Saturday, July 13, 2019

မင်္ဂ္လာဒုံမြို့နယ် လှော်ကားသဘာဝဥယျာဉ်အကျော် လမ်းမဘေးခြုံတောအနီးတွင် ဆယ်ကျော်သက်အရွယ် အလောင်းသုံးလောင်းတွေ့ရှိ

မင်္ဂ္လာဒုံမြို့နယ် လှော်ကားသဘာဝဥယျာဉ်ကျော် လမ်းမဘေးခြုံတောအနီး သေဆုံးနေသည့် ဆယ်ကျော်သက်အရွယ် အလောင်းသုံးလောင်း ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ပုလဲအရန် မီးသတ်တပ်ဖွဲ့မှ သိရသည်။ သေဆုံးနေသူများမှာ ယောကျာ်းလေး နှစ်ဦးနှင့် မိန်းကလေးတစ်ဦးဖြစ်ပြီး ၁၅ နှစ်မှ ၁၈ နှစ် အရွယ်များဖြစ်ကြောင်း သိရသည်။ “ မနက် ၈ နာရီလောက်က ထောက်ကြန့်ရဲစခန်းက တာဝန်ရှိသူတွေက ဖုန်းဆက်ပြီး မင်္ဂ္လာဒုံမြို့နယ်၊ထောက်ကြန့်၊လှော်ကားလမ်းမ၊လှော်ကားဥယျာဉ်အကျော် လမ်းမဘေးခြုံတောအနီး သေဆုံးနေသည့် အလောင်းသုံးလောင်းတွေ့တယ်ဆိုလို့ လူနာတင်ယာဉ်နှစ်စီးနဲ့ တပ်ဖွဲ့ဝင် ၁၃ ယောက်က သွားကူညီခဲ့ပါတယ်
။သေဆုံးတဲ့အလောင်းသုံးလောင်းက အသက် ၁၅ ကနေ ၁၈ ကြားပါ။ယောက်ကျားလေး ၂ ယောက် မိန်းကလေး ၁ ယောက်ပါ။ ပြင်ပဒဏ်ရာတော့ မတွေ့ရပါဘူး။အနည်းငယ် ပွန်းပဲ့တာပဲရှိပါတယ်။ သူတို့ကို စစ်ဆေးဖို့ အလောင်းသုံးလောင်းကို ပုလဲလူနာတင်ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ အလောင် တွေက ရေစိုနေတာတွေ့ရတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောကြားသည်။ အခင်းဖြစ်ပွားရာနေရာအား ပြည်ထဲရေးဝန်ကြီးဌာန CID က လာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

No comments:

Post a Comment