ကြောင့်များလာသလဲ၊ ဘယ်လို ထိန်းချုပ်မလဲဆိုတဲ့မေးခွန်းတွေ  ထုတ်ခဲ့ကြတာ နှစ်အတော်ကြာ ခဲ့ပါပြီ။ ဒီလိုတစ်နေ့ထက်တစ်နေ့ တိုးပွားများပြားလာနေတဲ့ သက် ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး  ထိရောက်အောင် ဘယ်လိုကာ ကွယ်ကြမလဲဆိုတဲ့ မေးခွန်းကို ပြည်သူလူထုဘက်က ထုတ်ဆင့် မေးမြန်းခဲ့တဲ့ ကာလကလည်း အ တော်လေးကို ကြာရှည်ခဲ့ပါပြီ။ လွှတ်တော်ကိုယ်စားလှယ်တို့ထံ တွန်းအားပေးခြင်း၊ လမ်းမတွေ ထက်ကနေ ဆန္ဒထုတ်ဖော်ခြင်း နည်းတွေနဲ့လည်း ဒီမေးခွန်းရဲ့ အဖြေကို ရှာဖွေခဲ့ကြပါတယ်။

လမ်းပေါ်ထွက် ဆန္ဒထုတ် ဖော်ရင်း မေးခွန်းတွေအကြိမ်ကြိမ် ထုတ်ခဲ့၊ တောင်းဆိုမှုတွေအကြိမ် ကြိမ်ပြုခဲ့ကြတာလည်း အားလုံး အသိဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းသေဒဏ်ပေးရေးဆိုတဲ့ကြွေး ကြော် တောင်းဆိုမှုများလည်း  ပြုခဲ့သလို ဥပဒေတစ်ခုထွက်ပေါ် လာဖို့လည်း တိုက်တွန်းခဲ့ကြပါ တယ်။ အဲဒီလိုအချိန်ကာလမှာပဲ  ဝေဖန်ထောက်ပြစရာများစွာ ပါဝင်နေတဲ့ ဗစ်တိုးရီးယားအမှုထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်သမီးငယ်ဗစ်တိုး ရီးယားဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုဘက်က ဆန္ဒထုတ် ဖော်မှုတွေဆက်တိုက်  ပြုလုပ် လာတာကိုတွေ့ရပါတယ်။ အခု ဆောင်းပါးရေးနေချိန်အထိ ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီးတဲ့ ဒေသတွေ ကတော့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ ထားဝယ်နဲ့ စစ် ကိုင်းတို့မှာဖြစ်ပါတယ်။

ဒီလို ပြည်သူလူထုဘက်က တောင်းဆိုမှုတွေ၊ ဆန္ဒထုတ်ဖော် မှုတွေ၊ ဝေဖန်ထောက်ပြမှုတွေ၊ ကန့်ကွက်မှုတွေ ပြုနေကြတယ်ဆိုတာဟာ သမီးငယ်ဗစ်တိုးရီးယားအမှု အမှန်တရားပေါ်ထွက်ဖို့၊ နောက်ထပ် ဗစ်တိုးရီးယားလေး  များထပ်မံပေါ်ထွက်မလာဖို့တွက် ရည်သန်ခြင်းသာဖြစ်ပါတယ်။

တစ်နည်းဆိုရရင် အမှန် တရားပေါ်ထွက်ရေး၊ တရားမျှတ မှုရရှိရေး၊ လူမမည်အရွယ်က လေးငယ်များ သက်ငယ်မုဒိမ်းမှု ဘေးက လွတ်ကင်းရေးဘက်က နေ ပြည်သူက  ရဲရင့်တည်ကြည် စွာ ရပ်တည်ပြခြင်းသာ ဖြစ် ကြောင်းပါ။။

No comments:

Post a Comment