Saturday, July 13, 2019

မန်းဝန်ကြီးချုပ် ရွေးကောက်ပွဲဝင်ရန် ရှိ၊ မရှိ မသိသေး

လာမည့် ၂၀၂၀ အ ထွေထွေရွေးကောက်ပွဲတွင် ၎င်း အနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ရှိ၊ မရှိလက်ရှိတွင် မသိသေးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်က ပြောသည်။ ဇူလိုင် ၁၂ ရက်က မန္တလေး တိုင်းလွှတ်တော် ကျင်းပအပြီး တွင် ပြောကြားခြင်းဖြစ်သည်။  ‘‘လူကြီးခိုင်းတာ လုပ်ရမှာ ပဲ။ ဘယ်နေရာမှာပဲနေပါဆိုရင် ခိုင်းတဲ့နေရာနေရုံပဲ။ ဘာမှမသိ နိုင်သေးဘူး။ နိုင်ငံရေးတာဝန်က တော့ ဆက်လုပ်နေရဦးမယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။



နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က လာမည့် အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပြော ကြားထားပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌဒေါက် တာ ဇော်မြင့်မောင်သည် ၀င် ရောက်ယှဉ်ပြိုင်ရန် ရှိ၊ မရှိမသိ သေးကြောင်းဆိုသည်။

သို့သော် နိုင်ငံရေးတာဝန် များ ဆက်လက်ဆောင်ရွက် မည်ဖြစ်ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကိုလည်း ဆက် လက်အနိုင်ရလိုကြောင်း ဒေါက် တာဇော်မြင့်မောင်ကပြောသည်။ ‘‘နိုင်ချင်တယ်ဆိုတာ ပါတီ အတွက်မဟုတ်ဘူး။ နိုင်ငံအ တွက်နိုင်ချင်တာ’’ ဟု ၎င်းကဆက် လက်ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် မန္တလေးမြို့ အမရပူရမြို့ နယ်မှပါဝင်ယှဉ်ပြိုင်ကာ တိုင်း ဒေသကြီးဝန်ကြီးချုပ်အဖြစ်ရွေး ချယ်တင်မြှောက်ခံထားရသူဖြစ် ပြီး နိုင်ငံတော်သမ္မတသည် တာ မွေမြို့နယ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် သည် ကော့မှူးမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာတွင်  ကျင်းပနိုင်ဖွယ်ရှိကြောင်း  ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ကပြောကြားထားသည်။

No comments:

Post a Comment