Saturday, July 13, 2019

ပြည်ထောင်စုလွှတ်တော်သို့တင်မည့် ခြေဥအစီရင်ခံစာ ထောက်ခံပွဲ မုံရွာတွင် ကျင်းပမည်

 ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းမည့် အခြေခံဥပဒေ မူကြမ်း အစီရင်ခံစာ ကြိုဆို ထောက်ခံပွဲ မုံရွာမြို့တွင် ကျင်းပ မည်ဖြစ်ကြောင်း ထောက်ခံဆန္ဒ ထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစိုးဝင်းဆွေက ပြောသည်။  အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်း မည့် အခြေခံဥပဒေမူကြမ်း အစီ ရင်ခံစာကို အောင်မြင်စွာ အတည်ပြုနိုင်ရန် ဇူလိုင် ၁၇ ရက်တွင် ဒေသခံပြည်သူ တစ်သောင်းခန့်က ထောက်ခံဆန္ဒထုတ်ဖော်မည်ဖြစ် သည်။



‘‘လာမယ့် ၁၇ ရက်မှာ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက အခြေခံဥပဒေမူကြမ်းကို ပြည် ထောင်စုလွှတ်တော်မှာ တင်တဲ့ ဟာ အောင်အောင်မြင်မြင်နဲ့ အ တည်ပြုနိုင်ဖို့ ဆန္ဒထုတ်ဖော်တာ ပါ’’ဟု ဦးစိုးဝင်းဆွေက ဆိုသည်။

မုံရွာမြို့အနီးဝန်းကျင်ရှိ မြို့နယ်များမှ ဒေသခံများ ပူးပေါင်းပါဝင်မည်ဖြစ်၍ ဆန္ဒထုတ်ဖော်ပွဲ တွင် လူတစ်သောင်းခန့် ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း အစီရင်ခံစာ ကြိုဆို ထောက်ခံပွဲနှင့် ပတ်သက်၍ မုံရွာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးညွန့်အောင်က ‘‘ကျွန် တော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးက လုပ်ရမှာပဲ။ ပြည်သူအားလုံးနဲ့လည်း ဆိုင် တယ်။ အားလုံးကလည်း စည်း စည်းလုံးလုံးတော့ လုပ်စေချင် တယ်။ ပြည်သူတစ်ရပ်လုံးက လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို မမေ့မလျော့ အားထည့်စေချင်ပါ တယ်’’ဟု ပြောသည်။

မုံရွာမြို့တွင် ပြည်သူတစ် သောင်းခန့်က ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ၌ မြို့တော်ခန်းမရှေ့ တွင် စုဝေးပြီး ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်း၊ ပေ ၈၀ လမ်းနှင့် သာစည်လမ်းမှ မြို့တော်ခန်းမ ရှေ့သို့ စီတန်းလှည့်လည်မည်ဖြစ် သည်။ အဆိုပါ လမ်းတစ်လျှောက် တွင် ‘အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာ အတည်ပြုပေးပါ၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေး မူကြမ်းအသစ်ကို အတည်ပြုပေး ပါ၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒအောင်ရမည်’ စသည် တို့ ကြွေးကြော်တောင်းဆိုမည်ဖြစ် ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးသို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့် ခွင့်ပြုချက်တင်ပြ လျှောက် ထားရာ၌ ဖော်ပြထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်က မုံရွာမြို့၌ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောင်နှင့်ချီသော ဒေသခံပြည်သူ များက ဆန္ဒထုတ်ဖော်တောင်းဆို ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဝန်းရံခဲ့ သည်။

No comments:

Post a Comment