Saturday, July 13, 2019

ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် စိန်ခေါ်ချက်သုံးရပ်

 နိုင်ငံကျော်ဗစ်တိုးရီးယားအမှု တရားခံဖော်ထုတ်မှုအခြေအနေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှ ဒုရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ ကိုယ်တိုင်ထွက်၍ ရှင်းခဲ့ပါပြီ။ နိုင်ငံတော် သမ္မတအိမ်တော်၌ ဇူလိုင် ၅ ရက်တွင် သတင်းစာရှင်း လင်းပွဲတစ်ရပ်ပြုလုပ်၍ဖြစ်၏။ ကနဦးဖမ်းဆီးစစ်ဆေး၍ ဇူ လိုင် ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့ သည့် အောင်ကျော်မျိုး (ခ) အောင်ကြီးကို ၁၀ ရက်အကြာ တွင် အချက်လေးချက်ခိုင်မာမှုဖြင့် ပြန်လည်ဖမ်းဆီး၍ ဒက္ခိဏခရိုင် တရားရုံး၌ တရားစွဲတင်ပြီး နောက်တစ်နေ့၌ ဖြစ်သည်။



ကလေးနှင့်ပတ်သက်သော ဆေးစာပြန်ကြားချက်၊ မသင်္ကာတရားခံ အတွင်းခံဘောင်းဘီမှ တွေ့ရှိသည့် သုက်ပိုး၊ တရားခံ ယင်းနေရာသို့ ရောက်ရှိခဲ့ကြောင်း စီစီတီဗီတွေ့ရှိချက်၊  ပြုကျင့်သူ သည် ၎င်းပါဟု ကလေးငယ်ကိုယ် တိုင် စီစီတီဗီမှတ်တမ်းကို ကြည့် ၍ ပြောကြားချက်များကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

သို့သော် နိုင်ငံတော်သမ္မတ ရုံးအပါအ၀င် အစိုးရ၀န်ကြီးဌာနများ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ‘ဗစ်တိုးရီးယားအတွက် တရားမျှတမှု’ဆိုသော မှတ်ချက် ပြုမှုများရပ်မသွား၊ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ကြီးများ၌  လူတန်းစားအလွှာအသီးသီး ပါ ၀င်သော ချီတက်ဆန္ဒပြမှုများက လည်းရှိနေဆဲဖြစ်ပါသည်။

တရားခံပေါ်ပြီဟု ရဲတပ်ဖွဲ့က ကြေညာထားပြီးဖြစ်သော အမှုအပေါ် မည်သည့်အတွက် တရား မျှတမှုကို ထပ်မံတောင်းခံနေရပါသနည်း။ ဗစ်တိုးရီးယားအမှုကို  တရားရုံးက စတင်စစ်ဆေးမည့် ဇူလိုင် ၁၅ ရက်မတိုင်မီ ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် မီဒီယာများ၌  ထုတ်ဖော်ပြောဆိုမှုများမှ တစ် ဆင့် အများပြည်သူပြောဆိုနေ သော အကြောင်းအရာအများအ ပြားရှိနေပါသည်။

ယင်းတို့အနက် အမှုမှန်ပေါ် ပေါက်ရေး၊ ကျူးလွန်ခံရသူအ တွက် တရားမျှတမှုရရှိရေးအဓိက ကျနေသည်ဟု ထောက်ပြပြော ဆိုနေကြသည့် ကိစ္စများထဲမှအ ချို့ကို ဘာသာရပ်အလိုက်ကျွမ်း ကျင်သူများ၏ ပြောစကားအချို့ ဖြင့် ချဉ်းကပ်ကြပါစို့။

သက်သေခိုင်လုံမှု

ရဲတပ်ဖွဲ့က အောင်ကြီး သည် Wisdom Hill မူကြိုကျောင်း ဆောင်အတွင်း  ပြစ်မှုကျူးလွန်ခဲ့ သည်ဟု ထုတ်ဖော်ပြောဆိုထား သော်လည်း အဆိုပါကျောင်း၏ ကျောင်းအုပ်၊ ဗစ်တိုးရီးယား၏ အတန်းပိုင်ဆရာမ နှစ်ဦးနှင့် ကျောင်းကြီးကြပ်ရေးမှူးတို့က  မဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြော ဆိုထားသည်။

အထက်ပါ ကျောင်းဘက်က မျက်မြင်သက်သေအချို့မှာ တ ရားရုံးတွင် ဗစ်တိုးရီးယားဘက်မှ သက်သေထွက်ဆိုမည့် စာရင်း  တွင် ပါဝင်နေ၍ တရားလိုပြသက် သေအချို့နှင့် ရဲတပ်ဖွဲ့၏ သက် သေပြချက်ကွဲလွဲမှုများက အဓိက  စိန်ခေါ်မှုဖြစ်လာနိုင်ကြောင်း သုံး  သပ်ပြသူတို့ရှိနေသည်။

