Saturday, July 13, 2019

မင်းတုန်းမြို့နယ်တွင် ကူးတို့စက်လှေတိမ်းမှောက်၍ ကျောင်းသူ (၄)ဦး ပျောက်ဆုံး

မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့အမှတ်(၁)ရပ်ကွက်-ပေါက်ကိုင်းကျေးရွာ ကူးတို့စက်လှေသည် ယနေ့ ညနေ ၂ နာရီ၄၅မိနစ်ခန့်တွင် ပေါက်ကိုင်းကျေးရွာနေကျောင်းသားကျောင်းသူများ အပါအဝင်ခရီးသည် ၁၈ ဦး တင်ဆောင်ဆောင်ပြီးပေါက်ကိုင်းကျေး ရွာဘက်သို့ မောင်းနှင်သားစဉ်မင်းတုန်းချောင်းနှင့်မူးချောင်းဆုံ တွင်တိမ်းမှောက်ခဲ့ပြီး စက်လှေပေါ်ပါသူများ ရေစီးဖြင့်မျောပါသွားခဲ့သည်။
ရေစီးဖြင့်မျောပါသွားသူများအနက်အချို့မှာ ကမ်းဘက်ကူးနိုင်ခဲ့ကြပြီး အချို့မှာရေစီးဖြင့် ဆက်လက်မျောပါသွား၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးမှ ဦးဆောင်ပြီးမြို့နယ်မီးသတ် ဦးစီး အရာရှိ ဦးခင်ဇော်အောင်နှင့် တပ်ဖွဲ့င်များ၊ရဲတပ်ဖွဲဝင်များမှ ပြည်သူများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ ကူဖြူကျေးရွာနှင့်ပြောင်းပြာကျေးရွာအနီးတို့တွင် ကျောင်းသား(၁)ဦးနှင့်ကျောင်းသူ(၃)ဦးကယ်ဆယ်နိုင်ခဲ့ပြီး ကျောင်းသူ(၄)ဦးပျောက်ဆုံးလျှက်ရှိကာ မင်းတုန်းချောင်းတစ်လျှောက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ပြီးရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျှက်ရှိသည်။ အဆိုပါကျောင်းသားကျောင်းသူများမှာ မင်းတုန်းမြို့အထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြသူများဖြစ်ပြီးကျောင်းပိတ်၍ မိမိရွာသို့ ပြန်ကြခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment