Saturday, July 13, 2019

နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရသူ၊ တရားရင်ဆိုင်နေရသူဦးရေ မြင့်တက်လာ

နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူဦးရေ မြင့်တက်လာကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇူလိုင် ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံ ရေးပုဒ်မများဖြင့် ဖမ်းဆီးထိန်း သိမ်းခံထားရသူနှင့် ထောင်ပြင်ပ မှ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၄၆၆ ဦးရှိကြောင်း ၂၀၁၉ ဇွန်လ ကုန်အထိ စာရင်းပြုစုထားချက် များကို ကိုးကား၍ AAPP အစီ ရင်ခံစာတွင် ဖော်ပြသည်။ မေလ ကုန်က ၃၈၈ ဦးသာရှိရာမှ ဇွန် လကုန်တွင်  လူ ၈၀ ခန့် တိုးလာ ခြင်းဖြစ်သည်။



နိုင်ငံရေးအကျဉ်းသား ၃၄ ဦး အကျဉ်းကျခံနေရပြီး တက်ကြွ လှုပ်ရှားသူ ၁၆၁ ဦးသည် ထောင် တွင်းမှနေ၍ တရားရင်ဆိုင်နေ ရကာ ၂၇၁ ဦးသည် ထောင်ပြင်ပ မှနေ၍ တရားရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း AAPP က ဖော်ပြ သည်။

 ဇွန်လအတွင်း ဖမ်းဆီး ထိန်းသိမ်းခံရသူ ၈၀ ကျော်ရှိပြီး ထိုထဲမှ အများစုသည် ရခိုင်ပြည် နယ်မှ အရပ်သားများဖြစ်ကြောင်း လည်း အစီရင်ခံစာတွင် ဖော်ပြ သည်။

မြန်မာနိုင်ငံ၏ တရားစီရင် ရေးနှင့်ပတ်သက်၍ မေးခွန်းထုတ် စရာများ ရှိနေဆဲဖြစ်ကြောင်း လည်း AAPP ပြောရေးဆိုခွင့်ရှိ သူများက ၎င်းတို့၏ အစီရင်ခံစာ နှင့်ပတ်သက်၍ မှတ်ချက်ပြု သည်။

 တိုင်းရင်းသားဒေသများ တွင် ဖြစ်ပွားနေသော ပဋိပက္ခများ ၏ အကျိုးဆက်ကြောင့် အရပ် သားများ ထိခိုက်နစ်နာမှုရှိနေ ခြင်း၊ နိုင်ငံရေးနှင့်နိုင်ငံသားအခွင့် အရေးများ ကန့်သတ်ထားမှုဆက် လက်ရှိနေခြင်း၊ လယ်ယာမြေရေး ရာကဏ္ဍ၌ အကျပ်အတည်းများ ကြောင့် အရပ်သားလယ်သမား များနှင့် လယ်ယာမြေအရေး လှုပ်ရှားသူများ၏ အခြေအနေကို AAPP က အစီရင်ခံစာတွင် အ ချက်အလက်များနှင့် ဖော်ပြထား သည်။

AAPP သည် ထောင်အတွင်း ရှိ နိုင်ငံရေးအကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများစာရင်းကို ၂၀၁၄ ဩဂုတ်က ရန်ကုန်မြို့၌ ပြုလုပ်သော ပါတီများ၊ နိုင်ငံရေး အကျဉ်းသားဆိုင်ရာအဖွဲ့အစည်း များနှင့် အရပ်ဘက်အဖွဲ့အစည်း များ၏ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော နိုင်ကျဉ်းအဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အခြေခံပြုစု ထားသည်။

‘‘၂၀၁၈ ခုနှစ် နှောင်းပိုင်းမှ စ၍ ရခိုင်ဒေသအတွင်း ပြင်းထန် သောတိုက်ပွဲများဖြစ်ပွားလာခြင်း နှင့်အတူ တိုင်းရင်းသားများကို ဖမ်းဆီး၊ တရားစွဲဆိုမှုများနှင့် သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း တဖြည်းဖြည်း မြင့်တက်နေ သည်။ ထို့ကြောင့် ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရအနေဖြင့် နှောင့်နှေးမှုမရှိစေဘဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက်ပါရန် တိုက်တွန်းအပ်ပါ သည်’’ဟု AAPP က ဖော်ပြတိုက် တွန်းသည်။

 ဇွန်လအတွင်း အမှုဖွင့် တရားစွဲဆိုခံရသူ ၇၆ ဦးရှိရာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် (ငြိမ်းစုစီ) ဥပဒေပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၇၊ ၅၀၀၊ ၅၀၅(က)၊(ခ)၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ၁၀၊ ၁၀/ ၁၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)၊ ပုဒ်မ ၅၂ (က)၊ ဖောက်ခွဲမှုဥပဒေတို့ဖြင့် အသီးသီးအမှုဖွင့်၊ တရားစွဲဆိုခံရကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ဇွန်လအတွင်း ပြစ်ဒဏ်ချ မှတ်ခံရသူ ထိုရှစ်ဦးအနက် တက် ကြွလှုပ်ရှားသူခုနစ်ဦးသည် ငြိမ်း စုစီဥပဒေပုဒ်မ ၁၈၊ ၁၉၊ ၂၀ ဖြင့်ပြစ်ဒဏ်ချမှတ်ခံရပြီး တက်ကြွလှုပ်ရှားသူတစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ပြစ် ဒဏ်ချမှတ်ခံရကြောင်း AAPP ကဆိုသည်။ ‘‘ကျွန်တော်တို့ဘက်က အ မြင်အရတော့ နိုင်ငံရေးပုဒ်မတွေ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ၊ အမှုရင်ဆိုင်နေရတာတွေက လယ်သမားတွေ၊ အလုပ်သမား တွေ၊ အရပ်သားတွေ ပိုများလာ တာ ထူးခြားချက်ပေါ့နော်။ ဒီမို ကရေစီခေါင်းစဉ်အောက်က သွား  နေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့တော့ ဒါတွေဟာ မေးခွန်းထုတ်စရာတွေ ဖြစ်လာတာပေါ့’’ဟု AAPP ရန် ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုး ကျော်က ပြောသည်။

No comments:

Post a Comment