Saturday, July 13, 2019

ရေဘေးကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်တစ်ထောင်ကျော် အရေးပေါ်စတင်ပြောင်းရွှေ့

ဧရာဝတီမြစ်ရေတက် လာခြင်းကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ရေ ကြီးမှုဖြစ်ပေါ်နေသည့် ကချင် ပြည်နယ် မြစ်ကြီးနားမြို့တွင် ရေ ကြီးမှုပိုဆိုးလာ၍ ယမန်နေ့ကစပြီး စစ်ရှောင် စခန်းနှစ်ခုမှ လူဦးရေ တစ်ထောင်ကျော် စတင် ပြောင်းရွှေ့နေကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC)မှ ဦးခါးလီက ပြောသည်။  ရေကြီးမှု ပိုမိုဆိုးရွားပါက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲမည့် စစ် ရှောင်စခန်းနှစ်ခုကို ပြောင်းရွှေ့ ရန် ပြည်နယ်အစိုးရကအကြောင်း ကြားလာသည့်အပေါ် ယင်းစစ် ရှောင်များအား ZION နှစ်ခြင်း ဘုရားကျောင်းသို့ ပြောင်းရွှေ့မှု  စတင်လုပ်ဆောင်နေခြင်းဖြစ် ကြောင်း ဦးခါးလီက ဇူလိုင် ၁၂ ရက် ညနေတွင်ပြောသည်။



‘‘ညတွေမှာ လမ်းတွေပိတ် ဆို့နိုင်မယ့်အနေအထားတွေရှိနိုင် တော့ အဲဒီလမ်းတွေ ပိတ်ဆို့သွား ရင် ကယ်ဆယ်ရေးခက်မယ်။ ပြီး တော့လည်း ညတွင်းချင်း ရေကြီး လာရင် အခက်အခဲကြုံလာနိုင်တဲ့ သဘောမျိုးနဲ့ ကြိုတင်ပြင်ဆင်တဲ့  သဘောမျိုးနဲ့ ပြောထားခြင်းဖြစ် တယ်။ အခုတချို့တွေ ကလေး တွေ၊ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေတော့ ပြောင်းရွှေ့နေပြီ’’ဟု ဦးခါးလီက ပြောသည်။

ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင် စခန်းများတွင် ရေကြီးမှုဆိုးရွားစွာ  သက်ရောက်မှု မရှိသော်လည်း  ကျေးရွာချင်းဆက်နေရာများနှင့်  မြို့မြေနိမ့်ပိုင်းတွင် ရေ၀ပ်ခြင်း များရှိနေ၍ ကယ်ဆယ်ရေးလုပ် နေရကြောင်း ဝိုင်းမော်မြို့နယ် မိုင်းနားစိန့်ဂျိုးဇက် စစ်ရှောင် စခန်းတာဝန်ခံ ဦးဂွမ်ဆိုင်းကပြောသည်။

‘‘ကျွန်တော်တို့ ဒီမှာ ကယ် ဆယ်ရေးလုပ်နေတာ သုံးရက်ရှိ ပြီ။ ကျွန်တော်တို့က ၀ိုင်းမော် ဘက်ခြမ်းပေါ့။ နောင်းချိန်းနဲ့ လဘန်ကြားမှာ။ ရွာချင်းဆက် တံတားမြုပ်တာ အကျယ်က ပေ ၄၀၀ ရာလောက်ရှိတယ်။ ၀ါး ဖောင်တစ်ဖောင်ရယ်၊ လှေနှစ်စီး ရယ်နဲ့ လုပ်နေတာ’’ ဟု ဦးဂွမ် ဆိုင်းက ဇူလိုင် ၁၂ရက်တွင် ပြောသည်။ ရေကြီးမှု ပိုမိုဆိုးရွားပါက မြစ်ကြီးနားရှိ မြေနိမ့်ပိုင်းနေရာ များ၌ တည်ဆောက်ထားသော ဒူကထောင်နှင့် ဇီးအွန်စစ်ရှောင် စခန်းများတွင် သက်ရောက်မှုများ ရှိနိုင်သည်ဟု ၎င်းကဆိုသည်။

No comments:

Post a Comment