တရားရုံးသို့ စွဲတင်လိုက်ပြီး မှ တရားခံမှားယွင်းမှုတွင် နှစ်မျိုး ရှိပြီး စွဲဆိုခြင်းနှင့် အထောက် အထား ကွင်းဆက်ပြတ်ခြင်းတို့ ကြောင့် ဖြစ်လေ့ရှိကြောင်းတရား လွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ရှင်းပြသည်။

‘‘တမင်တကာလုပ်ပြီး စွဲ တယ်ဆိုရင်တော့ လီဆယ်မှု မြောက်တယ်လေ။ လီဆယ်မှု မြောက်ပြီး အမှုစစ်တွေက ရှင်းရ မယ့်တာဝန်ရှိတာပေါ့။ ရဲစစ်တုန်း က ကွင်းဆက်မိနေတယ်။ ကွင်း ဆက် သက်သေတစ်ယောက်က တစ်နေရာမှာ ကွင်းဆက်ပြတ် သွားတယ်။ သူ့ရဲ့ထွက်ချက်က တစ်မျိုးဖြစ်ချင်လည်း ဖြစ်မယ်ဆို ရင်တော့ တရားရုံးကဘယ်လိုဆုံး ဖြတ်မလဲ၊ သူ့အပေါ် မူတည်တာ ပေါ့’’ဟု ၎င်းကသုံးသပ်သည်။

ပုဒ်မ မှန်ကန်မှု

ရဲတပ်ဖွဲ့က အောင်ကြီးကို ပုဒ်မ ၃၇၆ဖြင့် တရားစွဲဆိုထား ကြောင်း ဒက္ခိဏခရိုင် ဒုတိယ တရားသူကြီးဦးညိုဌေးက ပြော ကြားထားသည်။ သို့သော်ဒုရဲချုပ် က အောင်ကြီးသည် လက်ဖြင့်ပြစ် မှု ကျူးလွန်ခဲ့သည်ဟုဆိုထား၍ စွဲ ဆိုထားသည့်ပုဒ်မအပေါ်  တရား သူကြီးဟောင်း၊စာရေးဆရာ  ပြေ လွင်မြင့်က မေးခွန်းထုတ်သည်။

‘‘ရာဇသတ်ကြီးပုဒ်မ- ၃၇၅ ဖြစ်တဲ့ မုဒိမ်းမှုရဲ့ဖွင့်ဆိုချက်မှာ ယောက်ျား၏ အင်္ဂါဇာတ်သည် မိန်းမ၏အင်္ဂါဇာတ်တွင် သွင်း ၀င်မိလျှင် မုဒိမ်းမှုကျူးလွန်ခြင်းအ တွက် လိုအပ်တဲ့ကာမစပ်ယှက် မှုမြောက်ရန် လုံလောက်သည်လို့ ဆိုထားတယ်ဗျ။ မိန်းမရဲ့အင်္ဂါ ဇာတ်ကို လက်နဲ့ဖြစ်ဖြစ်၊ ခြေမ နဲ့ဖြစ်ဖြစ်၊ သွင်းလိုက်တာမျိုးက  မုဒိမ်းမှုပြုဖို့ အားထုတ်မှုမြောက် ကောင်းမြောက်နိုင်ပါတယ်။ ပုဒ်မ ၃၇၆ အရ မုဒိမ်းမှုမြောက်တယ်  လို့တော့ ဘယ်ဥပဒေပညာရှင်က မှ ရေးတာ၊ ပြောတာ၊ စီရင်ထုံးဖွဲ့ တာမတွေ့မိပါဘူးဗျာ။ အင်္ဂါ ဇာတ်တစ်ခုကို အဂါင်္ဇာတ်တစ်ခုနဲ့ ထိုးသွင်းမှသာ ပုဒ်မ-၃၇၆ နဲ့အ ကျုံးဝင်တယ်ဆိုတာ တရားဥပဒေ နယ်က လူတိုင်းသိပါတယ်’’ဟု  ၎င်းက ဆိုသည်။

