Saturday, July 13, 2019

အာဖရိကနိုင်ငံများဖလား အကြိုဗိုလ်လုပွဲသို့ တူနီးရှားနှင့် အယ်လ်ဂျီးရီးယားတက်ရောက်

အီဂျစ်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေသော အာဖရိကနိုင်ငံများဖလားတွင် တူ နီးရှားနှင့် အယ်လ်ဂျီးရီးယားအ သင်း အကြိုဗိုလ်လုပွဲတက်ရောက် ခဲ့သည်။ တူနီးရှားက မာဒါဂါစကား ကို သုံးဂိုးပြတ်အနိုင်ရခဲ့ပြီး ၂၀၀၄ နောက်ပိုင်း အာဖရိကဖလားအ ကြိုဗိုလ်လုပွဲသို့ ပထမအကြိမ် တက်ရောက်ခြင်းဖြစ်သည်။



အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံ မာဒါဂါစကားသည် ကမ္ဘာ့အဆင့် (၁၀၈) ရှိပြီး အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲတွင် ပွဲဦးထွက်ဝင် ရောက်ကစားခွင့်ရကာ အဖြည့်ခံ အဖြစ် ရှုမြင်ခံရသော်လည်း ၁၆ သင်းရှုံးထွက်အဆင့်ကိုကျော်လွန် ကာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့သည်။

‘‘ကျွန်တော်တို့ အတွက် တော့ တူနီးရှားက တော်တော် လေးတောင့်တင်းတဲ့အသင်းပါ။ သူတို့က အသင်းလိုက်စည်းလုံး ညီညွတ်မှု တော်တော်လေး ကောင်းပါတယ်။ ဒီပြိုင်ပွဲမှာ စွမ်း ဆောင်ပြခဲ့တာတွေအတွက် ကျွန် တော့်ကစားသမားတွေအပေါ် ဂုဏ်ယူပါတယ်။ သူတို့ကိုဆလံ သပါတယ်’’ ဟု မာဒါဂါစကား နည်းပြနီကိုလက်စ်ဒူပစ်က ပြော သည်။

(၁၆) သင်းရှုံးထွက်အဆင့် တွင် ဂါနာကို ပင်နယ်တီအဆုံးအ ဖြတ်ဖြင့်အနိုင်ရခဲ့သော တူနီးရှား သည် ဇူလိုင် ၁၄ ရက်၌ ဆီနီဂေါနှင့် အကြိုဗိုလ်လုပွဲ ကစားမည် ဖြစ်သည်။

အခြားကွာတားဖိုင်နယ်ပွဲ စဉ်တွင် အယ်လ်ဂျီးရီးယားကအိုင် ဗရီကို့စ်ကို ပင်နယ်တီအဆုံးအ ဖြတ် ၄-၃ ဂိုးဖြင့်အနိုင်ရခဲ့သည်။

သာမန်ပွဲကစားချိန် တစ်ဂိုး စီသရေကျနေသောကြောင့် ပင် နယ်တီအဆုံးအဖြတ်ခံယူရာတွင် အနိုင်ရခဲ့သော အယ်လ်ဂျီးရီးယား သည်၁၉၉၀ နောက်ပိုင်း အာဖ ရိကဖလားပထမဆုံးရရှိရန် ကြိုး ပမ်းမည်ဖြစ်သည်။

ပင်နယ်တီကန်သွင်းရာတွင် အိုင်ဗရီကို့စ်ဝါရင့်ကစားသမား များဖြစ်သော ဘိုနီနှင့်ဆီရေးဒိုင်း တို့ လွဲချော်ခဲ့သည်။ မန်စီးတီးတိုက်စစ်မှူး မာ ရက်ဇ်ဦးဆောင်သော အယ်လ်ဂျီး ရီးယားအနေဖြင့် အကြိုဗိုလ်လုပွဲ တွင် နိုင်ဂျီးရီးယားနှင့်ယှဉ်ပြိုင် မည်ဖြစ်သည်။

No comments:

Post a Comment