Saturday, July 13, 2019

မင်းတုန်းချောင်းရိုးအတွင်း မျောပါပျောက်ဆုံးနေသည့် ကျောင်းသူလေးဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ

ဇူလိုင် ၁၂ ရက်နေ့က မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင် စက်လှေတိမ်းမှောက်မှုကြောင့် ရေစီးနှင့် မျောပါပျောက်ဆုံးခဲ့သည့် ကျောင်းသူ(၄)ဦးအနက်တစ်ဦးကို ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီခန့်က သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ "စက်လှေမှောက်ပြီး ချောင်းရေနောက် မျောပါပျောက်ဆုံးခဲ့တဲ့ ကလေးတွေထဲက မဂျူးဂျူးဟန်(၉)တန်းကျောင်းသူကို မင်းတုန်းမြို့နဲ့ (၁၄)မိုင်လောက်အကွာက စကတဲ ကျေးရွာအနီးမှာ ပြန်လည်တွေ့ရှိခဲ့တာပါ၊။ သေဆုံးလျှက် တွေ့ရှိခဲ့ရတာပါ။ မိဘတွေကိုရောပြည်သူတွေကိုရော ပြောချင်တာက မိုးတွင်းကာလမှာ ကျေးလက်ဆက်သွယ်ရေးလမ်းကနေပဲ သွားလာကြဖို့ပြောချင်ပါတယ်" ဟု မင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောသည်။



မင်းတုန်းချောင်းတွင်း စက်လှေပြေးဆွဲနေမှုများမှာ လိုင်စင်နှင့် ပြေးဆွဲနေမှုများဖြစ်၍ မြို့ နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ နှင့်တိုင်ပင်ပြီး လိုအပ်သည်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မင်းတုန်းချောင်းအတွင် ထပ်မံရှာဖွေရမည့် ကျောင်းသူ(၃)ဦး ကျန်ရှိနေပြီး ၎င်းတို့အား ကူညီဆောင်ရွက်ရှာဖွေပေးရန်အတွက်ချောင်းအနီးပတ်ဝန်းကျင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပေးအကြောင်းကြားထားပြီး မြို့နယ်မှ ပူးပေါင်းအဖွဲ့များမှလည်း ချောင်းရိုးတစ်လျှောက် ထပ်မံရှာဖွေလျှက်ရှိနေကြောင်း သိရသည်။

No comments:

Post a Comment