Saturday, July 13, 2019

ပြင်သစ်တွင် ရာနှင့်ချီသော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတို့က ကမ္ဘာကျော် ပန်သီယွန်ရှေးဟောင်းဗိမာန်အား စီးနင်းသိမ်းပိုက်။ နိုင်ငံသား” အင်္ကျီဝါ “ ကန့်ကွက်ဆန္ဒပြသူများ အတုခိုးကာ “ အင်္ကျီမည်း “ ဟု ကိုယ့်ဖာသာအမည်ပေး။ ပြင်သစ်နိုင်ငံတွင်း နေထိုင်ခွင့်ရရှိရေး ၀န်ကြီးချုပ်က လာရောက်တွေ့ဆုံရန် တောင်းဆို

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ရာနှင့်ချီသော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတို့က ပန်သီယွန် ရှေးဟောင်းဗိမာန်အား စီးနင်းသိမ်းပိုက်ပြီး ပြင်သစ်နိုင်ငံတွင်း နေထိုင်ခွင့်ရရှိရေးအတွက် တောင်းဆိုလျှက်ရှိသည်ဟု BBC က ယနေ့ရေးသားသည်။ေ သာကြာနေ့ နေ့လည်ပိုင်းတွင် ပြင်သစ်နိုင်ငံအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ အနောက်အာဖရိကဒေသဇာတိဖွားအများစုပါဝင်သော လူစုလူဝေးကြီးက ပါရီမြို့၏ ထင်ရှားသည့် ၁၈-ရာစုနှစ် ရှေးဟောင်း ဗိမာန်အား ၀င်ရောက်စီးနင်းသဖြင့် ကမ္ဘာလှည့်ခရီးသည်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဆို၏။



အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတို့သည် ပြင်သစ်နိုင်ငံတွင် ယခုနှစ်ဆန်းပိုင်း၌ စတင်ခဲ့သော နိုင်ငံသား “ အင်္ကျီဝါ “ အပတ်စဉ်ဆန္ဒပြသူများအတုခိုးကာ “ အင်္ကျီမည်း “ ဟု ၄င်းတို့ဖာသာ ကိုယ့်ကိုယ်ကို အမည်ပေးထားကြပြီး နိုင်ငံအတွင်း နေထိုင်ခွင့်ပေးရေးအတွက် ၀န်ကြီးချုပ်အိဒ်ဝဒ်ဖိလစ်ပီက လာရောက် တွေ့ဆုံရန် တောင်းဆိုကြောင်း သိရှိရသည်။

“ ပြင်သစ်နိုင်ငံတော်ကြီး၏ မျက်နှာမွဲများ၊ အထောက်အထားမဲ့ အကူအညီကင်းမဲ့နေသူများဖြစ်သည်။” ဟု ကြွေးကြော်ကာ ဆန္ဒပြလျှက်ရှိသော အင်္ကျီမည်းများသည် ပြည်တွင်းရေးရာဝန်ကြီး သို့မဟုတ် ၀န်ကြီးကိုယ်စားပြုသူများနှင့် မည်သို့မျှ တွေ့ဆုံညှိနှိုင်းလိမ့်မည်မဟုတ်ပဲ၊ ပြင်သစ်ဝန်ကြီးချုပ်ကိုယ်တိုင် ယခုချက်ချင်း တွေ့ဆုံ ပြောဆိုရမည်ဟု တောင်းဆိုလျှက်ရှိသည်။

ဆန္ဒပြလျှက်ရှိသည့် ရွှေ့ပြောင်းနေထိုင်သူများမှာ အင်အား ၂၀၀ ကျော် ၃၀၀ ခန့်ရှိပြီး ၄င်းတို့အနက် ၃၇-ဦးကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့ကပြောဆိုသော်လည်း လူ ၇၀၀ ခန့်ပါဝင်ကြောင်း တက်ကြွလှုပ်ရှားသူများနှင့် မျက်မြင်သက်သေတို့အဆိုအရ သိရှိရသည်ဟု Reuters က ဖော်ပြသည်။

ရှေးဟောင်း ရောမနှင့် ဂရိဗိသုကာ လက်ရာ ပန်သီယွန်ဗိမာန်မှာ အီမီလီဇိုလာ၊ ဗစ်တာဟူးဂိုးနှင့် အလက်ဇန္ဒား ဒူးမတ်စ်ကဲ့သို့ ထင်ရှားသော ပြင်သစ်စာရေးဆရာကြီးများနှင့် ရူပ-ဓါတုသိပ္ပံပညာရှင် မာရီကျူရီတို့၏ ရုပ်အလောင်းတို့ မြှုပ်နှံထားသည့် ကမ္ဘာကျော် သမိုင်းဝင်အဆောက်အအုံဖြစ်သည်။

အဆိုပါဗိမာန်မှာ အင်္ကျီမည်းများအား ရဲတပ်ဖွဲ့က နေရာရွှေ့ပြောင်းပေးချိန်တိုင်အောင် နာရီပေါင်းများစွာသိမ်းပိုက်ထားခြင်းခံရသည်။ ဗိမာန်အနီးတစ်ဝှိုက်တွင် အဓိကရုန်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များ ချထားသည်ကို မြင်တွေ့နေရကြောင်း သတင်း၌ ဖော်ပြသည်။

No comments:

Post a Comment