Saturday, July 13, 2019

စီးတီးမှတ်ပုံတင်ရန်ကျန်သည့် တက္ကစီအစီးရေ ၅,၀၀၀ ကျော်ကို အရေးယူမည့်ကာလ သတ်မှတ်

 စီးတီးတက္ကစီမှတ်ပုံ တင်ရန် ကျန်ရှိနေသည့် အစီးရေ ၅,၀၀၀ ကျော်ကိုအရေးယူမည့် ကာလ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) ကသတ်မှတ်ခဲ့သည်။ ယခုနှစ် စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီး ၎င်း၏ ရုံးချုပ်တွင်စီးတီးတက္ကစီယာဉ်အ ဖြစ်မှတ်ပုံတင်ခြင်း၊ သက်တမ်း တိုးခြင်းဆောင်ရွက်ရန် YRTA က အသိပေးသည်။



သတ်မှတ်ကာလကျော်လွန် ပါက အရေးယူမည်ဖြစ်ပြီးတည် ဆဲဥပဒေများနှင့်အညီ ဆောင် ရွက်မည်ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင် အောင်က ယမန်နေ့တွင် ပြော သည်။ ‘‘တရားဝင် ပြေးဆွဲဖို့ဆိုရင် စီးတီးတက္ကစီက မှတ်ပုံမတင်လို့ မရဘူး။ သူတို့ကို တရားဝင်ပြေး စေချင်လို့ အခုလိုအခွင့်အရေးပေး လိုက်တာ’’ ဟု ဒေါက်တာမောင် အောင်က ဆိုသည်။

ရန်ကုန်မြို့တွင် တက္ကစီ  ခြောက်သောင်းကျော် အနက်  ၅,၀၀၀ ခန့်သည် စီးတီးတက္ကစီ မှတ်ပုံတင်ရန်ကျန်ရှိနေကြောင်း YRTA မှ တာဝန်ရှိသူများက ပြောကြားသည်။  စီးတီးတက္ကစီမှတ်ပုံတင် ခြင်းကို စီမံချက်ဖြင့် ၂၀၁၇ နိုဝင်ဘာတွင် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့၏ ညွှန်ကြား ချက်ဖြင့် စတင်ဆောင်ရွက်ခဲ့ သည်။ တက္ကစီယာဉ်များ စီးတီး တက္ကစီပြောင်းလဲခြင်းကို မြို့ တော်အင်္ဂါရပ်နှင့် အညီသန့်ရှင်း သပ်ရပ်မှုရှိစေရန်၊ တက္ကစီယာဉ် မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုကြီး ကြပ်ဆောင်ရွက်ရန်နှင့် ပြည် တွင်း၊ ပြည်ပခရီးသွားများ ငှား ရမ်းအသုံးပြုရာတွင် အဆင်ပြေ စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း YRTA ကဆိုသည်။

No comments:

Post a Comment