Saturday, July 13, 2019

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလုပ်ခဲ့တဲ့ ဖခင်ကို ပြန်သတ်ခဲ့တဲ့ ရုရှား ညီအစ်မ သုံးဖော်ကို အပြစ်လွှတ်ပေးဖို့  ၀ိုင်းရံသူတွေ လက်မှတ်ရေးထိုး တောင်းဆို

Image may contain: 3 people, textပြီးခဲ့တဲ့နှစ် နွေည တစ်ညမှာ ကရီစတီနား၊ အိန်ဂျလီနာနဲ့ မာရီယာ ခါချာတူရွိုင်တို့  ညီအစ်မ သုံးဖော်ဟာ အိပ်ပျော်နေတဲ့ အသက် ၅၇ နှစ်အရွယ် ဖခင်ဖြစ်သူ မီခေးလ်ရဲ့ အခန်းထဲကို တိတ်တဆိတ်ဝင်ရောက်ကာ ငရုတ်ကောင်း စပရေး၊ ဓါး၊ တူ တွေနဲ့  ဖခင်ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ အကျင့်မကောင်းတဲ့ ဖခင်ကို သတ်ဖြတ်ခဲ့မှုနဲ့  တရားရင်ဆိုင်နေရပြီဖြစ်တဲ့ သူတို့  ညီအစ်မသုံးဖော်ကို လူထောင်ပေါင်းများစွာက ၀န်းရံထောက်ခံနေကြကာ သူတို့ တွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလုပ်နေတဲ့ ဖခင်ရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ကြတာသာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
ညီအစ်မသုံးဖော်ကို တရားစွဲဆိုခဲ့တဲ့ ရုရှား ဥပဒေစနစ်ကို ၄င်းတို့ က ဝေဖန်ခဲ့ကာ အိမ်တွင်း အနိုင်ကျင့်စော်ကားမှုကို မျက်ကွယ်ပြုခဲ့ကြောင်း ဆိုခဲ့ကြပါတယ်။



လူပေါင်း ၂၃၀၀၀၀ ကျော်က လက်မှတ်ရေးထိုးကာ ညီအစ်မသုံးဖော်ကို ပြစ်မှုဆိုင်ရာ စွဲချက်တွေမှ ကင်းလွတ်ခွင့်ပေးဖို့  အသနားခံခဲ့ကြပြီး အလားတူဖြစ်ရပ်မျိုး ဘယ်သူမဆို ကြုံလာရနိုင်တာကြောင့် တရားရေးစနစ်ကို ပြောင်းလဲဖို့  လိုပြီလို့  ယုံကြည်ကြောင်း အမျိုးသမီးများစွာက ပြောဆိုခဲ့ကြပါတယ်။

“သူတို့ ညီအစ်မတွေနဲ့ ကျမ တသားတည်း ရပ်တည်ပါတယ်” လို့  မော်စကိုမြို့ က နိုက်ကလပ် တစ်ခုမှာ ညီအစ်မသုံးဖော်ကို ထောက်ခံတဲ့ ကဗျာရွတ်ပွဲအတွင်း စကားပြန်တစ်ဦးဖြစ်သူ အန်နာ စင်ယတ်ကီနာ က ပြောဆိုခဲ့ပါတယ်။ ယင်း ကဗျာရွတ်ပွဲကို အမျိုးသမီးငယ် အများစုပါဝင်တဲ့ လူ ၂၀၀ ၀န်းကျင် တက်ရောက် ခဲ့ပါတယ်။ သူ့ အနေနဲ့  အလားတူ အခြေအနေမျိုး ကြုံခဲ့ရင် သူတို့ ညီအစ်မတွေလိုပဲ လုပ်ဖြစ်နိုင်ကြောင်း ဒါပေမဲ့လည်း ကိုယ့်ဘ၀ကို ကိုယ်ကာကွယ်တာဖြစ်ပေမယ့် မိမိအပေါ် ကာကွယ်ဖေးမမှု သို့ မဟုတ် မျှတတဲ့ တရားစီရင်မှုရမှာ မဟုတ်ကြောင်း သူမက ဆက်လက် ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၇ ရက်နေ့  ညပိုင်းက မော်စကိုရှိ တိုက်ခန်းတစ်ခုမှာ ညီအစ်မသုံးဖော်က ဖခင်ကို သတ်ခဲ့ကြပြီးနောက် ရဲကို ဖုန်းခေါ်ခဲ့ကြပါတယ်။ ကနဦး ထွက်ဆိုရာမှာတော့ ဖခင်က သူတို့ ကို တိုက်ခိုက်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့သဘောနဲ့  ပြန်တိုက်ခိုက် သတ်ဖြတ်ခဲ့ကြတာဖြစ်တယ်လို့  ယခုအခါ အသက် ၁၈၊ ၁၉ နဲ့  ၂၀ အရွယ်တွေဖြစ်ကြတဲ့ ညီအစ်မသုံးဖော်က ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်း စစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာတော့ သူတို့ ရဲ့ ကနဦး ထွက်ဆိုချက်ဟာ မမှန်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စုံစမ်းစစ်ဆေးသူတွေရဲ့ အစီရင်ခံချက် မှတ်တမ်းတွေအရ ဖခင်ဖြစ်သူဟာ သူတို့ အပေါ် အစီအစဉ်တကျ ရိုက်နှက်နှိပ်စက်ခြင်းတွေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ ရှိခဲ့တယ်လို့  ရိုက်တာက ဖော်ပြခဲ့ပါတယ်။

No comments:

Post a Comment