မသေချာလျှင်

သို့သော် တရားရုံးစစ်ဆေး နေဆဲ အမှုဖြစ်ပါက မဝေဖန်လို ကြောင်း ၎င်းကဆက်လက်ပြော သည်။

‘‘တရားခံတစ်ဦးဦးကို တ ရားစွဲတင်ပြီးတဲ့နောက်  တရားရုံး က အဲဒီအမှုကိုစစ်ဆေးနေတုန်း ပေါ်ပေါက်လာတဲ့ သက်သေခံ ချက်တွေအရ ပြစ်မှုနဲ့ငြိစွန်းတဲ့ တရားခံတစ်ဦးဦး ပေါ်ပေါက် လာမယ်ဆိုပါတော့။ အမှုလိုက် ဥပဒေအရာရှိရဲ့ လျှောက်ထား ချက်အရပဲဖြစ်ဖြစ်၊ အမှုစစ်တ ရားသူကြီးရဲ့ ဆုံးဖြတ်ချက်အရပဲ ဖြစ်ဖြစ်၊ နောက်တိုးတရားခံအ ဖြစ် အဲဒီအမှုမှာ ထည့်သွင်းစစ် ဆေးပြီး တရားမျှတတဲ့အတိုင်း  ဆုံးဖြတ်နိုင်ပါတယ်။ လုပ်ထုံး လုပ်နည်းအရ အဲဒီလိုအတွေ့အ ကြုံရှိဖူးတယ်’’ဟု၎င်းကဆိုသည်။

ထို့အပြင် တရားခံအစစ်ကို  နောက်တိုးတရာခံအဖြစ်  အမှု တစ်ခုအတွင်း၌ပင် အတူစစ်ဆေး ပြီး အပြစ်ပေးနိုင်သည့်  သက်သေ လုံလောက်စွာတွေ့ရှိသူကိုအပြစ် ပေး၊ အပြစ်မရှိသည့် တရားခံကို  လွှတ်ပေးသည့် နည်းလမ်းကို လည်း အသုံးပြုနိုင်ကြောင်း၊ သို့ သော် ဖြစ်ခေါင့်ဖြစ်ခဲ၊ ကြုံခေါင့် ကြုံခဲ အခြေအနေဖြစ်ကြောင်း အထက်ပါ တရားသူကြီးဟောင်း က ရှင်းပြသည်။

‘‘ရဲတပ်ဖွဲ့က တရားခံလို့ ထင်မြင်ယူဆရတဲ့သူကို တရားစွဲ တင်လိုက်ပြီး တရားရုံးက ပြစ်မှု ထင်ရှား မတွေ့ရှိလို့အမှုကလွှတ် လိုက်တဲ့အခါ အရင်တုန်းကတော့  ရဲချုပ်တို့၊ ပြည်ထဲရေးဝန်ကြီးတို့ က တရားစွဲတင်တဲ့ရဲအရာရှိ၊အမှု စစ်အရာရှိ(Investigative Offi- cer) အိုင်အိုပေါ့ဗျာ။ သူ့ကို ရဲ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ အရ အရေးယူတာမျိုးရှိဖူးတယ် လို့သိရပါတယ်။ အခုတော့ အဲဒီ လိုအရေးယူမှုမျိုး လုပ်သေးလား၊ မလုပ်တော့ဘူးလား မသိတော့ ပါ’’ဟု ၎င်းကပြောသည်။

တရားရုံးတစ်ခုတွင် ရဲတပ် ဖွဲ့က တရားစွဲတင်ပြီး သက်သေခံ မခိုင်လုံ၍ လွှတ်မြောက်သွား သည့် တရားခံများစွာရှိသော် လည်း လွတ်မြောက်သည့်တရားခံ များက ကျေနပ်သွားတတ် ကြောင်း၊ နစ်နာသည်ဆိုကာ ရဲ တပ်ဖွဲ့ကို ပြန်လည်တရားစွဲဆိုမှု မျိုး ၎င်း၏အတွေ့အကြုံအရတစ်ကြိမ်မျှမရှိခဲ့ဖူးကြောင်းတရား သူ ကြီးဟောင်း ဦးပြေလွင်မြင့်က ဆို သည်။ ‘‘တရားရုံးဆိုတာ ရဲတပ်ဖွဲ့ က တရားစွဲတင်တဲ့အမှုမှာ စွပ်စွဲ ခံရသူကို အပြစ်ရှိ၊ မရှိစစ်ဆေးစီ ရင်တဲ့ရုံးဖြစ်ပြီး တရားခံဘယ်သူ လဲဆိုတာ စုံစမ်းစစ်ဆေးဖော် ထုတ်တဲ့ (Investigative)လုပ်တဲ့  ဌာနမဟုတ်တဲ့အတွက် အဲဒီလို  မျှော်လင့်ဖို့ အခွင့်အလမ်းက  တော်တော်နည်းပါတယ်။ ဒါ ကြောင့် ရဲဆိုတာ ပထမဆုံးတရား သူကြီးဖြစ်တယ်လို့ ပြောလေ့ရှိ ကြတာပေါ့ဗျာ။ သူက မှန်မှန်ကန် ကန် လုပ်ခဲ့ဖို့လိုတာပေါ့’’ ဟု  ၎င်း က ရှင်းပြပါသည်။

No comments:

Post a Comment