Saturday, July 13, 2019

မြို့နယ် ၁၀ ခု ရေဘေးကြုံတွေ့နေ မိုးဆက်အားကောင်းနိုင်၍ ရေဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရန် ဒေါက်တာထွန်းလွင် ထပ်မံသတိပေး

ကချင်၊ စစ်ကိုင်းနှင့် မွန်ပြည်နယ်မှ မြို့နယ် ၁၀ ခု၌ ရေဘေးကြုံတွေ့နေစဉ် ဇွန်လ ၁၅ ရက်နောက်ပိုင်းကစ၍ သိသိ သာသာ မိုးအားကောင်းနိုင်သော ကြောင့် ရေဘေးကြိုတင်ကာ ကွယ်ရေး  စနစ်တကျဆောင်ရွက် ထားရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး သည်။ လတ်တလော၌ ကချင်ပြည် နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ဗန်း မော်၊ တနိုင်း၊ ဆော့လော်နှင့် ခေါင်လန်ဖူးမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီး၊ ကသာနှင့် ဟုမ္မ လင်းမြို့၊ မွန်ပြည်နယ် ဘီးလင်း မြို့တွင် လူဦးရေ ၄,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်း များတွင် ခိုလှုံနေရသည်။



ဧရာဝတီမြစ်ရေ စိုးရိမ်ရေ မှတ် အနီးရောက်နေသော မြစ် ကြီးနားမြို့တွင် ယခုနှစ်မြစ် ရေ မြင့်တက်သည့် ပုံစံအလွန် မြန် ဆန်သည်ဟု ဒေသခံများက ပြောသည်။ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမှတစ်ဆင့် အောက် ဘက်ဒေသများသို့ စီးဆင်းလာ မည်ဖြစ်ရာ မြစ်အောက်ပိုင်း မြို့များ ရေဘေးသတိပြုရန် လို အပ်နေသည်။ မြစ်ကြီးနား - ဗန်း မော်မြို့ကြား ကားလမ်းပိုင်းတွင် ရေကျော်မှုများဖြစ်နေ၍ ကယ် ဆယ်ရေးအဖွဲ့က လမ်းကြောင်း ပြသပေးနေရသည်။

‘‘မြစ်ကြီးနားက ဆင်းလာတဲ့ ရေတွေဟာ နောက် ငါးရက် လောက်ဆို မန္တလေးရောက်ပြီ။ မိုးကလည်း ဇူလိုင် ၁၅ ရက် နောက်ပိုင်းမှာ ပိုကောင်းလာမှာမို့ သတိထားရမယ့် အခြေအနေဖြစ် လာပြီ’’ ဟု ဒေါက်တာထွန်းလွင်က ဇူလိုင် ၁၂ရက်တွင် ပြောသည်။

ဇူလိုင် ၁၂ ရက် အခြေအနေ အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ ကသာ၊ ချင်းတွင်းမြစ်သည် ခန္တီး၊ ဟုမ္မလင်း၊ စစ်တောင်း၊ ကုလား တန်နှင့် ဘီးလင်းမြစ်သည် မဒေါက်၊ ကျောက်တော်၊ ဘီး လင်းမြို့များတွင် စိုးရိမ်ရေမှတ် အနီးမြင့်တက်နေ၍ ရေဘေး သတိပြုရန် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက သ တင်းထုတ်ပြန်ထားသည်။ လေး မြို့မြစ်ရေသည် မြောက်ဦးမြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေ ကျော်တွင် ရောက်ရှိနေသည်။

No comments:

Post a Comment