Saturday, July 13, 2019

မြန်မာလိဂ် ပွဲစဉ် (၁၆) တွင် ရန်ကုန်နှင့် ဇွဲကပင် ၊ ရှမ်းနှင့် ဟံသာဝတီ ထိပ်တိုက်တွေ့

 မြန်မာလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၆) တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်နှင့် ဇွဲကပင်၊ ရှမ်းနှင့်ဟံသာဝတီအသင်းတို့  ထိပ်တိုက်တွေ့ဆုံနေသည်။  ၂၀၁၉ မြန်မာလိဂ် ပွဲစဉ် (၁၆) ကို ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တွင် သက်ဆိုင်ရာကွင်းများ၌ ကျင်းပမည် ဖြစ်သည်။ ယခုတစ် ပတ်တွင် ရန်ကုန်အသင်းသည် အိမ်ကွင်း၌  ဇွဲကပင်အသင်းကို လက်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။



ရန်ကုန်အသင်း အိမ်ကွင်း တွင် ယှဉ်ပြိုင်ရမည် ဖြစ်သော် လည်း ကစားပုံခန့် မှန်းရခက်သည့် ဇွဲကပင်အသင်းထံမှ အမှတ်ပြည့် ရရန် ရုန်းကန်ရဖွယ် ရှိသည်။ ဇွဲကပင်အသင်းသည် ပွဲစဉ်(၁၅) အပြီးတွင် ရမှတ် ၁၅ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၈)နေရာ ၌ ရပ်တည်နေသည်။

ရန်ကုန်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် အိမ်ကွင်း ပွဲစဉ်များ၌ ခြေစွမ်းပြနေပြီး ရှစ်ပွဲတွင် ငါးပွဲနိုင်၊ နှစ်ပွဲသရေကျကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။ ယင်းနှစ်သင်း ပထမအကျော့ တွေ့ဆုံစဉ် တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ယခုတစ်ပတ်တွင် အမှတ်ပေးဇယား ဒုတိယနေရာမှ ရှမ်းအသင်းက အဆင့်(၄)နေရာမှ ဟံသာဝတီ အသင်းကို အိမ်ကွင်း၌ ရင်ဆိုင်ရမည် ဖြစ်သည်။ နှစ်ပွဲဆက်ရှုံးနိမ့်ထားသည့် ဟံသာဝတီအသင်းသည် ယခုပွဲတွင် ရှမ်းအသင်းထံမှ အမှတ်ခွဲယူရန် ကြိုးစားမည်ဖြစ်ပြီး ယခုတစ်ပတ်၏ အကြိတ် အနယ်ပွဲ ကောင်းဖြစ်ဖွယ် ရှိသည်။ယင်းနှစ်သင်း ပထမအကျော့ တွေ့ဆုံစဉ် တစ်ဂိုးစီ သရေကျထား သည်။ မြန်မာလိဂ် ပွဲစဉ် (၁၆) အခြားပွဲများအဖြစ် မကွေးနှင့် ရတနာပုံ၊ ဧရာဝတီနှင့် ဒဂုံ၊ ဆောက်သမ်း မြန်မာနှင့် ရခိုင်၊ ချင်းလန်းနှင့် စစ်ကိုင်းအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။  ၂၀၁၉ MPT မြန်မာလိဂ် ပွဲစဉ် (၁၅) အပြီးတွင် ရန်ကုန်အသင်းက ရမှတ် ၃၀ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်ထားသည်။ ရှမ်းအသင်းက ၂၉ မှတ်ဖြင့် ဒုတိယ၊ ဧရာဝတီက ၂၇ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ ဒဂုံက ရမှတ်၁၃ မှတ်၊ ချင်းလန်းအသင်းက ကိုးမှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်နေသည်။

No comments:

Post a Comment